Thai အစားအစာကောင်းတွေရရှိနိုင်တဲ့ Green Gallery Thai Restaurant

ထိုင်းအစားအစာကောင်းကောင်းလေးတွေစားချင်တဲ့ အစားအစာကိုချစ်မြတ်နိုးတဲ့စားသုံးသူတွေအတွက် ဆိုင်ကောင်းကောင်းလေးတစ်ဆိုင်နဲ့မိတ်ဆက်ပေးချင်ပါတယ်။ ထိုင်းအစားအစာဆိုတာလည်းမြန်မာနိုင်ငံမှာလူကြိုက်များတဲ့အစားအစာဖြစ်ပါတယ်။ ထိုင်းစာစပ်စပ်လေးတွေနဲ့ စားသောက်လိုက်ရင် တရှူးရှူးတရှဲရှဲနဲ့ နှာရည်တွေပါယိုပြီး ချွေးပြန်သွားလောက်ထိကောင်းတဲ့အတွက်ကြောင့် လူတိုင်းအရမ်းကိုကြိုက်နှစ်သက်ကြပါတယ်။ ဒီလိုထိုင်းစာကောင်းကောင်းလေးတွေရရှိနိုင်တဲ့ဆိုင်လေးတစ်ဆိုင်ကတော့ Green Gallery ဆိုတဲ့ဆိုင်လေးပဲဖြစ်ပါတယ်။ Green Gallery ဆိုင်လေးကို September 2013  52nd street, in between Mahabandhoola and Merchant streets, Yangon မှာစတင်ဖွင့်လှစ်လာခဲ့ပြီး popular အဖြစ်ဆုံးထိုင်းအစားအစာတွေကိုရရှိနိုင်တဲ့ ဆိုင်လေးပဲဖြစ်ပါတယ်။

ခေတ်မှီလူကြိုက်များတဲ့ထိုင်းအစားအစာ၊ လတ်ဆတ်သောသစ်သီးဖျော်ရည် နှင့် အထူးပြုလုပ်ထားတဲ့ပန်းသီးဖျော်ရည်တွေကို ရရှိနိုင်တဲ့အတွက်စားသုံးသူတွေစိတ်ကျေနပ်မှုရရှိစေမှာအမှန်ပဲနော်။ မြန်မာအစားအစာတွေကိုအမြဲစားနေရတဲ့အတွက်ကြောင့်တစ်ခါတစ်လေအပြောင်းအလဲလေးဖြစ်သွားအောင် အခြားအစားအစာ စားချင်လို့ Green Gallery ကိုသွားမယ်ဆိုရင် ထိုင်းအစားအစာတွေကိုကြိုက်ပြီးအမြဲတမ်းထိုင်းအစားအစာပဲစားချင်နေပါလိမ့်မယ်။ တကယ့်ကိုလည်း ထိုင်းအစားအစာတွေက Spicy Food ဖြစ်ပေမယ့်လည်း ထမင်းမိန်စေပြီးအစပ်အဟပ်တည့်တဲ့အတွက်ကြောင့်မို့ စားရတာတကယ့်ကိုအရသာရှိပါတယ်။ ဒီလိုအရသာရှိတဲ့ထိုင်းအစားအစာတွေကို Green Gallery မှာရရှိနိုင်တာတကယ့်ကိုဝမ်းသာစရာဖြစ်ရပါတယ်။

Green Gallery မှာရရှိနိုင်တဲ့ menu တစ်ချို့ကိုဖော်ပြထားတဲ့အတွက်ကြောင့် ကြည့်လိုက်တာနဲ့တကယ့်ကို အရသာရှိပြီးအခုပဲ ပြေးဝယ်စားချင်စိတ်ပေါက်စေပါတယ်။ မတွေ့တာကြာပြီဖြစ်တဲ့ငယ်သူငယ်ချင်းတွေနဲ့ပဲ ပျော်ပျော်ပါးပါးသွားစားတာပဲဖြစ်ဖြစ်၊ ကုမ္ပဏီဝန်ထမ်းတွေစုပြီး မိတ်ဆုံစားပွဲပဲလုပ်လုပ်၊ အရသာရှိလှတဲ့မိသားစုထမင်းဝိုင်းလေးပဲဖန်တီး ဖန်တီး တကယ့်ကိုပျော်ရွှင်စိတ်ကြည်နူးဖွယ်ရာထမင်းဝိုင်းလေးတစ်ခုဖန်တီးနိုင်တဲ့နေရာလေးပဲဖြစ်ပါတယ်။ အစားအစာကြိုက်နှစ်သက်သူချင်းမို့ အရသာရှိတဲ့အစားအစာတွေရရှိနိုင်တဲ့ ဆိုင်လေးတွေကိုညွှန်ပြပေးတာဖြစ်ပါတယ်။ နောက်ထပ်ဘယ်ဆိုင်တွေကလည်း၊ ဘယ်လိုဟင်းလျာတွေနဲ့ ဘယ်လိုအရသာရှိလဲဆိုတာကို ဝေမျှပေးသွားမှဖြစ်တဲ့အတွက် ဝင်ရောက်ကြည့်ရှဖို့မမေ့နဲ့နော်။ အာဟာရရှိတဲ့အစားအစာတွေကိုစားသုံးရင်ကျန်းမာပျော်ရွှင်သောဘဝလေးကိုပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။

Green Gallery Facebook Page : www.facebook.com/yangongreengallery

 

Leave A Comment

Your email address will not be published. Required fields are marked *