ဂျပန်အစားအစာရူးသွပ်သူတွေ အကြိုက်တွေ့သွားစေမယ့် J’s Kitchen

ဂျပန်အစားအစာတွေကိုမှ ရူးသွပ်စွဲလမ်းပါတယ်ဆိုတဲ့ အစားတစ်လိုင်းတို့အတွက် ဂျပန်မီးဖိုချောင်က ဂျပန်ရိုးရာလက်ရာတွေအတိုင်း လတ်လတ်ဆတ်ဆတ်ဂျပန်စာလေးတွေရရှိနိုင်တဲ့ J’s Kitchen ဆိုတဲ့ ဂျပန်စားသောက်ဆိုင်အသစ်လေးအကြောင်း ပြောပြပေးချင်ပါတယ်။ အခုတလောဂျပန်စာကြိုက်သူတွေကြား ရေပန်းစားနေသလို Review ကောင်းကောင်းလေးတွေရထားတဲ့ဆိုင်လေးမို့ အစားတစ်လိုင်းခြေတစ်လှမ်းနောက်မကျရလေအောင် လက်တို့ပေးလိုက်မယ်နော်။

ဂျပန်စားသောက်ဆိုင်သွားတိုင်း မစားမဖြစ်စားတတ်ကြတဲ့ Gyoza ကတော့ဒီဆိုင်လေးမှာ တော်တော်ဖိုင်းတယ်။ အပေါ်ယံအလွှာလေးကအိအိစက်စက်လေးနဲ့ အထဲမှာဝက်သားမွမွလေးတွေကိုသွတ်ထားတော့ နူးညံ့နေတာပဲ။ သုံးထပ်သားဆားနဲ့ကင်တာလေးလည်းမဆိုးဘူးရယ်။ အသားတင်းတင်းလေးနဲ့ အရမ်းမအီဘဲ သံပုရာရည်လေးပါဆမ်းလိုက်ရင် ပိုလို့တောင်ကောင်းသေး။ J’s Shushi လေးလည်း Sushi အစုံစားချင်တဲ့သူတွေအတွက် တစ်ပွဲမှာရုံနဲ့အစုံလေးတွေမြည်းစမ်းကြည့်လို့ရတယ်။ တခြားလတ်ဆတ်သန့်ရှင်းပြီး အရသာကောင်းတဲ့ ဂျပန်အစားအစာတွေအများကြီးရနိုင်သေးတယ်။ Japanese Style Cocktail လေးတွေလည်းရနိုင်သေးတယ်။

ဆိုင်လေးကခမ်းနားသပ်ရပ်ပြီး Customer Service လည်းကောင်းတော့ VIP တွေကိုဧည့်ခံမယ်ဆိုရင် တော်တော်လေးအဆင်ပြေတယ်။ ဆိုင်လိပ်စာကတော့ အမှတ်(၆) ၊ မိုးကောင်းလမ်း ၊ ဘောက်ထော်မှတ်တမ်းရုံးရှေ့ ၊ ရန်ကင်းမြို့နယ်ဖြစ်ပါတယ်။

 

Image Source : www.facebook.com/deliciousfoodplacesvisited

 

Leave A Comment

Your email address will not be published. Required fields are marked *