နွေရာသီရဲ့အပူဒဏ်ကို ကြံ့ကြံ့ခံအန်တုဖို့အတွက် ဦးစားပေးစားသုံးသင့်တဲ့ အစားအစာပုံစံ

သစ်ရွက်ခြောက်တို့ကြွေတဲ့ နွေရာသီကိုရောက်ရှိလာပြီဆိုတော့ ပူပူအိုက်အိုက်နဲ့ နေရထိုင်ရခက်တာတော့အမှန်ပါပဲနော်။ လူလတ်ပိုင်းအရွယ်တွေဟာ ကိုယ်ခံစွမ်းအားကောင်းမွန်တာကြောင့် အပူဒဏ်ကိုခံရည်ရှိပေမယ့် သက်ကြီးရွယ်အိုအဘိုးအဘွားများနဲ့ ကလေးသူငယ်များဟာတော့ နေပူရှိန်ဒဏ်ကိုအလူးအလဲခံစားရရင်း မိတ်ဖုတွေ ၊ အပူဖုတွေထွက်ကာ ဂိမှာန်ရာသီကို အံတုနေကြရပါတယ်။ ရာသီဥတုပူပြင်းတယ်ဆိုတာဟာ သဘာဝတရားအလျောက်ဖြစ်တာကြောင့်  တားဆီးလို့မရနိုင်ပေမယ့် နေ့စဉ်စားသုံးနေတဲ့ အစားအသောက်ပုံစံကိုပြောင်းလဲပြီး အပူဒဏ်ခံနိုင်ရည်ရှိစေဖို့ ကာကွယ်ထိန်းသိမ်းနိုင်ပါတယ်။ ဒါကြောင့် ပူပြင်းလှတဲ့နွေရာသီကို ဘေးဥပါဒ်ကင်းဝေးစွာ ဖြတ်ကျော်နိုင်ဖို့အတွက် ဦးစားပေးစားသုံးသင့်တာတွေကို ပြောပြပေးချင်ပါတယ်။

၁။ ဟင်းသီးဟင်းရွက်တွေကိုပိုစားပေးပါ။

ဟင်းသီးဟင်းရွက်တွေဟာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင်ဓာတ်တွေအပြည့်အဝပါရှိပြီး ကိုယ်ခံစွမ်းအားကောင်းမွန်စေဖို့အတွက် ကာကွယ်ပေးနိုင်သလို အရည်ရွှမ်းတဲ့အသီးတွေကို ပိုစားပေးမယ်ဆိုရင်တော့ အပူဒဏ်ကြောင့် ခြောက်ခမ်းသွားတဲ့ရေဓာတ်တွေကို ပြန်လည်အားဖြည့်ပေးနိုင်မှာဖြစ်ပါတယ်။

၂။ ရေပိုသောက်ပါ။

နွေရာသီရဲ့ပူပြင်းမှုဒဏ်တွေကြောင့် ချွေးထွက်မှုများပြီး ခန္ဓာကိုယ်မှာရေဓာတ်များစွာဆုံးရှုံးရပါတယ်။ ရေကိုပုံမှန်သောက်နေကျတဲ့ ပိုသောက်ပေးမယ်ဆိုရင်တော့ ချွေးထွက်ခြင်းကြောင့် လျော့နည်းသွားတဲ့အားအင်တွေကို ပြန်ဖြည့်တင်းပေးနိုင်သလို နွေရာသီမှာဖြစ်တတ်တဲ့ အပူရှပ်ခြင်းဝေဒနာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

၃။ ဖျော်ရည်ပြုလုပ်ပြီးသောက်သုံးပေးပါ။

အသီးအတိုင်းစားသုံးဖို့ဆိုရင် တော်တော်များများငြင်းဆန်ကြတာကိုတွေ့ရပါတယ်။ သွားဘက်ဆိုင်ရာပြဿနာရှိသူများအတွက်လည်း အသီးစားဖို့ဆိုရင်အခက်အခဲရှိတာကိုတွေ့ရပါတယ်။ တချို့အသီးတွေဟာလည်း ဖျော်ရည်အဖြစ်ပြောင်းလဲလိုက်မှသာ အရသာရှိစွာသောက်သုံးနိုင်တာဖြစ်ပါတယ်။ ဒါကြောင့် အသီးအနှံတွေကို ဖျော်ရည်အသွင်ပြောင်းပြီး သောက်သုံးပေးသင့်ပါတယ်။

အပေါ်မှာဖော်ပြပေးထားတဲ့အတိုင်း အစားအသောက်တွေကို ပြောင်းလဲစားသုံးပေးမယ်ဆိုရင်တော့ နွေရာသီရဲ့အပူဒဏ်တွေကို ကြံကြံ့ခံရင်ဆိုင်နိုင်မှာ အသေအချာပါပဲနော်။

 

 

Leave A Comment

Your email address will not be published. Required fields are marked *