အသားတွေမက? အသည်းတွေပါထည့်ထားတဲ့ ရန်ကုန်မြို့ရဲ့အကောင်းဆုံး Sandwich ဆိုင် ?

အစားတစ်လိုင်းတို့ရေ ရန်ကုန်မြို့ရဲ့ဘယ်ဆိုင်မှာမှ မရနိုင်တဲ့ အာခံတွင်းကိုဒိတ်ဒိတ်ကျဲဗလောင်ဆူသွားစေမယ့်  Sandwich အရသာကိုမြည်းစမ်းပြီးကြပြီလားဗျို့ ?? ပုံမှန်မြင်တွေ့နေကျ Sandwich တွေရဲ့အရသာကို ခုန်ပျံကျော်လွှားပြီး အရသာခံအာရုံကို နှိုင်းယှဉ်မရနိုင်တဲ့ ထိပ်တန်းအရသာတွေဆီ ခေါ်ဆောင်ပေးသွားနိုင်မယ့် Sandwich ဆိုင်အသစ်စက်စက်လေးအကြောင်းပြောပြပေးမယ်နော်။ ဒီဆိုင်လေးကတော့ ဇူလိုင်(၁၇)ရက်နေ့ကမှ ပူပူနွေးနွေးဖွင့်လှစ်ထားတဲ့ ” Great Sandwich ” ပါ။ နာမည်နဲ့မတရားတွေ လိုက်ဖက်လွန်းလောက်အောင် အရသာနဲ့ပြင်ဆင်ပုံထူးခြားမှုက လုံးဝ Great ပါပဲ။

Sandwich သီးသန့်ဆိုင်မို့ အရသာကိုမေးမြန်းစူးစမ်းနေစရာမလိုဘဲ တန်းသာဒိုးလိုက်တော့ ကိုယ့်လူ။ ဝင်ဝင်ချင်းမှာပဲ မှန်ဘောင်နဲ့ခတ်ထားတဲ့ ပါဝင်တဲ့အမယ်တွေရှိုးလိုက်ရုံနဲ့တင် ပုံစံလေးတွေတမူထူးခြားနေလို့ အရသာအဆန်းလေးစားရတော့မယ်ဆိုတာ တထစ်ချယုံကြည်မိပြီးသား ? အထူးခြားက ပေါင်မုန့်ပဲ အရောင်လေးကအစစိုအိပြီး ပေါင်မုန့်ကြီးပဲ ကိုက်စားပစ်ချင်လောက်အောင် ဖမ်းစားနေလို့ မင်မင်စပ်စုကြည့်လိုက်တာ ? ပေါင်မုန့်ကအစ ကိုယ်တိုင်ဖုတ်တာတဲ့ ? သုံးတဲ့အသားတွေကလည်း ready-made Sausage တွေသုံးတာမဟုတ်ဘဲ ကိုယ်တိုင်လုပ်တာတဲ့ ? Sauce ကလွဲပြီးတခြားဟာအကုန် ကိုယ်တိုင်ပြုလုပ်ထားတဲ့ လတ်လတ်ဆတ်ဆတ်တွေဆိုတော့ မကြွေဘဲကိုမနေနိုင်တော့ဘူး ?

 

 

