မာလာရှမ်းကောသရဲတွေရဲ့ ခံတွင်းအာရုံကို ထပ်မံဖမ်းစားဦးမယ့် မာလာရှမ်းကောဆိုင်အသစ်

ဆိုင်သစ်တွေဘယ်လောက်ပဲထပ်ထပ် မာလာရှမ်းကောဆိုတာနဲ့ စမ်းစားဖို့ဟန်ပြင်နေကြတဲ့ အစားတစ်လိုင်းတွေကို မာလာရှမ်းကောဆိုင်အသစ်လေးနဲ့ ထပ်မိတ်ဆက်ပေးမယ်နော်။ ဒီဆိုင်လေးကတော့ ဘတ်ဂျတ်ဆိုင်လေးလို့လည်းပြောလို့ရတယ်။ ဘယ်လိုရွေးရွေး မာလာရှမ်းကောတစ်ပွဲဆို အသာလေးသောင်းကျော်နေတဲ့ ခေတ်ကြီးထဲမှာ (၅)ထောင်လောက်နဲ့ မာလာရှမ်းကောကောင်းကောင်းလေးတစ်ပွဲကို ဖြစ်ဖြစ်မြောက်မြောက်စားနိုင်မယ့်ဆိုင်လေးပါ။ ဆိုင်နာမည်လေးကတော့ “Home”ပါ။ လှည်းတန်းက Home Mini Hotpot ရဲ့ဆိုင်ခွဲလေးပါ။

Home မှာတော့ ပါဝင်တဲ့အမယ်တွေကို Gram နဲ့ချိန်ရတာမျိုးမဟုတ်ဘဲ (၁)ခုချင်းစီကို (၁၀၀/၂၀၀)ကျပ်လောက်ကစပြီး (၁၀၀၀)ကျပ်လောက်ထိရွေးပေးရတာဆိုတော့ ဈေးနှုန်းတွက်ချက်ပြီးမှာလို့ရတယ်။ အလေးချိန်စီးမှာစိုးလို့ ရေစစ်ရတဲ့ဒုက္ခလည်းမရှိတော့ဘူးရယ် ? အသီးအရွက်တွေဆိုရင်တော့ (၁၀၀/၂၀၀)တန်းထဲပါတယ်။ အသားလုံးတွေဆိုရင်တော့ (၃၀၀/၄၀၀) ၊ ကြက်သားဆို-၆၀၀ ၊ ဝက်သားဆို-၈၀၀ ၊ အမဲသားဆိုရင်တော့ ၁၀၀၀လောက်ပေးရတယ်။ အသားကတော့အထုပ်ကလေးတွေထုပ်ပေးထားတာ တစ်ထုပ်ဆိုတော်တော်များများလေးပါတယ်။အမယ်တွေရွေးတာ(၅၀၀၀)ဖိုးအောက်ဆိုရင်တော့ အနှစ်ဖိုး(၁၀၀၀)ပေးရတယ်။ (၅၀၀၀)ကျော်ရင်တော့ Free ရတယ်။ (၅၀၀၀)ဖိုးလောက်ဆိုလည်း ပန်းကန်ကြီးနဲ့အပြည့်အမောက်ကြီးရတယ်။ (၂)ယောက်ကောင်းကောင်းစားနိုင်တဲ့အနေအထားမျိုး။

အရသာကလည်းလုံးဝအဆင်ပြေတယ်။ ဆိုင်ကြီးတွေမှစားတဲ့အရသာကိုကျော်မနေပေမယ့် အမီလိုက်နိုင်တဲ့ဆိုင်လေးလို့ပြောရမယ်။ ဆီအရမ်းရွှဲရွဲကြီးမသုံးထားဘဲ စိုစိုဖတ်ဖတ်ဖြစ်ရုံလောက်လေးဆိုတော့ စားရတာတော်တော်လေးအဆင်ပြေတယ်။ အနှစ်အရသာလေးလည်းတော်တော်မိုက်တယ်။ မာလာရှမ်းကောသရဲတွေရဲ့လျှာနဲ့ထိမိလောက်တဲ့အရသာမျိုးဆိုတော့ သွားစားကြည့်သင့်တဲ့ဆိုင်လေးပါနော်။ ဆိုင်နေရာလေးကတော့ ကမာရွတ်မြို့နယ် လှည်းတန်းက ဇေယျာသီရိလမ်းထဲမှာပါ။ Iceberry နဲ့ Nature Republic ကြားလမ်းထဲကဝင်သွားရင် အလယ်လောက်မှာပါ။ ဆိုင်အပြင်အဆင်လေးလည်းလှ ဖွင့်တာမကြာသေးတာမို့ လူလည်းရှင်းတုန်းလေး မြန်မြန်လေးသွားစားကြည့်လိုက်ပါနော်။

 

Image Source: www.facebook.com

Leave A Comment

Your email address will not be published. Required fields are marked *