ပြိုင်စံရှားတဲ့ရှောက်လုံထန်းပေါင်းအရသာကို မြည်းစမ်းခံစားချင်ရင်တော့ Home ရှိတယ်နော်…..

လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ရာကျော်ကတည်းက တရုတ်ပြည်ရှန်ဟိုင်းနန်းရှန်မြို့မှာ စတင်ပေါ်ပေါက်ခဲ့တဲ့ ရှောက်လုံထန်းပေါင်းတွေဟာ အခုထက်ထိထိုင် Foodies တို့ရဲ့ရင်ထဲအသည်းထဲမှာ စွဲငြိနေဆဲအစားအစာတစ်ခုဖြစ်ပါတယ်။ ဒီလိုရှောက်လုံထန်းပေါင်းလေးတွေကို မူလအရသာအတိုင်းမြည်းစမ်းခံစားနိုင်မယ့် Home ဆိုတဲ့ဆိုင်လေးနဲ့ Foodies Navi ကနေမိတ်ဆက်ပေးချင်ပါတယ်။ Home ရဲ့လိပ်စာကတော့ (၃၁)လမ်း ၊ လမ်း(၈၀)နှင့်(၈၁)လမ်းကြား၊မန္တလေးမြို့ဖြစ်ပါတယ်။

 

Home မှာရောင်းချတဲ့ ရှောက်လုံထန်းပေါင်းတွေရဲ့ထူးခြားချက်ကတော့ ကြက်သားနဲ့ဝက်ခေါက်ကို ()နာရီခန့်တိုင်အောင် မီးအေးအေးလေးနဲ့ သုံးပုံတစ်ပုံတင်အောင်ပြုတ်ပြီး ကြက်သားရနံ့ချိုချိုမွှေးမွှေးလေးရဲ့ဟင်းရည်လေးကို ထန်းပေါင်းထဲထည့်ကာပြုလုပ်ထားတာကြောင့်  ရှောက်လုံးထန်ပေါင်းရဲ့ တမူထူးခြားတဲ့အနံ့အရသာကို ခံစားရရှိနိုင်မှာပဲဖြစ်ပါတယ်။ တခြားရရှိနိုင်တဲ့အစားအစာတွေအနေနဲ့ကတော့ ဂျုံသားအိအိလေးထဲမှာ အသားနူးနူးညံ့ညံ့လေးတွေကို ချဉ်ချဉ်စပ်စပ်ကြွပ်ကြွပ်လေးကြော်ထားတဲ့ ကင်ချီဖက်ထုပ်ကြော် ၊ ဝက်ခေါင်းကိုမီးကင်ပြီး သဘာဝအတိုင်းရေကို နှစ်ရက်နဲ့နှစ်ညလောင်းပေးထားကာ ဝက်ခေါင်းထဲကအဆီတွေကို ထုတ်ထားပြီးပါးပါးလွှာလွှာနဲ့ ကြွပ်ကြွပ်လေးပြုလုပ်ပြီးသုပ်ထားတဲ့ ဝက်ခေါင်းသုပ် ၊  ဆော့ကော့ ၊ ပါကော့အပါအဝင် သဘာဝအမွှေးအကြိုင်ဆယ်မျိုးကျော်ကိုသုံးထားပြီး မီးအေးအေးလေးနဲ့ချက်ပြုတ်ထားတာကြောင့် အရောင်အဆင်းရော အနံ့အရသာပါသာလွန်ပြည့်စုံတဲ့ ထိုင်ဝမ်လုဝေထမင်း ၊ ထိုင်ဝမ်ဝက်လက် ၊ ထိုင်ဝမ်လုဝေစတာတွေကို ရရှိနိုင်မှာပဲဖြစ်ပါတယ်။

ရှောက်လုံထန်းပေါင်းလေးကို မြည်းစမ်းကြည့်ဖို့အတွက် သွားနဲ့ကိုက်လိုက်ရုံနဲ့ အရသာအရည်လေးတွေ ယိုစိမ့်ထွက်ကျလာပြီး နူးနူးညံ့ညံ့အိအိလေးနဲ့ အာခံတွင်းထဲကိုငြိမ့်ငြိမ့်လေး စီးဝင်သွားစေနိုင်တဲ့အရသာကတော့ တကယ့်ကိုပြိုင်စံရှားပဲနော်။ ရှောက်လုံးထန်ပေါင်းကြိုက်နှစ်သက်တဲ့သူတွေအတွက် မဖြစ်မနေသွားရောက်သုံးဆောင်သင့်တဲ့ ဆိုင်ကောင်းလေးဖြစ်ပါတယ်။

 

 

Image Source : www.facebook.com/homesoupdumpling

Leave A Comment

Your email address will not be published. Required fields are marked *