အရသာထူးကဲတဲ့ဟင်းလျာအသစ်အဆန်းတွေကို အမြဲတီထွင်ချက်ပြုတ်နေတဲ့ Green Lake Restaurant………..

တစ်နေ့တာမစတင်မီ  ???   နေ့သစ်ရဲ့အစမှာ လတ်ဆတ်တဲ့မနက်စာလေးသုံးဆောင်ရင်း အားအင်ဖြည့်တင်းချင်သလား ??   ဗိုက်အဆာဆုံးအချိန်လေးမှာ  ? ? ?   အရသာရှိရှိနေ့လည်စာလေးသုံးဆောင်ရင်း ဉာဏ်သစ်လောင်းချင်သလား??  တစ်နေ့တာရဲ့ပင်ပန်းနွမ်းနယ်မှုတွေကို  ? ? ?    ညစာကောင်းကောင်းလေးသုံးဆောင်ရင်း ဖြေဖျောက်မှုတွေပြုလုပ်ချင်သလား??   ? ? ?   အားလုံးအတွက်အဆင်ပြေသွားစေမယ့်ဆိုင်လေးနဲ့ Foodies Navi ကနေမိတ်ဆက်ပေးချင်ပါတယ်။ ဒီဆိုင်လေးကတော့ မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်ကြီးဥယျာဉ်ထဲမှာတည်ရှိတဲ့  ?  Green Lake Restaurant ပဲဖြစ်ပါတယ်။ Green Lake Restaurant မှာတော့ ဒင်းဆမ်းကြိုက်တဲ့သူတွေအတွက်  ? ? ?   နူးနူးအိအိဒင်းဆမ်းလေးတွေ ၊ မနက်စာကောင်းကောင်းစားချင်သူများအတွက်  ? ? ? ?   စုံလင်လှတဲ့မနက်စာတွေ၊ထိုင်းအစားအစာနဲ့တရုတ်အစားအစာတွေကိုထူးခြားတဲ့အရသာတွေနဲ့သုံးဆောင်နိုင်မယ့်နေ့လည်စာနဲ့ညစာတွေကိုလည်းတစ်ဝကြီးသုံးဆောင်နိုင်မှာဖြစ်သလိုအပူအအေးမျိုးစုံကိုလည်းလိုက်ဖက်ညီစွာနဲ့တွဲဖက်သုံးဆောင်နိုင်မှာဖြစ်ပါတယ်။

ကျွမ်းကျင်တဲ့စားဖိုမှူးကြီးတွေကိုယ်တိုင်  ??‍? ??‍? ??‍?   စီမံချက်ပြုတ်ထားတာကြောင့် အရသာကတော့မေးနေစရာတောင်မလိုပါဘူးနော်။ ?‍♀️ ??‍♂️ ?‍♀️    လတ်ဆတ်တဲ့ဟင်းသီးဟင်းရွက်နဲ့ အသားငါးတွေကိုသာအသုံးပြုထားပြီး သေသပ်လှပတဲ့အပြင်အဆင်တွေကြောင့် သန့်သန့်ရှင်းရှင်းသုံးဆောင်နိုင်မှာပဲဖြစ်ပါတယ်။  ? ? ?   အရသာအသစ်အဆန်းတွေကို စောင့်မျှော်နေတတ်သူတွေအတွက်လည်း တစ်နေ့တစ်မျိုးမရိုးနိုင်တဲ့ Today’s Special ကိုလည်းရင်ခုန်ခံစားနိုင်မှာဖြစ်ပါတယ်။   ? ? ?   Green Lake Restaurant  ရဲ့ထူးခြားချက်ကတော့ သောကြာ ၊ စနေနဲ့တနင်္ဂနွေနေ့တွေမှာ  အရသာထူးခြားလွန်းလှတဲ့ Hot Pot ပူပူလေးကိုသုံးဆောင်နိုင်မှာဖြစ်ပါတယ်။ ? ? ?

အလှူမင်္ဂလာပွဲတွေ ၊ မွေးနေ့ပွဲတွေအတွက်အထူးအော်ဒါမှာယူနိုင်သလို  ? ? ?   Staff Party , Gathering တွေနဲ့ Birthday Party တွေအတွက်လည်း စနစ်တကျစီစဉ်ဆောင်ရွက်ပေးပြီး ဝန်ဆောင်မှုကောင်းတွေကိုရရှိနိုင်မှာဖြစ်ပါတယ်။  ?? ?? ??   ကားပါကင်ကျယ်ဝန်းတာကြောင့်  ? ? ?   ကားရပ်နားဖို့အတွက်စိတ်ပူစရာမလိုဘဲ စိတ်အေးချမ်းသာစွာ သုံးဆောင်နိုင်မှာဖြစ်ပါတယ်။ ၂၀၁၇ခုနှစ်အောက်တိုဘာလကမှ စတင်ဖွင့်လှစ်ထားတာဖြစ်ပေမယ့် အချိန်တိုအတွင်းမှာ Review ကောင်းကောင်းလေးတွေရရှိထားတာကြောင့် သွားရောက်သုံးဆောင်ကြည့်မယ်ဆိုရင် လုံးဝအရွေးမမှားစေမယ့် ဆိုင်လေးပါနော်။ ? ? ?

 

Image Source : www.facebook.com/greenlakerestaurant

Leave A Comment

Your email address will not be published. Required fields are marked *