ဂျင်းမဟုတ်ဘဲ ရှယ်ကောင်းရှယ်တန်တဲ့ (၉၇၀၀)ကျပ်တန် ” Jin ” ဟော့ပေါ့ဘူဖေး

ဥတုမှိုင်းမှိုင်းနဲ့ မိုးပြိုင်းပြိုင်းရွာတော့မယ့်  ? အချိန်အခါလေးမှာ ပူပူလောင်လောင်လေးတွေစားရင်း အနွေးဓာတ်လေးတွေ ခုံလှုံဖို့တော့လိုပြီနော် ? အက်မင့်လို အကြောင်းပြချက်အမျိုးမျိုး ရှာကြံပြီးစားတတ်တဲ့ ? ဘဝတူအစားတစ်လိုင်းတို့လည်း  မိုးတွင်းနဲ့ဆိုဘယ်စားစရာလိုက်မလဲ တွေးမိနိုင်ကောင်းပါရဲ့ ? အက်မင်ကတော့ မိုးအေးအေးလေးဆို ဟော့ပေါ့ကိုအိုးလိုက်ကြီးမော့သောက်ချင်တာရယ် ? ? (အပူလောင်မှာစိုးလို့သာ)  ဟော့ပေါ့စားချင်ပါတယ်ဆိုမှ အခုတလော Facebook NF မှာပေါ်ပေါ်လာတဲ့ Jin ဆိုတဲ့ ဟော့ပေါ့ဘူဖေး(၉၇၀၀ကျပ်)ဆိုင်ကစိတ်ကို ခို့လုခို့လုလာလုပ်နေပြန်တော့ မသိဘူးငတ်မယ်ဆိုပြီး ? ? မရောက်ရောက်အောင်သွားဖြစ်ခဲ့တဲ့အကြောင်းလေးကို ဟော့ပေါ့ခရေဇီတွေ သွားရည်ကျသွားအောင် ဖောက်သည်ချပေးချင်ပါတယ် ? ?

ဒီဆိုင်လေးကတော့ အစားအသောက်တွေတစ်ပုံတစ်ပင်ကြီးကြိုဆိုနေတဲ့ Urban Asia Center ရဲ့မြေညီထပ်မှာရှိတဲ့ Food Street Market ထဲမှာပါ ? Jin ဆိုလို့ အသံထွက်ကို “ဂျင်း”လို့တော့အသံမထွက်လိုက်နဲ့နော် ?  အသံထွက်အမှန်က “ဂျင်”ဟော့ပေါ့ပါ။ ဆိုင်လေးသပ်ရပ်သန့်ရှင်းပြီး Wallpaper လေးကိုလည်း ရှုခင်းပုံလေးသုံးပေးထားပြီး အတွင်းဘက်ကရော အပြင်ဘက်ကပါ ဆိုင်ထဲဝင်လို့ရတယ်။  တရုတ်မီးပုံးလေးတွေ မီးဆိုင်လေးတွေနဲ့အလှဆင်ပေးထားပြီး မီးရောင်ဝါဝါလေးတွေလွှမ်းမိုးပေးထားတာက တော်တော်နန်းဆန်တယ်။ ဆိုင်ကလည်းအကျယ်ကြီးပဲရယ်။

နေရာမှာရွေးပြီးထိုင်လိုက်တာနဲ့ ပူစီနံနဲ့သံပုရာရည်ရောထားတဲ့ Detox Water လေးလာချပေးပြီး ဟင်းရည်နဲ့အသားအရင်ရွေးရတယ်။ ဟင်းရည်တွေက မာလာ ၊ ဝက်ရိုး ၊ ကင်ချီ ၊ ကြက်သား ၊ ငါးနီတူရေညှိ ၊ ကျန်းမာရေးအာဟာရဟင်းရည် ၊အသီးအရွက်ဟင်းရည်(သက်သက်လွတ်)ဆိုပြီး အရသာ(၇)မျိုးတောင်ရှိတယ်ဆိုတော့ စိတ်ကြိုက်ရွေးရုံပဲ။ အသားတွေကတော့ အမဲသား ၊ ကြက်သား ၊ ဝက်သား ၊ ပုဇွန်တွေရတယ်။ အက်မင်ကတော့ မာလာအရသာအသည်းစွဲမို့ မာလာအရသာဟင်းရည်နဲ့ ကြက် ၊ ဝက် ၊ ပုဇွန်တွေမှာဖြစ်တယ်။ ? ? ဟင်းရည်နဲ့အသားတွေ ပြင်ဆင်ပေးနေတဲ့အချိန်မှာ ဟော့ပေါ့ထဲစိတ်ကြိုက်ထည့်ဖို့  မှိုနဲ့အသီးအရွက်တွေရှယ်သွားရွေးတာ အဝစားဆိုတော့ ပျော်မြူးနေတာပဲ ကြိုက်တာတွေအတင်းထည့်တော့တာပဲ ။ ဒီဆိုင်ရဲ့အထူးခြားဆုံးကတော့ သန့်ရှင်းမှုပဲ ။ အရွက်အသီးတွေဆေးထားတာ တော်တော်ကြီးသန့်တယ်။ တချိန်လုံးရေခဲတွေလဲပေးနေတော့ အရွက်အသီးတွေကတော်တော်လတ်ဆတ်တယ်။ မှိုကလည်း(၃)မျိုးတောင်ပါတော့ ပျော်ပြီလေ ?

