ဂျပန် Ramen တွေနဲ့ဟင်းလျာတွေကို မြန်မာခံတွင်းနဲ့လိုက်ဖက်ညီစွာရရှိနိုင်မယ့် Ippudo………

ဂျပန် Ramen ဆိုရင်လက်မလွှတ်တုန်းစားတတ်တဲ့  ? ? ?  အစားတစ်လိုင်းတို့အတွက် Foodies Navi ကနေ နိုင်ငံတကာမှာပါဆိုင်ခွဲတွေဖွင့်လှစ်ထားပြီး  ? ?  ဆုတံဆိပ်များစွာရရှိထားတဲ့ Ippudo ဆိုတဲ့ဆိုင်လေးအကြောင်းကိုပြောပြပေးချင်ပါတယ်။ ? ?    Ippudo မှာဆိုရင် ဂျပန်စတိုင် Ramen နဲ့အရန်ဟင်းလျာတွေကိုရရှိနိုင်ပြီး Junction City ()လွှာမှာသွားရောက်သုံးဆောင်နိုင်မှာဖြစ်ပါတယ်။  ? ? ?

 

 

ဒီဆိုင်လေးရဲ့ထူးခြားချက်ကတော့  ? ?  ကိုယ်နှစ်သက်တဲ့ခေါက်ဆွဲကို  ? ?  ဝန်ထမ်းတွေဆီမှာမေးမြန်းပြီး ကိုယ်နဲ့ကိုက်ညီမယ့်ခေါက်ဆွဲကို ရွေးချယ်သုံးဆောင်နိုင်မှာပါ။  ? ?  Ippudo မှာတော့အဓိက Ramen တွေဖြစ်တဲ့ Shiromaru နဲ့ Akamaru  တို့ကိုရရှိနိုင်မယ့်အပြင်  ? ?  အရသာပြည့်ဝလွန်းတဲ့ Chasu Chicken Pieces   ?  လတ်ဆတ်တဲ့ Narutomaki ၊ လျှာလည်စေမယ့် Menma နဲ့ Scallion တွေပေါင်းစပ်ထားတဲ့ထူးခြားကောင်းမွန်လွန်းတဲ့ Chicken Ramen   ?  ဝက်သားကိုအချို ၊ အစပ်တွေနဲ့ပေါင်းစပ်ထားပြီး နွေးထွေးတဲ့ဝက်သားအရသာကိုခံစားရရှိနိုင်မယ့် Hakata Niku Ton   ?  ဆလ်လမွန်ငါးကို အရသာရှိတဲ့ Mentiako ဆော့စ်နဲ့ပေါင်းစပ်ထားပြီး အပေါ်မှာ Black Tobiko လေးတွေနဲ့အလှဆင်ထားတဲ့ Salmon Sushi   ?  ကြွပ်ရွနေအောင်ကြော်ထားတဲ့ကြက်ကြော်ကို အရသာရှိတဲ့ တာတာဆော့စ်နဲ့ပေါင်းစပ်ထားတဲ့အတွက် ကလေးတွေနဲ့လူငယ်တွေအကြိုက်အရသာကို  ? ?  ပေးစွမ်းနိုင်မယ့်ဂျပန်စတိုင်ကြက်ကြော်နဲ့တာတာဆော့စ် ၊ ခေါက်ဆွဲကိုလှိုင်းတွန့်ပုံစံပြုလုပ်ထားပြီး ငရုတ်ကောင်းနဲ့အသားပေးချက်ပြုတ်ထားတဲ့အတွက် မြန်မာလူမျိုးတွေအကြိုက် ပူပူစပ်စပ်အရသာကို ခံစားရရှိနိုင်မှာပဲဖြစ်ပါတယ်။ ? ?

ဂျပန်စတိုင်အစားအစာတွေပေမယ့်  ?? ??  မြန်မာခံတွင်းနဲ့လိုက်ဖက်အောင် ပြင်ဆင်ချက်ပြုတ်ထားတာကြောင့်  ? ?  အစားတစ်လိုင်းတို့လျှာလည်သွားစေမှာ အသေအချာပါပဲ။  ?‍?‍?‍?  မိသားစုနဲ့ပဲဖြစ်ဖြစ် ၊ ချစ်သူခင်သူတွေနဲ့ပဲဖြစ်ဖြစ် အေးအေးဆေးဆေးအရသာရှိရှိနဲ့ သုံးဆောင်နိုင်မှာအသေအချာပါပဲနော်။ ? ?

 

 

Image Source : www.facebook.com/ippudomyanmar

Leave A Comment

Your email address will not be published. Required fields are marked *