ဆိုင်ကောင်းကောင်းလေးမှာ အရသာစုံလင်စွာ စားနိုင်ဖို့

ဒီနေ့ မိတ်ဆက်ပေးချင်တဲ့ ဆိုင်ရဲ့ အမည်ကတော့ Horn Restaurant & Bar  ပဲဖြစ်ပါတယ်။ Horn Restaurant & Bar ဆိုင်ကတော့ ၂၀၁၅ ခုနှစ်ကတည်းက စတင်ဖွင့်လှစ်ခဲ့တဲ့ ဆိုင်ဖြစ်ပါတယ်။ ဆိုင်ရဲ့တည်နေရာလေးကတော့ အမှတ်-၃၆(အေ) ၊ ရွေတောင်ကြားလမ်း ၊ ဗဟန်းမြို့နယ်ပဲ ဖြစ်ပါတယ်။ ဆိုင်မှာရရှိနိင်တဲ့ အစားအစာလေးကတော့ ဂျပန်အစားအစာများ ၊ တရုတ်အစားအစာများ ၊ ထိုင်းအစားအစာများနှင့် ဥရောပအစားအစာများသာမက အရက် ၊ ဘီယာနှင့် ဝိုင်များကိုလည်း ဝန်ဆောင်မှုပေးတဲ့ဆိုင်ဖြစ်ပါတယ်။ ဆိုင်မှာအသုံးပြုတဲ့ပစ္စည်းများမှာလည်း အများအားဖြင့် ဂျပန်နိုင်ငံမှတင်သွင်းသော အရည်အသွေးမှီပစ္စည်းများကို အသုံးပြုထားခြင်းဖြစ်ပါတယ်။

ဥရောပစားအစာများထဲမှာ လူကြိုက်အများဆုံးဟင်းလျာများကတော့ Vegetable Pizza ၊ Chess နှင့် Tomato Sauce Spaghetti တို့ဖြစ်ကြပါတယ်။

တရုတ်အစားအစာထဲတွင် လူကြိုက်အများဆုံးဟင်းလျာများကတော့ Sweet & Sour (Chicken ၊ Pork ၊ Prawn ) ၊ Kachin Steamed Fish ၊ Kone Bang Kyaw နှင့် Steamed Rice များဖြစ်ပါတယ်။

ဂျပန်အစားအစာများထဲတွင် Kimchi ၊ Gyoza ၊ Potato fried ၊ Shisha Mo ကတော့ လူကြိုက်အများဆုံးနှင့် ဆိုင်ရဲ့ အရောင်းရဆုံးဟင်းလျာများပဲ ဖြစ်ပါတယ်။

ဆိုင်ပိုင်ရှင်ကတော့ ဂျပန်လူမျိုးဖြစ်ပြီး စားဖိုမှုးများကတော့ အတွေ့အကြုံရင့်သော မြန်မာလူမျိုးများက စားသုံးသူများစိတ်တိုင်းကျဖြစ်အောင် ဝန်ဆောင်မှုပေးပါတယ်။ ဆိုင်အပြင်အဆင်ကတော့ သန့်ရှင်းသပ်ရပ်သော ပတ်ဝန်းကျင်ဖြစ်ပြီး ဂျပန်စတိုင်လ်ဖြင့် ခင်းကျင်းပြင်ဆင်ထားပါတယ်။ ဆိုင်အတွင်းလည်း အေးဆေးအနားယူစားသုံးရင်း Wifi Free ပေးထားသောကြောင့် အွန်လိုင်းသုံးရင်း အပန်းဖြေနိုင်သောကြောင့် အဆင်ပြေစေပါတယ်။

ဆိုင်အတွင်းရှိ စားပွဲဝိုင်းတွင်လည်း လူဦးရေ ၂ ယောက် သို့မဟုတ် ၄ ယောက်ထိုင်၍စားသုံးနိုင်သောကြောင့် ချစ်သူစုံတွဲများအတွက်လည်း အဆင်ပြေစေပါတယ်။ ဒါ့အပြင် Horn Restaurant & Bar ဆိုင်တွင် ကိုယ်ပိုင်ကားပါကင်လည်း ရှိသောကြောင့် စားသုံးသူများ၏ ကားများရပ်နားရန်အတွက်လည်း အဆင်ပြေစေပါတယ်။ ဆိုင်တွင်မိသားစုများဖြင့်ဖြစ်စေ ၊ သူငယ်ချင်းမိတ်ဆွေများဖြင့် ဖြစ်စေ အလုပ်ကိစ္စပြောရန်နှင့် ပျော်ပွဲ ၊ ရွှင်ပွဲများနှင့် ညစာစားပွဲများ ကျင်းပနိုင်ရန်လည်း ဆိုင်တာဝန်ခံမှ အကောင်းဆုံးဖြစ်အောင် စီစဉ်ပေးသောကြောင့် စိတ်ကျေနပ်မှု ရရှိစေမှာဖြစ်ပါတယ်။

Leave A Comment

Your email address will not be published. Required fields are marked *