ကိုရီးယားနိုင်ငံမှာသွားစားနေတယ်လို့ ထင်မှတ်ရလောက်အောင် ဆွေမျိုးမေ့သွားစေမယ့်……..

ကိုရီးယားဒရမ်မာကားတွေထဲမှာ အပန်းဖြေကြ မုန့်တွေစားကြတဲ့ ဟန်မြစ်ဆိုတဲ့နေရာလေးကို ကြားဖူးကြလိမ့်မယ်ထင်ပါတယ်။ ဒီလိုစိတ်လက်အပန်းပြေစေတဲ့ ဟန်မြစ်လိုပဲ မြန်မာနိုင်ငံက မန္တလေးမြို့မှာလည်း Han River ဆိုတဲ့ဆိုင်လေးမှာ ကိုရီးယားအစားအသောက်လေးတွေ သုံးဆောင်ရင်း ကိုရီးယားနိုင်ငံကဟန်မြစ်ကို ရောက်ရှိသွားသလို လန်းဆန်းပျော်ရွှင်စေနိုင်ဖို့အတွက် Foodies Navi ကတဆင့်လမ်းညွှန်ပေးချင်ပါတယ်။ ဒီဆိုင်လေးရဲ့လိပ်စာကတော့ လမ်း(၃၀)နှင့်(၆၄)လမ်းထောင့်၊မန္တလေးမြို့ဖြစ်ပါတယ်။



ကိုရီးယားဇာတ်ကားတွေထဲကလို သုံးထပ်သားတွေကိုကိုယ်တိုင်ကင်ပြီး ကိုရီးယားဆော့စ်အနှစ်လေးနဲ့ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ၊ ဂင်ချီကြော်လေးတွေကို ဆလပ်ရွက်လေးထဲထုပ်ပြီး အာခံတွင်းထဲအပြည့်ထည့်ကာ အားပါးတရစားသုံးနိုင်သလို လတ်ဆတ်ကျစ်လျစ်တဲ့ကြက်သားကြော် ပူပူနွေးနွေးလေးထဲမှာ ချိုချဉ်စပ်အရသာလေးကို တမြေ့မြေ့ခံစားရရှိစေမယ့် ကိုရီးယားကြက်ကြော်ဆော့စ်အစပ်ကိုလည်း သုံးဆောင်နိုင်မှာဖြစ်ပါတယ်။ နှစ်ပေါင်းများစွာကြာအောင်နှပ်ထားတဲ့ နှစ်ချို့ဂင်ချီအရသာ ကိုရီးယားခေါက်ဆွဲပြုတ်၊ အသားမျှင်တစ်မျှင်ချင်းစီကနေ ဆိမ့်ဆိမ့်ချိုချိုကြက်သားအရသာလေးကို ထိထိမိမိလေးခံစားရစေမယ့် ကိုရီးယားမီးငွေ့တိုက်ကြက်ကင်၊ ပင်လယ်အငွေ့အသက်တွေလွှမ်းခြုံထားပြီး ချိုချဉ်ငံစပ်အရသာတွေထုံမွှမ်းနေတဲ့ ပြည်ကြီးငါးတွေကို စိမ်းစိုလတ်ဆတ်တဲ့ဆလပ်ရွက်နဲ့အတူ လိုက်ဖက်ညီစွာသုံးဆောင်နိုင်မယ့် ပြည်ကြီးငါးဆလပ်၊ အမဲသားရဲ့အရသာဓာတ်တွေ ကြာဆံတစ်မျှင်ချင်းစီကြားထဲရောက်ရှိသွားအောင် မြေအိုးလေးထဲထည့်ပေါင်းထားတဲ့ မြေအိုးအမဲသားကြာဆံစတဲ့ ကိုရီးယားအစားအစာအစုံအလင်ကို အရသာရှိရှိသုံးဆောင်နိုင်မှာပဲဖြစ်ပါတယ်။

အစားအသောက်ပြင်ဆင်ချက်ပြုတ်ရာမှာ လက်ရာထူးခြားကောင်းမွန်လွန်းလှပြီး သန့်ရှင်းလတ်ဆတ်တာကြောင့် စားသုံးသူတွေအကြိုက်တွေ့နေတဲ့ ကိုရီးယားစားသောက်ဆိုင်လေးဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ မနက်(၁၀)နာရီကနေ ည(၁၀)နာရီအထိပဲဖြစ်ပါတယ်။

 

 

Image Source: www.facebook.com/hanriver

Leave A Comment

Your email address will not be published. Required fields are marked *