ပင်လယ်စာတွေပြည့်နှက်နေတဲ့ (၈၅၀၀)ကျပ်တန် ပင်လယ်စာပေါင်းအိုးကြီးရနိုင်မယ့် K & K

ဘော်ဒါတွေနဲ့တူတူစုပြီးစားရတာမျိုးမှ ကြိုက်တယ်ဆိုရင်တော့ မင်မင်မိတ်ဆက်ပေးမယ့် ပင်လယ်စာပေါင်းအိုးဆိုင်လေးကို ခြေဦးလှည့်ကြည့်နော် ။ ပင်လယ်စာပေါင်းအိုးဆိုတာကတော့ ဟော့ပေါ့ဟင်းရည်ပုံစံမျိုးကိုမှ တခြားအသားတွေမစွက်ထားဘဲ ပင်လယ်စာတွေချည်းထည့်ထားတာမို့ ဟော့ပေါ့စားတိုင်း ပင်လယ်စာတွေချည်းလှိမ့်ထည့်တတ်တဲ့ အစားတစ်လိုင်းတွေအတွက်ကတော့ လုံးဝကွက်တိပဲ။ ပင်လယ်စာဆိုတဲ့စာရင်းထဲ ဘာတွေပါမလဲဆိုတော့ “ပုဇွန် ၊ ပြည်ကြီးငါး ၊ ဂဏန်း ၊ ဂုံး”တွေပါဝင်မှာဖြစ်ပြီး အသီးအရွက်တွေအနေနဲ့ကတော့ အပ်မှို ၊ ပန်းပွင့် ၊ ကန်စွန်းရွက် ၊ မုန်ညင်းရွက် ၊ ပြောင်းဖူး ၊ မုန်လာဥနီတွေနဲ့ ခေါက်ဆွဲတွေပါဝင်မှာပဲဖြစ်ပါတယ်။

ပင်လယ်စာပေါင်းအိုးကြီးကတော့ အရသာစိမ့်ဝင်တာကိုစောင့်ပြီး အချိုဓာတ်များလာလေစားလို့ကောင်းလေပါပဲ။ ဟင်းရည်ရဲ့အရသာတွေက ပါဝင်တဲ့အသားအသီးအရွက်တွေထဲထိ ပျော်ဝင်နေပြီး ဆယ်ယူစားသောက်လိုက်တဲ့ အရွက်အသီးတွေထဲကပါ အရသာတွေစိမ့်ထွက်လာသလို ခံစားရမှာပါ။ တစ်ပွဲကို(၈၅၀၀)ကျပ်ပေးရပြီး ပင်လယ်စာတွေအတော်အသင့်ပါတာမို့ နှစ်ယောက်လောက်အဝစားနိုင်မယ့် အနေအထားပါ။ ပင်လယ်စာပေါင်းအိုးကတော့ Feedback ကောင်းတွေလည်းအများကြီးရထားတော့ လုံးဝ Try ကြည့်သင့်တဲ့အစားအစာလေးပါနော်။

ဒီလိုရှယ်မိုက်တဲ့ပင်လယ်စာပေါင်းအိုး ရနိုင်မယ့်ဆိုင်လေးကတော့ “K & K Hotpot & Spicy Taste “ဆိုတဲ့ဆိုင်လေးပါ။ ဒီဆိုင်လေးမှာတော့ ပင်လယ်စာပေါင်းအိုးကြီးအပြင် မာလာရှမ်းကောကိုလည်း အရသာရှိရှိဈေးသက်သက်သာသာနဲ့ စားသုံးနိုင်ဦးမှာပါ။ တုတ်ထိုးဟော့ပေါ့စားချင်တယ်ဆိုလည်း ရသေးတယ်။ ဈေးနှုန်းသင့်တင့်ပြီး အရသာကောင်းတဲ့ဆိုင်တွေထဲမှာတော့ ဒီဆိုင်လေးလည်းမိုက်တာမို့ သွားစားကြည့်လိုက်ပါဦးနော် ? ဆိုင်လိပ်စာကတော့- အမှတ်(၇၇) ၊ မြေနီထပ် ၊ ဓမ္မစေတီလမ်းပေါ် ၊ ဦးဝိစာရမီးပွိုင့်အနီး ၊ မြေနီကုန်း ၊ စမ်းချောင်းမြို့နယ်ဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့- နေ့လည်(၁၁)နာရီကနေ ည(၁၀)နာရီအထိပဲဖြစ်ပါတယ်။

 

Image Source: www.facebook.com/k&k

Leave A Comment

Your email address will not be published. Required fields are marked *