ထိုင်းနိုင်ငံက နာမည်ကြီး Street Food ဖြစ်တဲ့ “ကွေ့ချပ်”ကို သာကေတ Capital မှာစားလို့ရပြီနော်

Capital က ကွေ့ချပ်သွားစားပြီးကြပြီလားအစားတစ်လိုင်းတို့ရေ ? ထိုင်းနဲ့စင်ကာပူမှာနာမည်ကြီးတဲ့ကွေ့ချပ်ကို ရန်ကုန်မှာလည်းရနေပြီဆိုတော့  အစားတစ်လိုင်းတို့ သွားစားကြည့်နိုင်အောင် ” Kway Chap Noodle “ဆိုင်လေးအကြောင်း ပြောပြပေးချင်ပါတယ်။ ဝက်သားအစိတ်အပိုင်းစုံစုံလင်လင်ကို သန့်စင်အောင်ပြုလုပ်ပြီး အရည်အရသာအနေနဲ့ စွတ်ပြုတ်လေးလိုမျိုး ချက်ပြုတ်ပြင်ဆင်ပေးထားတာမို့ မြန်မာခံတွင်းနဲ့အင်မတန်လိုက်ဖက်တဲ့ အစားအစာပါ။ ဝက်အူ ၊ လျှာ ၊ အသား ၊ အသည်း ၊ အသွေးစတဲ့အမျိုးပေါင်း (၂၀)လောက်သုံးပြီး ပြုလုပ်ပေးထားတာမို့ ဝက်သားကိုအသည်းအသန်ကြိုက်တဲ့ အစားတစ်လိုင်းတို့အတွက် မနားတမ်းစားနေမိမှာအသေအချာပါပဲ။

 

Kway Chap Noodle မှာတော့ ကွေ့ချပ်ကို အရည်ရောအသုပ်ပါရနိုင်သလို ဆန်စီးနဲ့ကြာဇံဆိုပြီးလည်း ရွေးချယ်လို့ရနိုင်ပါသေးတယ်။ ကြာဇံရောခေါက်ဆွဲရော မကြိုက်ဘူးဆိုရင်လည်း ဝက်သားအစုံလေးနဲ့စားလို့ရသေးတယ်နော်။ ဝက်သားရဲ့လတ်ဆတ်သန့်ရှင်းမှုက ပြောစရာမလိုအောင်ကောင်းမွန်ပြီး အရသာကရှယ်ဂွတ်တော့ တစ်ခါစားဖူးရုံနဲ့ကွေ့ချပ်မှကွေ့ချပ်ဖြစ်သွားမှာပါ။ ဆန်စီးနဲ့စားရင်လည်း အိအိဖတ်ဖတ်လေးစားရသလို ကြာဇံဖတ်နဲ့ဆိုရင်လည်း နူးနူးညံ့ညံ့လေးစားရပြီး ဝက်သားရဲ့အနှစ်အရသာအပြည့်ပါတော့ ဝက်သားအသည်းကျော်တွေအတွက်တော့ စွဲပြီးရင်းစွဲပါပဲ။

ကွေ့ချပ်ကိုအသုပ်ပဲစားစား အရည်ပဲစားစား(၃၀၀၀)ကျပ်ပဲဆိုတော့ ဈေးနှုန်းလေးလည်းမဆိုးဘူးပြောရမယ်။ သာကေတ Capital ဆိုတော့သွားရတာနည်းနည်းထောက်လို့ ကိုယ်တိုင်သွားမစားချင်ဘူးဆိုရင်လည်း Home Delivery System ရှိတယ်ဆိုတော့ အချိန်ကုန်အပင်ပန်းခံပြီး သွားစားနေစရာမလိုတော့ဘဲ အိမ်မှာတင်ဇိမ်ကျကျစားလို့ရပြီနော်။ ဆိုင်ဖွင့်ချိန်ကတော့ မနက်(၁၀)နာရီခွဲကနေ ည(၉)နာရီအထိပဲဖြစ်ပါတယ်။

Image Source : www.facebook.com/kwaychapyangon

Leave A Comment

Your email address will not be published. Required fields are marked *