ချိုချိုမွှေးမွှေးငါးကင်လေးကို အိမ်မှာတင်ရိုးရှင်းလွယ်ကူစွာ ကင်စားကြမယ်နော်။

ဆိုင်မှာ ၅ထောင် ၆ ထောင်အနည်းဆုံးပေးဝယ်ရတဲ့ ငါးကင်ကြီးတွေကို အိမ်မှာတင်စျေးသက်သက်သာသာနဲ့ အလွယ်တကူလတ်လတ်ဆတ်ဆတ် ကင်စားနိုင်စေဖို့အတွက် Foodies Navi ကနေငါးကင်တဲ့နည်းလမ်းကောင်းလေးကိုပြောပြပေးချင်ပါတယ်။ဒီနည်းလမ်းလေးကအရမ်းကိုရိုးရှင်းလွယ်ကူပြီးအရသာထူးခြားမှုကိုလည်းမျက်မြင်တွေ့ရှိခံစားနိုင်မှာဖြစ်ပါတယ်။

ငါးကင်ပြုလုပ်ဖို့အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့

  • ဆလားဗီးယားငါး အနေတော်အရွယ်()ကောင်
  • ကြက်သွန်ဖြူ  ()မွှာ
  • ဂျင်း ()လက်မခန့်
  • ရှမ်းနံနံ ()စည်း
  • မြေပဲလှော်ပြီးသား (ကြိုက်သလောက်ထည့်နိုင်ပါသည်)
  • နံနံပင် ()စည်းဝက်ခန့်
  • ငရုတ်သီးစိမ်း ()တောင့်ခန့်
  • ထောပတ်အဆီ (၁၀)သားခန့်

ပထမဦးဆုံး ဆလားဗီးယားငါးအနေတော်အရွယ်ကို သန့်စင်ကာဓားနဲ့ကန့်လန့်ဖြတ်လေးတွေမွှန်းပြီး ဆား ၊ နနွင်းမှုန့် ၊ အရသာမှုန့်တွေနဲ့ရောနယ်ပြီးနှပ်ထားပါ။ ဒီလိုနှပ်ထားတဲ့အချိန်အတွင်းမှာ ကြက်သွန်ဖြူ ၊ နံနံပင် ၊ ရှမ်းနံနံ ၊ ဂျင်း ၊ ငရုတ်သီးစိမ်းနဲ့ မြေပဲလှော်တွေကိုရောထောင်းပါ။ မညက်တညက်ထောင်းပြီးရင်တော့ ထောင်းထားတဲ့အရွက်အသီးအစုံကို ငါးရဲ့ဗိုက်ထဲမှာသွတ်ပါ။ ပြီးရင်တော့ငါးအပေါ်ယံအရေပြားပေါ်နဲ့ ဓားနဲ့မွှန်းထားတဲ့ကြားထဲတွေကို ထောပတ်ဆီလေးတွေသုတ်လိမ်းပေးပါ။ ပြီးရင်တော့ မီးသွေးမီးဖိုပေါ်မှာ အကင်သံပြားလေးတင်ပြီး အစာသွတ်ထားတဲ့ငါးကိုစိတ်ကြိုက်ကင်လို့ရပါပြီ။ ငါးအသားလေးတွေနီမြန်းလာပြီး အနံ့မွှေးလာပြီဆိုရင်တော့ အရသာကောင်းမွန်တဲ့ ငါးကင်ချိုချိုမွှေးမွှေးလေးကို ရရှိနိုင်ပါပြီနော်။ ငါးကင်နဲ့တို့စားဖို့အတွက် အလိုက်ဖက်ဆုံး အချဉ်ရည်ပြုလုပ်နည်းလေးကတော့ မန်ကျည်းရည်ပျစ်ပျစ်လေးဖျော်ထားတဲ့အထဲကို ထန်းလျက်()ခဲ ၊ ငရုတ်သီးစိမ်း()တောင့် ၊ ကြက်သွန်ဖြူ()တောင့်ကိုထောင်းထည့်ပြီး ပေါင်းစပ်လိုက်မယ်ဆိုရင်တော့ ငါးကင်နဲ့တကယ့်ကိုပနံသင့်တဲ့ အချဉ်ရည်လေးကို ရရှိနိုင်ပါပြီနော်။ ကဲဒါဆိုရင်တော့ပြီးပြည့်စုံကောင်းမွန်တဲ့ငါးကင်လေးကိုအဆင့်သင့်သုံးဆောင်နိုင်ပါပြီနော်။

Leave A Comment

Your email address will not be published. Required fields are marked *