တစ်နေ့တာရဲ့နိဒါန်းကို မနက်စာကောင်းကောင်းလေးနဲ့အစပျိုးချင်သူများအတွက်…..Kiasu

အချိန်မရွေးအစားအသောက်တွေကို စားနေကြပေမယ့် တစ်နေ့တာလုံးနိုးကြားတက်ကြွနေစေဖို့ဆိုရင်တော့ မနက်စာကောင်းကောင်းလေးစားလိုက်ရမှ အဓိပ္ပါယ်ပြည့်စုံနိုင်တာပါ။ တစ်ညတာလုံးအိပ်စက်ရာကနေ လွန်မြောက်လာချိန်ဟာ ဗိုက်အဆာဆုံးဖြစ်သလို ခန္ဓာကိုယ်အတွက်အာဟာရအရှိဆုံးအချိန်ဖြစ်တာမို့ မနက်စာကောင်းကောင်းလေးကို လူတိုင်းကမျှော်လင့်တောင့်တကြပါတယ်။ မနက်စာစားဖို့အတွက် နေ့တဓူဝစားနေတဲ့ဆိုင်တွေကတော့ ရိုးအီနေလောက်ပြီပေါ့။ ဒီတော့ …. နယ်မြေသစ်ချဲ့ထွင်ပြီး သွားစားကြည့်လို့ရအောင် မင်မင်မိတ်ဆက်ပေးမယ့် မနက်စာဆိုင်အသစ်လေးကိုဝင်ရှိုးလိုက်ပါဦးနော်။

ဒီဆိုင်လေးကတော့ မင်မင်လွန်ခဲ့တဲ့နှစ်ပတ်လောက် Review ရေးပေးခဲ့တဲ့  Kiasu စင်ကာပူစတိုင်ကြက်ကြော်ဆိုင်လေးမှာပဲ Breakfast ကိုတိုးချဲ့ရောင်းချပေးတာပါ။ မြန်မာဆန်ဆန် နို့ခေါက်ဆွဲ ၊ နန်းကြီးသုပ်တွေကနေ အနောက်တိုင်းဆန်တဲ့ sausage ၊ hash brown ၊ Toast  တွေအထိ မနက်စာကောင်းကောင်းလေးတွေရနိုင်မှာဖြစ်ပါတယ်။

Kiasu ရဲ့နို့ခေါက်ဆွဲကတော့ အရသာမမြည်းစမ်းရသေးခင် ပြင်ဆင်ပုံလေးကြည့်ရုံနဲ့ကိုကြွေတာ ? ဟင်းရည်နဲ့ခေါက်ဆွဲသက်သက်ခွဲထည့်ပေးထားသလို ပဲကြော် ၊ ငါးဖယ်လုံး ၊ ပဲသွေး ၊ ကြက်ဥ ၊ကြက်သွန်ကြော် ၊ အကြွပ်ကြော် ၊ ကြက်သွန်နီ ၊ သံပုရာသီးတွေကို ဖတ်ရွက်ကလေးခင်းပြီး သပ်သပ်ရပ်ရပ်လေးပြင်ပေးထားတော့ မြင်ရုံနဲ့ကိုသွားရည်ကျချင်လာတယ် ? အရသာလေးက မလေးမပေါ့ဘဲ အဆိမ့်အရသာလေးက တော်တော်ထိမိတယ် ? ဟင်းရည်လေးထဲမှာလည်း ကြက်သားဖတ်လေးတွေပလုံစီနေတော့ မင်မင့်အသည်းစွဲပါပဲ။ (၁၅၀၀)ကျပ်လို့မယုံနိုင်လောက်အောင် တစ်ပွဲကို(၁)ယောက်တည်းတောင်မနည်းစားရတယ်။

