ချဉ်ချဉ်စပ်စပ်အရသာကို ထိထိမိမိခံစားပြီး ရှူးရှူးရှဲရှဲဖြစ်သွားစေဖို့ Khraw Thai မှာသွားစားကြည့်နော်

အပေါင်းအသင်းတွေချိန်းပြီး Chill ဖို့အတွက်ပဲဖြစ်ဖြစ် , အားလပ်ရက်တွေမှာမုန့်သွားစားဖို့ပဲဖြစ်ဖြစ် အများဆုံးရွေးဖြစ်နေတာကတော့ ချဉ်ချဉ်စပ်စပ်အရသာရရှိနိုင်တဲ့ စားသောက်ဆိုင်တွေကိုပဲဖြစ်ပါတယ်။ နွေရာသီမှာဘယ်လိုပူပူ ရှူးရှူးရှဲရှဲနဲ့ ချဉ်ချဉ်စပ်စပ်အရသာတွေကိုမှ ထိထိမိမိခံစားတတ်တဲ့ ချဉ်ငံစပ်ကြိုက်သူတွေအတွက် ထိုင်းအစားအစာချဉ်ချဉ်စပ်စပ်လေးတွေရနိုင်တဲ့ Khraw Thai ဆိုတဲ့ဆိုင်လေးနဲ့ Foodies Navi ကနေမိတ်ဆက်ပေးချင်ပါတယ်။ ဒီဆိုင်လေးကတော့ အမှတ်(၇၀) ၊ ကျွန်းတောလမ်းနှင့် မြောင်းမြလမ်းထောင့် ၊ စမ်းချောင်းမြို့နယ်မှာတည်ရှိပါတယ်။

 

Khraw Thai မှာရရှိနိုင်တာတွေကတော့ Khraw Thai ရဲ့လူကြိုက်အများဆုံးအစားအစာဖြစ်ပြီး မူလအရသာ တုန်ယမ်းအရသာ ကြက်သွန်ဖြူငရုတ်ကောင်းအရသာ မဆလာအရသာဆိုပြီး ကြိုက်နှစ်သက်တဲ့အရသာနဲ့ သုံးဆောင်နိုင်မယ့် ကုန့်ထန် ၊ ရောသမွှေပြီး ချဉ်ငံစပ်ထောင်းထားတဲ့  မုဆိုးမထောင်း ၊ ပလာတူငါးသင်္ဘောသီးထောင်း ၊ သင်္ဘောသီးထောင်း ၊ ပြောင်းဖူးထောင်း ၊ ကြွပ်ရွပြီးချိုမြတဲ့ငါးကြော်နဲ့အတူ လတ်ဆတ်တဲ့ဆလပ်ရွက် မုန့်တီဖတ်တွေနဲ့ပါတွဲဖက်စားသုံးရမယ့် မုန့်တီငါးပါးတူး  ၊ ဝါးကြည့်လေအရသာစိမ့်ထွက်လာလေလို့ခံစားရစေတဲ့ ဝက်ဂုတ်သားကင်  ၊ ပင်လယ်အငွေ့သက်တွေရရှိနေတဲ့ လတ်လတ်ဆတ်ဆတ်ပုဇွန်ကြီးတွေကို ချဉ်ချဉ်စပ်စပ်တုန်ယမ်းအရသာချက်ပြုတ်ထားတဲ့ ပုဇွန်တုန်ယမ်း  ၊ အရသာစုံစုံလင်လင်ကို မြည်းစမ်းခံစားချင်သူတွေအတွက် တစ်ပွဲမှာရုံနဲ့အရသာအစုံ မြည်းစမ်းခံစားနိုင်မယ့် လင်ဗန်းထောင်းတွေအပြင် ကိုရီးယားအကင် ၊ ၊ ပုဇွန်ပကာလန်၊ ဘဲနှုတ်သီးကြော်၊ ငါးခူမွှကြော် ၊ ကျောက်ပွင့်ပုဇွန်ပေါင်း ၊ ပင်လယ်တုန်ယမ်းစတာတွေကိုပါ ရှူးရှူးရှဲရှဲဖြစ်သွားအောင် ချဉ်ချဉ်စပ်စပ်အရသာကို ထိမိစွာခံစားရရှိစေနိုင်မှာဖြစ်ပါတယ်။

ထိုင်းဝါရင့်စားဖိုမှူးကြီးများကိုယ်တိုင် ပြင်ဆင်ချက်ပြုတ်ထားတာကြောင့် ထိုင်းရိုးရာအရသာစစ်စစ်ကို ထိထိမိမိလေးခံစားရရှိစေနိုင်မှာဖြစ်ပါတယ်။ သပ်ရပ်တဲ့ဆိုင်အပြင်အဆင်ဒီဇိုင်းတွေနဲ့အတူ အရသာထူးကဲသာလွန်မှုတွေကြောင့် စမ်းချောင်းမြို့နယ်ထဲကဆိုင်တွေထဲမှာဆိုရင် စားသုံးတွေမပြန်သလောက်ကို လာရောက်ကြတဲ့ဆိုင်လေးဖြစ်ပါတယ်။ စျေးနှုန်းကလည်း ၃-၄-၅ထောင်ပတ်ဝန်းကျင်ဆိုတော့ အရသာနဲ့ပေးရတဲ့တန်ဖိုး လုံးဝသင့်တင့်မျှတပါတယ်နော်။ ဆိုင်ဖွင့်ချိန်ကတော့ မနက်(၁၁)နာရီကနေ ည(၁၁)နာရီအထိပဲဖြစ်ပါတယ်။

 

 

 

Image Source: www.facebook.com/khrawthai

 

Leave A Comment

Your email address will not be published. Required fields are marked *