ဝက်သားကိုဘယ်လိုနည်းလမ်းတွေနဲ့ ချက်ပြုတ်နိုင်မလဲ

အသားတွေထဲမှာ ဝက်သားကိုဘယ်အသားမှမမီပါဘူးဆိုပြီး ဝက်သားရဲ့အရသာကို အစွဲကြီးစွဲလမ်းနေတဲ့ အစားတစ်လိုင်းတို့ရေ ဝက်သားကိုချက်ပြုတ်လို့ရတဲ့ နည်းလမ်းအထွေထွေကို မင်မင်ကနေပြောပြပေးချင်ပါတယ်။ ဝက်သားတော့ကြိုက်ပါရဲ့ တစ်နေ့အကြော် ၊ တစ်နေ့အချက်နဲ့သံသရာလည်မနေစေဖို့ ဒီနည်းလမ်းလေးတွေက တကယ့်ကိုအထောက်အကူပြုပေးနိုင်မှာပါ ။ နေ့စဉ်ဟင်းလျာတိုင်းမှာ ဝက်သားပါနေပေမယ့်  အရသာပြောင်းလဲနေမှုတွေကြောင့် အစားတစ်လိုင်းတို့ရဲ့အာခံတွင်းကို တစ်မျိုးတစ်ဖုံဆွဲဆောင်ထားနိုင်မှာ အသေအချာပါပဲနော် ။ ချက်နည်းပုံစံတွေများလွန်းလို့ တစ်ခုချင်းစီမရေးတော့ဘဲ Link လေးတွေနဲ့ပဲ အတိုချုံးလေးတွေပြောပြပေးမယ်နော်။

ဝက်သားချိုချဉ်ကြော်

၁-ဝက်သား(၃၀)ကျပ်သားကို အတုံးသေးသေးလေးတွေတုံးပြီး ဂျုံမှုန့် ထမင်းစားဇွန်း(၄)ဇွန်း ၊  ကြက်ဥ(၁)လုံး ၊ ဆားအနည်းငယ် ၊ ကြက်သားမှုန့်အနည်းငယ် ၊ ရေအနည်းငယ်တို့နဲ့ရောနယ်ပေးပါ။

၂-နယ်လို့နှံ့သွားပြီဆိုရင်တော့ အနေတော်အရွယ်လေးတွေလုံးပေးပြီး ဆီပူပူထဲမှာထည့်ကြော်ပေးပါ။

၃-ဇလုံအသေးတစ်ခုထဲမှာ ရေလက်ဖက်ရည်ပန်းကန်လုံး(၁)လုံးခန့် ၊ Chito Sauce ထမင်းစားဇွန်း(၁)ဇွန်း ၊ သကြား ၊ ကော်မှုန့် ၊  ဗင်နီကာ လက်ဖက်ရည်ဇွန်း(၃)ဇွန်း ၊ ဆားအနည်းငယ်ရယ်ရောမွှေထားပေးပါ။

၄-ချင်းအနည်းငယ်နဲ့ကြက်သွန်ဖြူအနည်းကိုရောထောင်းပါ။ ပန်းဂေါ်ဖီ ၊ ဘိုစားပဲ ၊ ခရမ်းချဉ်သီး ၊ ကြက်သွန်နီတို့ကိုလှီးထားပါ။

၅-ဆီဆူနေတဲ့ဒယ်အိုးထဲမှာ ကြက်သွန်ဖြူနဲ့ချင်းထောင်းကိုရောထည့်ပြီး အသီးအရွက်တွေထည့်ပါ။ အသားမှုန့်နဲ့ငံပြာရည်အနည်းငယ်စီထည့်ပေးပါ။

၆-နူးသွားပြီဆိုရင်တော့ ကော်ရည်နဲ့ရောဖျော်ထားတာတွေထည့်ပြီး အချို ၊ အငံ ၊ အချဉ်စိတ်တိုင်းကျပြီဆိုရင်တော့ ကြော်ထားတဲ့ဝက်သားလုံးတွေထည့်ပြီး (၃)မိနစ်လောက်ချက်ပေးလိုက်ရင်တော့ အရသာရှိတဲ့ ဝက်သားလုံးချိုချဉ်ကြော်လေးကိုရရှိပါပြီနော်။