   

အချဉ်ရည်ကိုတော့ စပ်ပြီးသားတွေရနိုင်သလို ကိုယ်တိုင်စပ်နိုင်ဖို့အတွက်လည်း အမယ်တွေကို အဆင့်သင့်ချပေးထားတော့ အချဉ်အစပ်စိတ်ကြိုက်စပ်လို့ရတာပေါ့ ။ အက်မင်ကတော့ ထိုင်းစတိုင်ချဉ်စပ်အချဉ်ရည်လေးကို အကြိုက်ဆုံးပဲ။ ကြက်သွန်ဖြူနံ့သင်းသင်းလေးနဲ့ ချိုချဉ်စပ်အရသာလေးက ဘာနဲ့တို့စားစားလိုက်ဖက်တဲ့အရသာမျိုးလေး ။

ဟော့ပေါ့မရခင် ဝါးတီးဖွင့်ဖို့ကတော့ ကြာဇံကြော် ၊ ခရမ်းကြော် ၊ ပြောင်းဖူးကြော် ၊ ဘူးသီးကြော် ၊ ကြက်ဥမွှေကြော် ၊ အာလူးကြော် ၊ အရွက်စုံဆလပ်တွေပါပဲ။ အက်မင်ကတော့ ပြောင်းဖူးကြော်ကိုအခိုက်ဆုံးပဲ ? ပြောင်းဖူးကိုအဝိုင်းလေးဖြစ်အောင် အရိုးပါထည့်လှီးပြီးကြော်ပေးထားတာမို့  အပေါ်ကမုန့်နှစ်လေးတွေနဲ့ရောပြီး ပြောင်းဖူးလေးကိုက်ကိုက်စားရသလို ချိုချိုဆိမ့်ဆိမ့်လေးနဲ့ရှယ်ပဲ ?  အက်မင်ကြိုက်တဲ့ ထိုင်းချဉ်စပ်အချဉ်လေးနဲ့ တို့စားလိုက်တော့ အီမနေဘဲအရသာက လုံးဝဂွတ်တယ် ? ဟော့ပေါ့လာရင်မစားနိုင်မှာစိုးလို့ ဘရိတ်မနည်းအုပ်ထားရတယ် ?

Free Flow တွေကတော့ တခြားဆိုင်တွေနဲ့မတူကွဲထွက်ပြီး သောက်နေကျ Cola တွေ ဇီးဖျော်ရည်တွေမဟုတ်ဘဲ ရေခဲရည် ၊ ဂန္ဓမာလက်ဖက်ရည် ၊ ချဉ်ပေါင်ဖူးဖျော်ရည်တွေရနိုင်တယ်။ ချဉ်ပေါင်ဖူးလေးကိုတော့ အသည်းစွဲပဲ ချဉ်ချဉ်လေးနဲ့ခံတွင်းရှင်းနေရောပဲ။ အစားတစ်လိုင်းတို့သွားစားရင်လည်း ချဉ်ပေါင်ဖူးဖျော်ရည်လေးကို အကြိုက်ဆုံးဖြစ်မှာသေချာတယ် ?

သိပ်တော့မကြာလိုက်ဘူး ဟော့ပေါ့နဲ့အသားတွေရောက်လာရော ? ဟင်းရည်ကိုမီးအဆုံးတင်ပြီး  အသားတွေအရွက်တွေစိတ်ကြိုက်ထည့်ရတာ အခုကဝါးတီးဖွင့်ထားတာတောင် ဘယ်ဆီနေလိုက်မှန်းမသိ ? အနံ့ရရုံနဲ့တင်ဗိုက်ထဲက တဂွီဂွီမြည်လာရောရယ် ?  ပွက်ပွက်ဆူဆူလာတာနဲ့ အငွေ့တထောင်းထောင်းကြားကနေ ဆယ်ဆယ်ပြီးစားလိုက်တာ မရပ်မနားပဲ ချွေးတွေတောင်ပြန်တယ် ? မာလာအရသာကတော့ လုံးဝရှယ်ပဲ ? ချဉ်ငံစပ်အရသာလေးတွေက အစပ်အဟပ်တည့်လိုက်ပုံများ လျှာပေါ်မှာတင်အရသာပျောက်မသွားဘဲ စွဲကျန်နေတာက အစာအိမ်ထဲလှိမ့်ဆင်းသွားတဲ့အထိပဲ ? အသားတွေကလည်း အရသာစိမ့်ဝင်ချက်အားကောင်းချက်ပဲ ။ အက်မင်ဆို ဝက်သားခရေဇီမို့ ဝက်သားကြီး(၆)ပွဲစားခဲ့တယ် ? ဟီးဟီး

