နူးညံ့အိစက်တဲ့အသားလုံးလေးတွေပါဝင်အားဖြည့်ထားတဲ့ ကျိုင်းတုံဝက်သားလုံးခေါက်ဆွဲဆိုင်…….

Foodies Navi ကနေမြန်မာနိုင်ငံအနှံ့အပြားမှာရှိတဲ့  ? ?  စားသောက်ဆိုင်တွေအကြောင်းလမ်းညွှန်ပေးနေရာကနေ  ?? ??  အခုအခါမှာတော့ တောင်ကြီးမြို့ကိုရောက်ရင်မဖြစ်မနေသွားစားသင့်တဲ့  ? ? ?  ကျိုင်းတုံဝက်သားလုံးခေါက်ဆွဲဆိုင်လေးအကြောင်းကို ပြောပြပေးချင်ပါတယ်။  ? ?  ဆီချက်ခေါက်ဆွဲ ၊ ရှမ်းခေါက်ဆွဲ ၊ ရေစိမ်ခေါက်ဆွဲ ၊ ဂျုံခေါက်ဆွဲ ၊ ညှပ်ခေါက်ဆွဲတွေကိုထူးထူးခြားခြား  ? ?  နူးညံ့အိစက်တဲ့အသားလုံးလေးတွေနဲ့ သုံးဆောင်ရတာကြောင့်  ? ?  စားသုံးသူတိုင်းကို တမူဆန်းပြားတဲ့အရသာပေးစွမ်းနိုင်မယ့် ဆိုင်လေးဖြစ်ပါတယ်။  ? ?  ကျိုင်းတုံဝက်သားလုံးခေါက်ဆွဲဆိုင်ရဲ့လိပ်စာကတော့/၁၃၉ ၊ တက်ခေတ်လမ်း ၊ လမ်းမတော်ရပ် ၊ တောင်ကြီးမြို့ဖြစ်ပါတယ်။  ? ? ?

ဒီဆိုင်လေးမှာဆိုရင်တော့? ဂျုံခေါက်ဆွဲအရည် ၊  ? ဆီချက်ခေါက်ဆွဲ ၊  ?  ဖက်ထုပ်ပြုတ် ၊  ?  ဖက်ထုပ်ဆီချက် ၊  ?  ညှပ်ခေါက်ဆွဲအရည် ၊ ညှပ်ခေါက်ဆွဲသုပ် ၊ ရှမ်းခေါက်ဆွဲအရည် ၊ ရှမ်းခေါက်ဆွဲသုပ် ၊ ရေစိမ်ခေါက်ဆွဲအရည် ၊ ရေစိမ်ခေါက်ဆွဲအသုပ် ၊ ယိုးဒယားသာကူကျို ၊ မိုင်းပန်ဆန်လုံးဆီကြော်အဆိမ့်နဲ့အချို ၊ တို့ဟူးခေါက်ကြော် ၊ ဖက်ထုပ်ပြုတ်နံရိုးပေါင်း ၊ ကြက်ခြေထောက်စွပ်ပြုတ် ၊ ဝက်ခေါက်ကြော် ၊ ဝက်နံရိုးပေါင်း ၊  ? ဝက်သားလုံး ၊  ?  ကြက်သားလုံး ၊ ကြက်သားပေါင်းစတဲ့နူးညံ့တဲ့ခေါက်ဆွဲသားကို  ? ? ?  လတ်ဆတ်တဲ့အသီးအရွက်အသားတွေနဲ့စီမံပြုလုပ်ထားတဲ့ အစားအစာတွေကိုရရှိနိုင်မှာပဲဖြစ်ပါတယ်။ ? ?

ကျိုင်းတုံဝက်သားလုံးခေါက်ဆွဲဆိုင်လေးမှာ  ? ?  လူကြိုက်အများဆုံးကတော့  ?  ဝက်သားလုံးဆီချက်ခေါက်ဆွဲပဲဖြစ်ပါတယ်။ ထူးခြားတဲ့နူးနူးအိအိဝက်သားလုံးလေးတွေဟာ  ? ?  စားကြည့်လိုက်တာနဲ့ ဝက်သားလုံးကြားထဲကအရသာရည်လေးတွေ  ? ?  လျှာပေါ်ကိုယိုစိမ့်ထွက်ကျလာပြီး တွဲဖက်စားသုံးမယ့်ခေါက်ဆွဲသားရဲ့အရသာကို   ? ?  ပိုမိုကောင်းမွန်သွားစေဖို့အတွက် ပံ့ပိုးကူညီပေးနိုင်ပါတယ်။  ?  ညှပ်ခေါက်ဆွဲလေးဟာလည်း မြေပဲမှုန့်ပါဝင်မှုကြောင့်    ရနံ့သင်းသင်းလေးနဲ့ မုန်ညင်းချဉ်စပ်စပ်လေးရယ်  ? ?  ငရုတ်သီးချဉ်လေးရယ် တွဲဖက်အားဖြည့်လိုက်တဲ့အခါမှာတော့   ? ?  ရှူးရှူးရှဲရှဲနဲ့ထိမိတဲ့ အရသာထူးကိုဆွတ်ခူးရရှိနိုင်မှာပဲဖြစ်ပါတယ်။ ? ?   ဒါကြောင့်တောင်ကြီးမြို့ကိုရောက်လို့ ဒီဆိုင်လေးကိုရောက်ဖြစ်ခဲ့မယ်ဆိုရင်တော့  ? ?  ဝက်သားလုံးဆီချက်ခေါက်ဆွဲနဲ့ ညှပ်ခေါက်ဆွဲသုပ်လေးကို မဖြစ်မနေစားကြည့်စေချင်ပါတယ်။  ? ?  ဆိုင်ဖွင့်ချိန်ကတော့    မနက်()နာရီကနေ ညနေ()နာရီအထိပဲဖြစ်ပါတယ်။

 

 

Image Source : www.facebook.com/ကျိုင်းတုံဝက်သားလုံးခေါက်ဆွဲဆိုင်

Leave A Comment

Your email address will not be published. Required fields are marked *