နာမည်လေးကြားရုံနဲ့စိတ်ဝင်စားဖို့ကောင်းတဲ့ ကိုရီးယားစားသောက်ဆိုင်လေး

ကိုရီးယားဇာတ်လမ်းတွဲတွေ မြန်မာနိုင်ငံမှာခေတ်စားလာကတည်းက ကိုရီးယားအစားအစာတွေလည်း မြန်မာအစားအစာဈေးကွက်ကို ဝင်ရောက်လာခဲ့ပါတယ်။ အစပိုင်းမှာ မြန်မာခံတွင်းနဲ့အစပ်အဟပ်မတည့်မှုတွေရှိခဲ့ပေမယ့် တဖြည်းဖြည်းယဉ်ပါးလာတာနဲ့အမျှ ကိုရီးယားအစားအစာတွေက မြန်မာတွေအကြိုက်နဲ့ထပ်တူကျလာပြီး ကိုရီးယားစားသောက်ဆိုင်တော်တော်များများလည်း နေရာအနှံ့အပြားမှာ ဖွင့်လှစ်လာခဲ့ပါပြီ ။ ကိုရီးယားစားသောက်ဆိုင်တွေထဲကမှ နာမည်ကြားရုံနဲ့ရင်းနှီးသွားရုံနဲ့ ရင်းနှီးသွားနိုင်မယ့်ဆိုင်လေးနဲ့ Foodies Navi ကနေမိတ်တက်ပေးချင်ပါတယ်။

 

ဆိုင်နာမည်လေးကတော့ နန်းတွင်းရတနာဇာတ်လမ်းတွဲထဲက အချက်အပြုတ်ဘုရင်မလေးရဲ့နာမည်ဖြစ်တဲ့ “ချန်ဂင်မ်”ပါ။ ချန်ဂင်မ်ဆိုရင် ကိုရီးယားဇာတ်လမ်းတွဲခရေဇီတွေ မသိသူမရှိတဲ့နာမည်လေးမို့ အစားအသောက်တွေကရော ချန်ဂင်မ်ချက်ပြုတ်သလို ထူးခြားနေမလားဆိုတာကတော့ စိတ်ဝင်စားစရာပါပဲနော်။ ချန်ဂင်မ်မှာရနိုင်တဲ့ ကိုရီးယားရိုးရာအစားအစာတွေကတော့ အိအိစက်စက်ငါးအသားလေးတွေကို အရည်စွတ်ဖတ်ဖတ်လေးနဲ့စားရတဲ့ Fish Cake ၊ ပဲအနှစ်ဆိမ့်ဆိမ့်လေးတွေကို ကိုရီးယားခေါက်ဆွဲအိအိလေးနဲ့ ရောသမမွှေပြီးစားရမယ့် ပဲခေါက်ဆွဲ ၊ ချဉ်ချဉ်စပ်စပ်ကိုရီးယားကင်ချီလေးတွေကို ပန်ကိတ်သားအိအိလေးတွေကြားညှပ်ပြီး ချဉ်ဆိမ့်ဆိမ့်လေးစားရမယ့် Kimchi Pancake ၊ ငရုတသီးအနှစ်အနည်းငယ်လေးနဲ့ ရွှေသစ်တော်သီးထည့်ပေါင်းထားပြီး အရည်ရောအသုပ်ပါရနိုင်မယ့် ခေါက်ဆွဲအေးအပြင် Bulgogi ၊ Stirfried Kenturkey Susage စတဲ့ကိုရီးယားရိုးရာအစားအစာတွေကို ရရှိနိုင်မှာဖြစ်ပါတယ်။

ကိုရီးယားရိုးရာအရသာစစ်စစ်ကို ခံစားရရှိနိုင်ပြီး ဈေးနှုန်းကလည်းအသင့်တင့်ပဲဆိုတော့ သွားစားရင်လုံးဝကြိုက်သွားမယ့်ဆိုင်လေးပါ။ ချန်ဂင်မ်ရဲ့လိပ်စာကတော့ အမှတ်(၁၉) ၊ ပဒုမ္မာလမ်း ၊ စမ်းချောင်းမြို့နယ်ဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ မနက်(၈)နာရီကနေ ည(၁၀)နာရီအထိဖြစ်ပါတယ်။

 

Image Source : www.facebook.com/janggumkoreanfood

Leave A Comment

Your email address will not be published. Required fields are marked *