ဘယ်လောက်ဖိုးပဲစားစား စုစုပေါင်းငွေတန်ဖိုးကို (၅၀%)လျှော့ပေးမယ့် ကြေးအိုးဘုရင်…

အစားအသောက်ကောင်းတွေမှာ ဘယ်လောက်ပဲနစ်မျောပျော်ဝင်နေပါစေ တစ်ပြန်တစ်လှည့်ပြန်ပြန်ငေးမောမိတဲ့ အစားအစာလေးကတော့ “ကြေးအိုး”ပါပဲ ? မင်မင်ဆိုရင်တော့ ကြေးအိုးပုံလေးမြင်ရုံနဲ့ကို သွေးရူးသွေးတန်းတောင့်တမိတဲ့အထိပါပဲ။ အစားတစ်လိုင်းတို့ထဲမှာလည်း မင်မင့်လိုမျိုးကြေးအိုးပုံလေးမြင်ရုံနဲ့ကို သွားရည်ကျမိတဲ့သူတွေရှိနေပြီလား ? ရှိနေပြီဆိုရင်တော့ ယူတို့အားလုံးဟာကြေးအိုးခရေဇီဆိုတာ ငြင်းလိုမရတော့ဘူးနော် ? ကြေးအိုးအရမ်းကြိုက်တဲ့သူတိုင်း ကြေးအိုးဘုရင်ဆိုတဲ့ဆိုင်လေးကိုတော့ ကျိန်းသေသိကြမှာပါ ? ကြေးအိုးဘုရင်ဆိုတာ (၁၉၆၈)ခုနှစ်ကတည်းက ထူးခြားတဲ့အရသာဓာတ်တွေနဲ့ စားသုံးသူတွေကိုဖမ်းစားနိုင်ခဲ့တဲ့ဆိုင်လေးပါ။

ကြေးအိုးဆိုင်တွေအများကြီး ပေါ်ပေါက်လာခဲ့ပေမယ့် ဒီဆိုင်လေးရဲ့အရသာက မူလအတိုင်းကောင်းမွန်နေတာမို့ ခုချိန်ထိတိုးတိုးကြိတ်ကြိတ် လူကြိုက်များဆဲဆိုင်လေးပါ။ ဒီဆိုင်လေးကတော့ အောက်တိုဘာလ(၁)ရက်နေ့ဆို နှစ်(၅၀)ရွှေရတုမင်္ဂလာတိုင်ပြီဖြစ်ပါတယ်။ ရွှေရတုအထိမ်းအမှတ်အနေနဲ့ အောက်တိုဘာလ(၁)ရက်နေ့မှာ ဘယ်လောက်ဖိုးပဲစားစားကျသင့်ငွေရဲ့ (၅၀%)ပဲပေးရမှာဆိုတော့ တကယ့်ကိုလက်မလွှတ်သင့်တဲ့အခွင့်အရေးပါပဲနော်။ တစ်ပွဲတန်ဖိုးပေးပြီး နှစ်ပွဲကြိတ်လို့ရမှာဆိုတော့ တွေးရင်းနဲ့တောင်ဗိုက်တော်ဆာလာပြီ ? မင်မင်ကတော့ အဲ့နေ့လေးကိုမေ့သွားမှာစိုးလို့ calendar မှာ Remind လုပ်ထားပြီးပြီနော် ? လတ်တလောစားချင်စိတ်တွေကို မရမနေဖုံးဖိထားပြီး အောက်တိုဘာ(၁)ရက်နေ့မှပဲ အမုန်းဆွဲတော့မယ် ?

ဒီလို(၅၀%)နှုန်းသက်သာပြီး သွားစားဖို့အတွက် ဆိုင်လိပ်စာတွေကိုလည်း မေ့မပစ်လိုက်ပါနဲ့နော် ?

(၁)_အမှတ်(၁၆၈/၁၈၈) ၊ အခန်း(၁) ၊ (၂၇)လမ်း ၊ အပေါ်ဘလောက် ၊ ပန်းပဲတန်းမြို့နယ်(Junction Cityဘေး)

(၂)-အမှတ်(၁၈၅) ၊ (၃၆)လမ်း ၊ အလယ်ဘလောက် ၊ ကျောက်တံတားမြို့နယ်။

(၃)-အမှတ်(၃၇၈) ၊ (၃၇/၃၈)လမ်းကြား ၊ မဟာဗန္ဓုလလမ်း ၊ ကျောက်တံတားမြို့နယ်။

 

Image Source: www.facebook.com/kyay-ohbayin

Leave A Comment

Your email address will not be published. Required fields are marked *