လယ်ကန်သင်းရိုးပတ်ချာလည်က သဘာဝဟင်းလျာတွေကို အလတ်ဆတ်ဆုံးသုံးဆောင်နိုင်မယ့်…

မိုးဖြိုင်ဖြိုင်ရွာသွန်းနေတဲ့အချိန်မျိုးဆို လယ်ကွင်းပြင်မှာရေတဖွေးဖွေးနဲ့ ကန်သင်းရိုးပတ်ချာလည်မှာ သဘာဝဟင်းလျာလေးတွေပေါများချိန်ပေါ့။ ဒီလိုဟင်းလျာလေးတွေကိုဖွေရှာပြီး ချက်ပြုတ်စားသောက်ကြတဲ့ လယ်တောဓလေ့က စားသောက်ဖွယ်ရာတွေရဲ့လတ်ဆတ်မှုက သဘာဝအာဟာရဓာတ်တွေပေးစွမ်းနေတာမို့ လယ်တော့ဓလေ့စားစရာလေးတွေဆို အစားတစ်လိုင်းတို့အသည်းစွဲပါပဲ။ ဒီလိုလယ်တောဓလေ့စားသောက်ဖွယ်ရာတွေကို လတ်လတ်ဆတ်ဆတ်စားနိုင်ဖို့ အတော်လေးရှားလွန်းတဲ့အထဲကမှ မြို့ထဲကနေ (၁)နာရီလောက်ခြေဆန့်သွားရတဲ့ သန်လျင်ကျိုက်ခေါက်ဘုရားနားက ”  Happy Country 2  ” မှာတော့ အလတ်ဆတ်ဆုံး လယ်တောစားစရာတွေ ရနိုင်တယ်။

သန်လျင် ၊ ကျောက်တန်း ၊ ခရမ်း ၊ သုံးခွဘက်က ချောင်း၊ လယ်တွေကနေ လယ်တောအစားအစာတွေကို လတ်လတ်ဆတ်ဆတ်ရယူပြီး ချက်ပြုတ်ပြင်ဆင်ပေးတာမို့ အရသာရှိချက်ကတော့ ဂွတ်ရှယ်ပဲ။ လယ်ကွင်းထဲက လယ်ပုဇွန်လုံး ၊ ပုဇွန်ဆိတ် ၊ လယ်ငါးလေးတွေရဲ့ ချိုမြလတ်ဆတ်တဲ့အရသာက ဘာနဲ့မှမလဲနိုင်ဘူး။ ကန်သင်းရိုးပေါ်က ပုဇွန်စာရွက် ၊ ကနေဖော့ရွက် ၊ လယ်ကန်စွန်းနုနုလေးတွေနဲ့ ထိကရုံးလေးတွေကလည်း သဘာဝအရသာတွေဖန်တီးရာမှာ တကယ့်ကိုနုနယ်လတ်ဆတ်လွန်းတာမို့ ဟင်းလျာတိုင်းကစားလို့မဝနိုင်အောင်ကို ဖမ်းစားနိုင်လွန်းပါတယ်။ ဒီဆိုင်လေးမှာတော့ လယ်သမားမှိုဟင်းရည် ၊ ကောက်ရိုးမှိုချဉ်စပ်ဟင်း ၊ ကနေဖော့သုပ် ၊ ငွေနှင်းမှိုသုပ် ၊ ပုဇွန်စာရွက်ခရုဆီကြော်စတဲ့ဟင်းလျာတော်တော်များများရနိုင်တယ်။

အချိုမှုန့် ၊ စားအုန်းဆီတွေမသုံးထားလို့ ကျန်းမာရေးအတွက် လုံးဝစိတ်ချရတယ်။ သီးပင်စားပင်တွေစိုက်ပျိုးထားတဲ့ ခြံအကျယ်ကြီးထဲမှာဖွင့်လှစ်ထားတာမို့ ရန်ကုန်မြို့ကြီးရဲ့မွန်းကျပ်မှုတွေကနေ ရုံးထွက်ပြီးအပန်းဖြေစားသောက်ဖို့အတွက် အကောင်းဆုံးနေရာလေးပါပဲ။ စနေနဲ့တနင်္ဂနွေနေ့တွေဆို လူတော်တော်များလို့ Booking ကြိုလုပ်ထားရင်ပိုအဆင်ပြေတယ်။ Booking ကြိုလုပ်ချင်တယ်ဆိုရင်တော့ 095107473 , 09427573344, 098613242 တွေကိုဆက်သွယ်လို့ရတယ်။ သန်လျင်မြို့တွင်းဆိုလည်း Delivery ရှိသေးတယ်နော်။ ဆိုင်လိပ်စာကတော့- ကျိုက်ခေါက်ဘုရားကြီးအနီး ၊ ကျိုက်ခေါက်ဘုရားလမ်း ၊ သန်လျင်မြို့နယ်ဖြစ်ပါတယ်။

 

Image Source : www.facebook.com/greathappycountry

Leave A Comment

Your email address will not be published. Required fields are marked *