ပုဂံကိုအလည်သွားရင်း မြန်မာထမင်းဟင်းလက်ရာကောင်းပြီးစျေးတန်တဲ့ ထန်းရိပ်သာမှာဝင်စားကြမယ်

ပုဂံကိုဘုရားဖူးသွားရင်း ပုဂံညောင်ဦး-ကျောက်ပန်းတောင်းသွားတဲ့ လမ်းဘေးက အညာဓလေ့ထုံးစံမပျက် ချက်ပြုတ်ပြင်ဆင်ထားတဲ့ မြန်မာထမင်းဟင်းတွေနဲ့ မော်လမြိုင်ဘူးသီးကြော်ကို အရသာရှိရှိသုံးဆောင်နိုင်မယ့် မြန်မာထမင်းဆိုင်လေးနဲ့ Foodies Navi ကနေမိတ်ဆက်ပေးချင်ပါတယ်။ ဒီဆိုင်လေးကတော့လည်တံရှည်ထန်းပင်ကြီးတွေဝန်းရံထားတဲ့ စိမ်းစိမ်းစိုစိုသစ်ရိပ်ဝါးရိပ်အောက်မှာ အေးအေးချမ်းချမ်းနဲ့ အရသာရှိရှိစားသုံးနိုင်မယ့် ထန်းရိပ်သာဆိုတဲ့ထမင်းဆိုင်လေးဖြစ်ပါတယ်။

ထန်းရိပ်သာမှာတော့ အညာငံပြာရည်ဖျော်လေးနဲ့ လတ်လတ်ဆတ်ဆတ်အတို့အမြုပ်လေးတွေ၊ ရာသီပေါ်အသီးအနှံလေးတွေကို အရံဟင်းအနေနဲ့ ဖွယ်ဖွယ်ရာရာချက်ပြုတ်ပြင်ဆင်ထားတာကြောင့် မြိန်ရေယှက်ရေနဲ့ ခံတွင်းတွေ့စေမှာအမှန်ပါပဲ။ အရံဟင်းလျာတွေဖြစ်တဲ့ ပြောင်ဖူးကြော်ချက်၊ ပဲပုဇွန်သီးသုပ်၊ ခရမ်းသီးချက်၊ ကြက်ဟင်းခါးသီးချက်၊ မန်ကျည်းရွက်သုပ်၊ ပဲဇောင်းခါးသီးသုပ်၊ သရက်ချဉ်သုပ်၊ ဘူးသီးဟင်းခါးစတဲ့ ရာသီပေါ်ဒေသထွက်အရွက်အသီးတွေကို တစ်နေ့တစ်မျိုးမရိုးရလေအောင် ချက်ပြုတ်ထားပြီး ထမင်း၊ အညာငံပြာရည်ချက်၊ တို့စရာ၊ အရံဟင်းတွေနဲ့မှ (၁)ထောင်ကျပ်ပဲကျတာဆိုတော့ အသားဟင်းမမှာရင်တောင်ဝမ်းဗိုက်ပြည့်ဖို့ဖူလုံနေပြီနော်။ အသားဟင်းတွေဟာလည်း ပုံသေဟင်းအမယ်တွေမဟုတ်ဘဲ လတ်လတ်ဆတ်ဆတ်တောကောင်လေးတွေရရှိရင်လည်း လတ်လတ်ဆတ်ဆတ်ချက်ပြုတ်သေးတာကြောင့်စားသုံးသူတွေကို မရိုးနိုင်တဲ့လက်ရာတွေနဲ့ အပြည့်အဝဆွဲဆောင်ထားနိုင်တဲ့ဆိုင်လေးဖြစ်ပါတယ်။

ဒီဆိုင်လေးမှာ လူကြိုက်အများဆုံးကတော့ မော်လမြိုင်ဘူးသီးကြော်ပါပဲ။ ဘူးသီးနုနုလေးကိုမှ မုန့်နှစ်စပ်ဟပ်မှုကောင်းမွန်တာကြောင့်  ဘူးသီးကြော်ရဲ့အရသာလေးဟာ ချိုချိုစိမ့်စိမ့်ကြွပ်ကြွပ်လေးနဲ့ အရမ်းစားလို့ကောင်းပါတယ်။ ထန်းရိပ်သာမှာကြော်လှော်ချက်ပြုတ်တဲ့ ဆီတွေဟာ အညာဓလေ့အတိုင်း ကိုယ်တိုင်ကြိတ်ထားတဲ့ မြေပဲဆုံဆီစစ်စစ်ကို အသုံးပြုထားတာကြောင့် မွှေးပျံ့တဲ့ဟင်းရနံ့နဲ့အတူ ကျန်းမာရေးအတွက်စိတ်ချရတဲ့ ဟင်းလျာတွေဖြစ်ပါတယ်။ ဒါ့အပြင် ဟင်းသီးဟင်းရွက်တွေကလည်း ယာခင်းထဲကနေ ကိုယ်တိုင်ခူးဆွတ်ထားတာကြောင့် လတ်ဆတ်မှုနဲ့အရသာထူးကဲမှုက သူတကာတွေထက် သာလွန်ကောင်းမွန်နေတာဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ မနက်()နာရီကနေ ည()နာရီအထိပဲဖြစ်ပါတယ်။

 

 

Image Source: www.facebook.com/ထန်းရိပ်သာ

Leave A Comment

Your email address will not be published. Required fields are marked *