ထမင်းပေါင်းအိုးလေးနဲ့ အဆီအနှစ်များများဝက်သားပေါင်းလေးပါချပေးထားတော့ ထိုင်ဝမ်ရိုးရာဝက်သားပေါင်းလေးကို ထမင်းနဲ့ထပ်ကြိတ်လို့ရသေးတယ်နော်။

ဗိုက်ကားသွားရင်တော့ အစာကြေအောင်လမ်းထလျှောက်ရင်း အချိုပွဲလေးတွေအပီဆွဲလို့ရသေးတယ်နော်။ ဖရဲသီး ၊ ကျောက်ကျော(၃)မျိုးနဲ့ ထိုင်ဝမ်ရိုးရာမုန့်တွေကို အရသာခံကြည့်လို့ရသေးတယ်နော်။ အက်မင်အရမ်းကြိုက်ခဲ့တဲ့ (၃)ထပ်ကျောက်ကျောလေးကတော့ နာမည်မကပ်ထားလို့ ဓာတ်ပုံပဲရိုက်လာခဲ့တယ်။ အုန်းနို့အရသာလေးရောပြွမ်းနေပြီး ဆိမ့်ဆိမ့်လေးနဲ့အိအိစက်စက်ဖြစ်နေပုံလေးက ဂျယ်လီတုံးလေးတွေလိုပဲ ပုံထဲမှာကြည့်လိုက်ပါနော် အညိုနုရောင်လေးနဲ့အညိုရင့်ရောင်စပ်ထားတဲ့ ကျောက်ကျောလေး ။ ခရမ်းရောင်လေးလည်းမဆိုးဘူးရယ် စပျစ်အရသာနဲ့ချဉ်ပြုံးပြုံးလေး အအီပြေတယ်။

ထိုင်ဝမ်းရိုးရာမုန့်ထဲကဆိုရင်တော့ ဘိန်းမုန့်ပုံစံအဝိုင်းလေးကတော်တော်စားလို့ကောင်းတယ် ။ နာမည်မေးလိုက်ပေမယ့် ရှည်လွန်းလို့မမှတ်မိတော့ဘူးရယ် ? ကန်စွန်းဥအနှစ်လေးတွေကို သုံးထားပြီးအချိုပေါ့ပေါ့လေးနဲ့အဆိမ့်ဘက်ကို ဦးစားပေးထားတော့ လုံးဝမအီဘူး။ တော်တော်လေးကောင်းတယ်။

ပြောရရင်တော့ ဒီလောက်အရသာကောင်းတဲ့အစားအစာတွေကို မကုန်မခမ်းနိုင်အောင်စားရပြီး (၉၇၀၀)ကျပ်တည်းဆိုတော့ တော်တော်ကြီးတန်လွန်းတယ်။ ဆိုင်အပြင်အဆင်နဲ့မလိုက်အောင်ကို တန်လွန်းတယ်။ အက်မင်စိတ်အခန့်မသင့်တာဆိုလို့ အဲကွန်းသိပ်မအေးတာပဲ ဆိုင်ကျယ်ပြီးအဲကွန်းနည်းတော့ အဆင်မပြေဘူးရယ် ။ ပူပူလောင်လောင်တွေစားတော့ ပိုလို့တောင်ဆိုးသေး အဲကွန်းကိုပိုအေးအောင်လုပ်ပေးမယ်ဆိုရင်တော့ ပိုချစ်သွားမှာပါ Jin ရေ ?❤? အခုတော့ Rating 4 stars ပေးပါတယ်နော် ?

Urban Asia Center ရဲ့လိပ်စာကတော့ (၄၇)လမ်းနှင့်(၄၈)လမ်းကြား ၊ မဟာဗန္ဓုလလမ်းမပေါ် မှာပါ။ တစ်လမ်းသွားလမ်းမဆိုတော့ ကားလည်းရှင်းသလို ကားပါကင်ထိုးရတာလည်းအဆင်ပြေတယ်နော်။ အော်ဒါနဲ့ မေလကုန်ထိ (၃)ယောက်စား (၁)ယောက် Free ရှိသေးတယ်ဆိုတော့ လမကုန်ခင်လေး မြန်မြန်ဒိုးလိုက်တော့နော်။

Leave A Comment

Your email address will not be published. Required fields are marked *