အချိုမှုန့်/ကြက်သားမှုန့်ရှောင်သူတွေအတွက် တကယ်အဆင်ပြေစေနိုင်မယ့်ဆိုင်လေး

အချိုမှုန့် ၊ အသားမှုန့်ရှောင်တဲ့သူတွေဆို စားသောက်ဆိုင်တွေသွားစားတိုင်း အခက်ကြုံရတာအမြဲပဲ။ မှာမှချက်ပြုတ်ပြင်ဆင်ပေးတဲ့ဆိုင်တွေဆို အဆင်ပြေပေမယ့် အသင့်ချက်ပြီးသားဆိုင်တွေသွားစားရင်တော့ စားချင်ပေမယ့်နောက်ပြန်ဆုတ်ခဲ့ရပေါင်းများပြီလေ။ အချိုမှုန့် ၊ ကြက်သားမှုန့်မသုံးတဲ့ဆိုင်တွေပတ်ရှာရင်း တကယ်စားလို့ကောင်းတဲ့ဆိုင်ကောင်းလေးတော့တွေ့ရှိခဲ့ပါပြီ။ ဒီဆိုင်လေးကတော့ မြင်တွေ့နေကျမြန်မာအစားအစာလေးတွေကို ဆန်းသစ်တီထွင်ပြီး ဒီဇိုင်းဆန်းလက်ရာဆန်းလေးတွေနဲ့ စားသုံးရမယ့် “ကံ့ကော်ဖြူ” Food House ပါ။

ကံ့ကော်ဖြူမှာရှယ်စားလို့ကောင်းတာကတော့ လက်ပံတန်းငုံးကြော်နဲ့ထမင်းဆီဆမ်းပါပဲ။ ပဲပြုတ် ၊ ကြက်သွန်နီကြော် ၊ ပုဇွန်ခြောက်မှုန့်လေးတွေနဲ့ရောပြီး ပဲဆီမွှေးမွှေးလေးနဲ့စားရတော့ ထမင်းဆီဆမ်းနဲ့တင်ကို စားလို့ကောင်းနေတာ။ ငုံးကောင်စစ်စစ်ကို ပဲဆီသန့်သန့်လေးနဲ့ မှာမှကြော်ပေးတာဆိုတော့ လတ်ဆတ်မှုကတော့အံ့မခန်းပဲ။ ငုံးကြော်လေးကိုထမင်းသုပ်လေးတွေနဲ့တွဲစားမယ်ဆိုရင်လည်း စွန်းဖိုင်း။ ကြက်သားမှုန့် ၊ အချိုမှုန့်တွေထည့်မသုံးဘဲ အရသာအရှိဆုံးဖြစ်အောင်ချက်ပြုတ်ပြင်ဆင်ပေးထားတော့ ခံတွင်းကိုတွေ့နေရောပဲ။ ခေါက်ဆွဲသုပ် ၊ ကြက်တောင်ပံသုပ် ၊ မုန့်ဟင်းခါး ၊ ငါးနီတူခြောက်သုပ် တွေလည်းတော်တော်လေးစားလို့ကောင်းတယ်။

ဆိုင်အပြင်အဆင်အခင်းအကျင်းလေးကလည်း အရမ်းမကျယ်ဝန်းပေမယ့် သန့်သန့်ရှင်းရှင်းနဲ့ထိုင်ချင်စရာလေးရယ်။ ထင်းရှူးသားထိုင်ခုံလေးတွေနဲ့ထိုင်ရတော့ တစ်မျိုးလေးဆန်းနေပြန်ရော။ ရေနွေးနဲ့ Detox Water လည်း Free ပေးတော့ Service လေးကိုလည်းစွန်းခိုက်မိတယ်။ ဈေးနှုန်းတွေကလည်း ပုံမှန်လေးတွေပဲဆိုတော့ Try ကြည့်သင့်တဲ့ ဆိုင်ကောင်းလေးပါနော်။ ဆိုင်လိပ်စာကတော့ အမှတ်(၁၂) ၊ အဝေရာလမ်း ၊ ဘောက်ထော် ၊ ရန်ကင်းမြို့နယ်ဖြစ်ပါတယ်။ အိမ်အရောက် Delivery တွေလည်းရှိသေးတယ်နော်။ ဆိုင်ဖွင့်ချိန်ကတော့ မနက်(၇)နာရီခွဲကနေ ညနေ(၅)နာရီအထိဖြစ်ပါတယ်။

 

Image Source : www.facebook.com/kantkawphyu

 

Leave A Comment

Your email address will not be published. Required fields are marked *