အကြိုက်မတူလို့ ဆိုင်ရွေးရခက်နေသူတွေတိုင်း အကြိုက်ချင်းထပ်တူကျသွားစေမယ့် စားသောက်ဆိုင်

အစားအသောက်သွားစားမယ်ကြံလိုက်တိုင်း အကြိုက်မတူတဲ့ဘော်ဒါတွေကြား ဟိုဆိုင်သွားမယ်ဒီဆိုင်သွားမယ်နဲ့ တစ်ယောက်နဲ့တစ်ယောက်လွန်ဆွဲနေရပြီဆိုရင်တော့ အစားအစာတွေစုံစုံလင်လင်ရတဲ့ဆိုင်ကိုသာ ဒိုးရစမြဲပါပဲ။ အစားအစာတွေစုံတယ်ဆိုပေမယ့် အရသာမကောင်းရင်လည်း တစ်ယောက်နဲ့တစ်ယောက် လွှဲချရင်းအပြစ်တင်ရပြန်ကော။ ဒီတော့ စားဖွယ်ရာစုံစုံနဲ့အရသာကောင်းကောင်းရနိုင်တဲ့ စားသောက်ဆိုင်လေးလိုက်ရှာလိုက်ရတာ ဖတ်ဖတ်ကိုမောရော ? အခုတော့ မင်မင့်အကြိုက်စားဖွယ်ရာအစုံရနိုင်ပြီး အရသာလည်းတော်တော်လေးကောင်းတဲ့ I-Taste Myanmar ဆိုင်လေးကို ရှာဖွေတွေ့ရှိသွားလို့ ဘဝတူအစားတစ်လိုင်းတို့ကို ဝေမျှပေးချင်ပါတယ်နော်။

I-Taste Myanmar မှာတော့ မိုးတွင်းအေးအေးလေးမှာ ပူပူစပ်စပ်လေးစားချင်တဲ့သူတွေအတွက် လတ်လတ်ဆတ်ဆတ်ပင်လယ်စာတွေကို ထိုင်းစတိုင်ချဉ်ချဉ်စပ်စပ်လေးသုပ်ပေးထားတဲ့ Thai Style Seafood Salad ၊ ရာသီဥတုအေးအေးလေးမှာ ခံတွင်းထဲပူပူနွေးနွေးလေးဖြစ်သွားမယ့် ဒင်းဆမ်းအစုံ ၊ အိအိဆိမ့်ဆိမ့်နဲ့ အသားမွမွလေးတွေကို စားသုံးရမယ့် ဘဲပေါင်းအစာသွပ် ၊ မွှေးမွှေးလေးကင်ပေးထားတဲ့ ဘဲကင် ၊ ဂုံးလေးတွေကို ပဲကြာဇံအိအိလေးနဲ့ရောပေါင်းပေးထားတဲ့ ဂုံးပဲကြာဇံပေါင်း ၊ နူးနူးအိအိခရမ်းသီးလေးထဲမှာ ကြက်သားမွမွလေးတွေ အစာသွပ်ထားတဲ့ ခရမ်းသီးကြက်သားအစာသွပ် ၊ ငါးအသားလွှာတွေရဲ့ချိုမြလတ်ဆတ်တဲ့အရသာတွေကို အချိုအရသာဓာတ်လေးထပ်ပေါင်းချက်ပေးထားတဲ့ ငါးအချိုချက်၊ ကြွပ်ကြွပ်လေးနဲ့ချိုချိုဆိမ့်ဆိမ့်လေး အားပါးတရစားရမယ့် နံရိုးမြို့တော် ၊ နန်းကြီးသုပ် ၊ ရှမ်းခေါက်ဆွဲ ၊ ဆန်စီးခေါက်ဆွဲစတဲ့ စားဖွယ်အစုံအလင်ကို တစ်နေရာတည်းမှာ အရသာရှိရှိသုံးဆောင်နိုင်မှာဖြစ်ပါတယ်။

စားသောက်ဖွယ်ရာတွေက လတ်ဆတ်နေသလို အပြင်အဆင်တွေကလည်း သပ်ရပ်သန့်ရှင်းနေတော့ စားရတာတကယ်စိတ်ချမ်းသာစေမှာပါ။ I-Taste Myanmar ရဲ့လိပ်စာကတော့ အမှတ်(၂) ၊ ဗိုလ်တထောင်ဘုရားအပေါ်လမ်း ၊ ပုဇွန်တောင်မြို့နယ်ဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ မနက်(၆)နာရီကနေ ည(၁၀)နာရီအထိပဲဖြစ်ပါတယ်။

 

Image Source : www.facebook.com/i-tastemyanmar

Leave A Comment

Your email address will not be published. Required fields are marked *