ခံတွင်းအပြောင်းအလဲဖြစ်ပြီး ထမင်းပိုမြိန်သွားစေမယ့် ကောင်းကောင်းယူနန်ထမင်းဆိုင်

ထမင်းနဲ့တွဲဖက်စားဖို့ ဟင်းလျာတွေကိုတစ်နေ့တစ်မျိုး မရိုးရအောင်ချက်ပြုတ်ပြင်ဆင်နေပေမယ့်လည်း စားရတော့ခံတွင်းမတွေ့နိုင်လို့ ဆိုင်ကောင်းကောင်လေးပြောင်းစားကြည့်ဖို့အတွက် တွေးကြံနေမိပြီဆိုတော့ ကောင်းကောင်းဘူနန်ထမင်းဆိုင်လေးကို ညွှန်းပေးချင်ပါတယ်။ အသားငါးကြိုက်သူတွေအတွက် ယူနန်စတိုင်ရှယ်ဟင်းလျာတွေရရှိနိုင်သလို ဟင်းသီးဟင်းရွက်ကြိုက်သူတွေအတွက်လည်း ပုံစံအမျိုးမျိုးနဲ့ချက်ပြုတ်ပြင်ဆင်ပေးထားတဲ့ ယူနန်စတိုင်ဟင်းသီးဟင်းရွက်ဟင်းလျာတွေကို ရရှိနိုင်ဦးမှာဖြစ်ပါတယ်။ အသားငါးဟင်းပွဲတွေရော အသီးအရွက်ဟင်းပွဲတွေပါ ရောနှောသုံးဆောင်မယ်ဆိုရင်တော့ ပိုလို့တောင်ခံတွင်းတွေ့ပြီး ထမင်းမြိန်စေနိုင်ဦးမှာဖြစ်ပါတယ်။

ယူနန်ထမင်းဆိုင်မှာရရှိနိုင်တာတွေကတော့ လတ်ဆတ်တဲ့ငါးကို သဘာဝအရသာပျောက်မသွားစေဘဲ ဆီချွမ်းစတိုင်ငရုတ်ပွနဲ့ ဟင်းအဆီအနှစ်တွေကို ငါးအသားလွှာတွေကြားထဲ တိုးဝင်နေအောင်ကင်ပေးထားတဲ့ ဆီချွမ်းစတိုင်ငါးကင် ၊ ချိုမြလတ်ဆတ်နေတဲ့အမဲသားတွေကို ကြက်ဟင်းခါးသီးလေးနဲ့ရောကြော်ထားတာကြောင့် ကြက်ဟင်းခါးသီးရဲ့ခါးသက်တဲ့အရသာတွေ လျော့နည်းသွားစေပြီး ထမင်းနဲ့တွဲစားမယ်ဆိုရင် တကယ်ကိုလိုက်ဖက်ညီလှတဲ့ အမဲသားကြက်ဟင်းခါးသီးကြော် ၊ ဝါးလိုက်တိုင်းထုတ်ထုတ်လေးတွေနဲ့ အီဆိမ့်မှုနည်းပြီးစားလို့ကောင်းတဲ့ ဝက်ခေါင်းသားတွေကို လတ်လတ်ဆတ်ဆတ်အသီးအရွက်တွေနဲ့ ချဉ်ချဉ်စပ်စပ်လေးသုပ်ပေးထားတဲ့ ဝက်ခေါင်းအော်စွန်းသုပ် ၊ ဆီနည်းနည်းနဲ့ ကြွပ်ကြွပ်ရွရွစပ်စပ်လေးကြော်ပေးထားတဲ့ မွမွလေးနဲ့စားလို့ကောင်းလှတဲ့ ဝက်နံရိုးကြော် ၊ လတ်ဆတ်ပြီးအသားကျစ်လျစ်နေတဲ့ ပုဇွန်လေးတွေကို မာလာအနှစ်များများလေးနဲ့ ချဉ်ငံစပ်လေးချက်ပြုတ်ပေးထားတာကြောင့် ရှူးရှူးရှဲရှဲနဲ့ရှယ်ဆွဲလို့ကောင်းမယ့် မာလာပုဇွန်စပ်မွှေးစတဲ့  အသားငါးဟင်းလျာအစုံအလင်ကို ရရှိနိုင်မှာဖြစ်ပါတယ်။

ဟင်းသီးဟင်းရွက်ဟင်းလျာတွေအနေနဲ့ကတော့ ဂျူးဖူးပန်းအာလူးငရုတ်သီးကြော် ၊ မျှစ်ချိုပင်စိမ်းကြော် ၊ ဂေါ်ရခါးညွန့်ကြော် ၊ ကညွန့်နှစ်တစ်ရာသီးကြော် ၊ ပန်းပွင်းစိမ်းကြော် ၊ ကန်စွန်းရွက်ကြော် ၊ ရွှေပဲသီးကြော် ၊ မုန်ညင်းဖြူ/စိမ်းကြော်စတဲ့ စိမ်းစိုလတ်လတ်တဲ့အသီးအရွက်ဟင်းလျာတွေနဲ့ ယူနန်စတိုင်လက်ရာတွေအတိုင်း သုံးဆောင်နိုင်မှာပဲဖြစ်ပါတယ်။ ယူနန်ထမင်းဆိုင်ရဲ့လိပ်စာကတော့ အမှတ်(၆) ၊ ရတနာလမ်း ၊ မိုးကောင်းလမ်းနှင့်ဝေဇယန္တာလမ်းကြား ၊ သင်္ဃန်းကျွန်းမြို့နယ်ဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ နေ့လည်(၁၁)နာရီခွဲကနေ ည(၁၁)နာရီအထိဖြစ်ပါတယ်။

Image Source : www.facebook.ccom/kaungkaungyunanrestaurant

Leave A Comment

Your email address will not be published. Required fields are marked *