အကောင်းဆုံးစိတ်ထွက်ပေါက်တွေကို ဖော်ဆောင်ပေးနိုင်မယ့် Imperial Cafe & Book…

သွားလာစရာနေရာတွေရှားပါးပြီး  ? ? ?   ကွန်ပျူတာတွေ  ? ? ?   ဖုန်းတွေနဲ့ပဲအချိန်ကုန်နေကြတဲ့ ရန်ကုန်မြို့တော်ကြီးမှာ  ? ? ?   စိတ်ထွက်ပေါက်တွေအများကြီးရှိတယ်ဆိုပေမယ့် မှန်ကန်တဲ့စိတ်ထွက်ပေါက်တွေမဟုတ်မှာကိုတော့ စိတ်ပူရပါတယ်။   ? ? ?   နေ့စဉ်အလုပ်မှာပင်ပန်းနွမ်းနယ်လာသမျှတွေ ၊   ? ? ?   အကြောင်းအမျိုးမျိုးကြောင့်စိတ်ဖိစီးမှုတွေနဲ့  အပန်းဖြေအနားယူဖို့အတွက်  ? ? ?   နေရာကောင်းတွေရှားပါးနေတဲ့အချိန်မှာ  ☕️ ☕️ ☕️   အရသာရှိတဲ့ Cafe လေးမှာကော်ဖီသောက်ရင်း   ?‍♀️ ?‍♂️   သူငယ်ချင်းတွေနဲ့အတူ ဂိမ်းလေးတွေဆော့မယ်  ? ? ? ?    စာအုပ်လေးတွေဖတ်မယ်ဆိုရင်   ? ? ?   စိတ်ဖိစီးတွေကတခဏတာတော့ လွင့်ပျံပျောက်ကွယ်သွားနိုင်မှာပါ။ ဒီလိုမျိုးကောင်းတဲ့စိတ်ထွက်ပေါက်တွေ  ? ? ?   ရရှိစေနိုင်ဖို့အတွက် Foodies Navi ကနေ Imperial Cafe & Book ဆိုတဲ့ဆိုင်လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီဆိုင်လေးရဲ့လိပ်စာကတော့  ? ? ? ? ?

  • Pin Long Hteik Htar Building, the corner of U Wisara Road and Chindwin Road, Kamaryut Township , Yangon ဖြစ်ပါတယ်။

Imperial Cafe & Book မှာတော့   ? ? ? ? ? ? ☕️ ?    Sandwich , Coffee , Green Tea Latte , Militia , Treasure Tea နဲ့နူးညံ့အိစက်တဲ့ ပေါင်မုန့်အရသာလေးတွေကို ခံစားရရှိနိုင်မှာဖြစ်ပါတယ်။  ? ? ?   ထူးခြားတဲ့ Decoration တွေနဲ့လှလှပပပြင်ဆင်ထားတဲ့ စားပွဲ ၊ ကုလားထိုင်လေးတွေကိုက  ? ? ?   ဒီဆိုင်လေးမှာထိုင်ချင်အောင် ဆွဲဆောင်နေပါတယ်။  ? ? ?    စုံလင်လှတဲ့စာအုပ်တွေကို တစ်စုတစ်စည်းထားရှိထားတဲ့ စာအုပ်စင်လေးတွေကလည်း စာဖတ်ဝါသနာပါတဲ့လူတွေအတွက်တော့  ? ? ?  ဆိုင်ကနေပြန်မထွက်ချင်လောက်အောင် ဖမ်းစားထားနိုင်ပြီး ကော်ဖီလေးသောက်ရင်းစာအုပ်လေးဖတ်ကာ ဇိမ်ယူနိုင်မှာဖြစ်ပါတယ်။  ? ? ? ❤️ ?

Imperial Cafe & Book မှာကလေးလူကြီးမရွေးကြိုက်နှစ်သက်စွာ ဆော့ကစားလေ့ရှိတဲ့  စစ်တုရင် ၊ Scrabble Monopoly Blingo စတာတွေကိုလည်းထားရှိပေးထားတာကြောင့်  ? ? ?   သူငယ်ချင်းအပေါင်းအသင်းတွေနဲ့အတူ လွတ်လွတ်လပ်လပ်ရယ်မောရင်း ဆော့ကစားနိုင်မှာဖြစ်ပါတယ်။  ?? ?? ??    သူငယ်ချင်းတွေနဲ့အတူ Coffe လေးသောက်  ☕️ ☕️ ☕️  Sandwich လေးစားရင်း   ? ? ?   Chit Chat မယ်ဆိုရင်လည်း အေးအေးဆေးဆေးနဲ့ စိတ်ချမ်းမြေ့ပျော်ရွှင်နိုင်မှာပါ။  ? ? ?   ဆိုင်ဖွင့်ချိန်ကတော့     မနက်()နာရီကနေ ည()နာရီဖြစ်ပါတယ်။ စိတ်ညစ်လို့ပဲဖြစ်ဖြစ် စိတ်ဓာတ်ကျနေလို့ပဲဖြစ်ဖြစ် သူငယ်ချင်းချစ်သူခင်သူတွေနဲ့ အတူတူပျော်ချင်လို့ပဲဖြစ်ဖြစ် အကောင်းဆုံးစိတ်ထွက်ပေါက်ကို ဖော်ဆောင်ပေးနိုင်မယ့် ဆိုင်လေးဖြစ်ပါတယ်။  ? ? ?

 

 

Image Source : www.facebook.com/imperialcafe&book

2 thoughts on “အကောင်းဆုံးစိတ်ထွက်ပေါက်တွေကို ဖော်ဆောင်ပေးနိုင်မယ့် Imperial Cafe & Book…

Leave A Comment

Your email address will not be published. Required fields are marked *