 

ဝက်သားနီချက်နည်း

ဝက်သားနီချက်နည်းလေးကိုတော့ အောက်မှာပေးထားတဲ့ ဝက်သားနီချက်နည်းဆိုတဲ့ အနီရောင်စာလုံးတွေကိုထောက်ပြီး ဝင်ဖတ်လို့ရပါတယ်နော်။

ဝက်သားနီချက်နည်း

 

 

ဝက်သားဒုတ်ထိုးလုပ်နည်း

ဝက်သားဒုတ်ထိုးလုပ်နည်းလေးကိုတော့ အောက်မှာပေးထားတဲ့ ဝက်သားဒုတ်ထိုးလုပ်နည်းဆိုတဲ့ အနီရောင်စာလုံးတွေကိုထောက်ပြီး ဝင်ဖတ်လို့ရပါတယ်နော်။

ဝက်သားဒုတ်ထိုးလုပ်နည်း

 

 

ဝက်ပင်စိမ်းချက်နည်း

ဝက်ပင်စိမ်းချက်နည်းလေးကိုတော့ အောက်မှာပေးထားတဲ့ ဝက်ပင်စိမ်းချက်နည်းဆိုတဲ့ အနီရောင်စာလုံးတွေကိုထောက်ပြီး ဝင်ဖတ်လို့ရပါတယ်နော်။

ဝက်ပင်စိမ်းချက်နည်း

 

 

ဝက်သုံးထပ်သားကြော်နည်း

ဝက်သုံးထပ်သားကြော်နည်းလေးကိုတော့ အောက်မှာပေးထားတဲ့ ဝက်သုံးထပ်သားကြော်နည်းဆိုတဲ့ အနီရောင်စာလုံးတွေကိုထောက်ပြီး ဝင်ဖတ်လို့ရပါတယ်နော်။

ဝက်သုံးထပ်သားကြော်နည်း

 

ဝက်စတူးလုပ်နည်း

ဝက်စတူးလုပ်နည်းလေးကိုတော့ အောက်မှာပေးထားတဲ့ ဝက်စတူးလုပ်နည်းဆိုတဲ့ အနီရောင်စာလုံးတွေကိုထောက်ပြီး ဝင်ဖတ်လို့ရပါတယ်နော်။

ဝက်စတူးလုပ်နည်း

 

 

ဝက်သားလုံးကြော်

၁-ဝက်သားကိုနုတ်နုတ်စင်းပြီး ကြက်သွန်ဖြူနဲ့ချင်းအနည်းငယ်ကိုရောထောင်းထားပါ။

၂-နုတ်နုတ်စင်းထားတဲ့ဝက်သားကို ပန်းကန်လုံးတစ်လုံးထဲထည့်ပြီး ကြက်သွန်ဖြူ/ချင်းထောင်း ၊ ကြက်သားမှုန့် ၊ သကြား ၊ ပဲငံပြာရည် ၊ ခရုဆီ ၊ ငရုတ်ကောင်းမှုန့် ၊ အကြော်မှုန့်တို့နဲ့ နှံ့အောင်ရောနယ်ပေးပါ။

၃-နှံ့သွားရင်တော့ အနေတော်အရွယ်လေးတွေလုံးပေးပြီး ဆီပူပူလေးထဲမှာထည့်ကြော်ပေးပါ။ အပေါ်ယံအသားလေးတွေ နီလာပြီဆိုရင်တော့ ဆယ်ယူထားပြီးဆီခဏစစ်ပေးထားပါ။ ဆီစစ်ပြီးရင်တော့ အရသာရှိပြီးအသားကြီးပဲနင့်နေတဲ့ ဝက်သားလုံးကြော်လေးကို ရရှိပါပြီနော်။

အခုဖော်ပြပေးတဲ့နည်းလမ်းတွေက အကုန်မဟုတ်သေးဘူးနော် ? အများကြီးဆိုဖတ်ရတာပျင်းနေမှာစိုးလို့ နောက်ဆက်တွဲထပ်မံဖော်ပြပေးပါဦးမယ် အစားတစ်လိုင်းတို့ရေ ?

 

 

Leave A Comment

Your email address will not be published. Required fields are marked *