နန်းကြီးသုပ်ကတော့ စားနေကျမြန်မာလက်ရာတွေကနေ နည်းနည်းကွဲထွက်တယ်။ ပဲမှုန့်တွေနဲ့ပျစ်ချွဲချွဲမစားချင်ဘူးဆိုရင်တော့ ? Kiasu ရဲ့လက်ရာလေးက အစားတစ်လိုင်းတို့ကို အကြိုက်တွေ့အောင်ဖမ်းစားနိုင်မှာအသေအချာပါပဲ။ နေ့ခင်းဘက်ကြက်ကြော်ရနိုင်တဲ့ဆိုင်လေးမို့ အသုပ်ထဲမှာကြက်သားတွေကတော့ ဗုံးပေါလအောပဲ ? ကြက်သားအနှစ်လေးတွေကို နန်းကြီးဖတ်တွေထဲစိမ့်ဝင်အောင် သုပ်ပေးထားတဲ့အတွက် စားလို့ကောင်းမှကောင်းပဲ။ ကြက်ဥ ၊ ကြက်ကြောလုံး ၊ ငါးဖယ်ပြား ၊အကြွပ်ကြော် ၊ ပဲကြော် ၊ ကြက်သွန်ကြော်တွေပါသေးတော့ (၁၅၀၀)ကျပ်နဲ့ မညီမျှလောက်အောင် တော်တော်လေးတန်လွန်းတယ်။ ဟင်းရည်လေးကလည်း တခြားဆိုင်တွေလို ပါလေကာမဟုတ်ဘဲ ကြက်သားများများလေးနဲ့ ထည့်ပြုတ်ပေးထားတော့ ကြက်စွပ်ပြုတ်လေးသောက်နေရသလိုပဲ။ နန်းကြီးသုပ်လေးစားလိုက် ဟင်းရည်လေးသောက်လိုက်နဲ့ဆို လုံးဝပြီးပြည့်စုံနေရောပဲ ?

ဒီဆိုင်လေးမှာကထူးခြားတယ် Sausage , tost တွေကို သက်သက်ခွဲမထားဘဲ Set လိုက်လေးလုပ်ပေးထားတယ်။ Toast နဲ့တွဲဖက်ဖို့ စတော်ဘယ်ရီယိုနဲ့ ထောပတ် ၊ Sausage (၂)ချောင်း ၊ Hash Brown ၊ fried egg (၂)လုံးနဲ့ ကော်ဖီ(၁)ခွက်ကိုမှ (၄၀၀၀)ကျပ်တည်းဆိုတော့ တော်တော်ကြီးတန်တယ်။ အက်မင်ကတော့ toast ကို ထောပတ်တခြမ်း ၊ ယိုတစ်ခြမ်းသုပ်ပြီး sausage လေးညှပ်စားတယ်။ ပေါင်မုန့်သားအိအိလေးထဲမှာ အရသာအစုံရောနှောနေပြီး တစ်ပြိုက်နက်တည်းအရသာဓာတ်တွေခံစားလိုက်ရတော့ တော်တော်လေးဖိုင်းတယ်။

သီးစုံသက်သက်လွတ်ကော်ပြန့်လေးကတော့ ကြည့်လိုက်ရင်တော့သာမန်ကော်ပြန့်ချောင်းလေးပဲ ? ကော်ပြန့်ဖတ်ရဲ့အတွင်းလွှာထဲက အရသာကတော့ တော်တော်လေးထူးခြားတယ် ? ဂေါ်ဖီ လောက်နဲ့တင်မကျေနပ်ဘဲ မှိုတွေနဲ့ကြွက်နားရွက်လေးတွေပါထည့်ထားတော့ အသားကော်ပြန့်တွေထက်ကို ပိုစားကောင်းနေတယ်။ ဆလပ်ရွက်လေးထဲမြုပ်ပြီး ခံတွင်းထဲကိုလှိမ့်သွင်းလိုက်ရင်တော့ လတ်ဆတ်တဲ့အသီးအရွက်အရသာတွေကို တမဟုတ်ချင်းခံစားရရှိစေမှာပါ။

ဆိုင်အပြင်အဆင်လေးက သပ်ရပ်သန့်ရှင်းပြီး အဲကွန်းလေးနဲ့ငြိမ့်ငြိမ့်လေးစားလို့ရတော့ မိတ်ဆွေတွေကို မနက်စာလိုက်ကျွေးမယ်ဆိုရင်လည်းတော်တော်လေးအဆင်ပြေတယ်။ Customer Service ကလည်း လိုလေသေးမရှိပဲ။ ကားပါကင်ကတော့ မော်တင်နားဆိုတော့ သိပ်တော့အဆင်မပြေဘူးရယ်။ Kiasu ရဲ့လိပ်စာလေးကတော့ မဟာဗန္ဓုလလမ်းမပေါ် ၊ (၁၂)လမ်းနှင့်လှည်းတန်းလမ်းထောင်းဖြစ်ပါတယ်။

Leave A Comment

Your email address will not be published. Required fields are marked *