အဓိကအနေနဲ့က sandwich ကို ကြက်သား ၊ ဝက်သား ၊ အမဲသား ၊ ဥတွေနဲ့ရနိုင်တယ်။ နံနံပင် ၊ အရွက် ၊ ငရုတ်သီးစိမ်းထည့်မထည့်တွေလည်း တစ်ခါတည်းမေးတယ်။  ပြင်သစ်စတိုင် Sauce တွေကိုအသုံးပြုပြီး ဗီယက်နမ်စားဖိုမှူးကိုယ်တိုင် ပြင်ဆင်ပေးတာမို့ အရသာကလုံးဝအံ့မခန်းပဲ ? (စားဖိုးမှူးလေးကလည်း ချစ်စရာကောင်းချက်? ဟိဟိကြော်ငြာဝင်တာ ? ) စေတနာပါချက်ကလက်လန်တယ် ? အသားတွေလောက်ကို စကားထဲကိုထည့်မပြောတာ ? အသဲတွေပါထည့်ပေးတာ။ အက်မင်မှာစားဖြစ်တဲ့ထဲကဆိုရင် ” Great Signature Pork ” ကအဖိုင်းဆုံးပဲ ? ဝက်သားကင် ၊ မုန်လာဥဖြူနီသနပ် ၊ နံနံပင် ၊ သခွားသီး ၊ ငရုတ်သီးစိမ်း ၊ ဝက်အသည်း Paste ၊ မိယောနိစ်တွေနဲ့ပြင်ဆင်ပေးတာ။ အသားကင်အပြင် ဝက်အသည်းအရသာဆိမ့်ဆိမ့်လေးပါပါတော့ အသည်းကိုငြိရောပဲ ? သွားစားဖြစ်ရင်တော့ ဒါလေးကို Try ကြည့်တော်တော်လေးဖိုင်းတယ်။

Cripsy Roasted Pork ကတော့ ဝက်အသည်းမပါဘူး ။ Pork BBQ အစား roasted pork ကိုသုံးထားတယ် ကျန်တာတော့ Great Signature Pork နဲ့ အတူတူပဲ။ ဝက်အသည်းပါတာလောက်တော့ အရသာမဖိုင်းဘူး။ Honey Grill Chicken လေးလည်းမဆိုးဘူးရယ် ? ကြက်အသည်းလေးနဲ့ အရသာလေးကိုဖမ်းစားထားတာ။ ပျားရည်ပါတော့ ပိုပြီးစွတ်ဖတ်ဖတ်လေးနဲ့ အိနေရောပဲ။ BBQ Chicken လေးလည်းကြိုက်တယ်။    မင်မင်ကတော့ အသည်းပါတဲ့ Sandwich တွေကိုပိုပြီးခိုက်တယ်။ အရသာကအဆိမ့်ဓာတ်ဘက်ကို ပိုအသားပေးထားတော့ အရသာကနှစ်ဆလောက်မြောက်တတ်သွားသလိုပဲ။ ပေါင်မုန့်ထဲသိပ်ထားတဲ့အဆာပလာတွေက ပေါင်မုန့်သားတွေထဲထိစိမ့်ဝင်နေသလိုပဲ။ ငရုတ်သီးစိမ်းလေးကို တထောက်ထောက်ဝါးမိချိန်မှာ အရသာကပိုလေးနက်သွားသလို ခံစားရတယ်။ ချိုချဉ်ငံစပ်အရသာလေးတွေစုံလင်တော့ မြန်မာပါးစပ်နဲ့လုံးဝကွက်တိပဲ ?

Great မှာနောက်ထပ်ထူးခြားတာက home-made Juice လေးတွေရနိုင်တာပဲ။ အချိုအရသာပေါ့ပြီး ? သဘာဝအရသာတိုင်းလေးရနိုင်တော့ မွှေးဆိမ့်အေးနေတာပဲ ။ အယ်လ်မွန် ၊ ဗန်ဒါစေ့ ၊ ပြောင်ဖူးတို့လိုအဆိမ့်လေးတွေကို ဖျော်ထားတော့ အဆိမ့်ချည်းပဲတစ်လိုင်းအရသာခံရမှာနော်။ Chemical တွေမပါတော့ ရေခဲသေတ္တာမထည့်ထားရင် (၃)နာရီလောက်ပဲခံတယ်။ ထည့်ထားရင်လည်း(၃)ရက်လောက်ပဲခံတယ်။ အခုကဆိုင်ဖွင့်ကာလမို့ ဇူလိုင်လ(၂၂)ရက်နေ့ထိ Great မှာသွားစားရင် Sandwich တစ်ခုဝယ်ရင် Corn Milk တစ်ဘူးလက်ဆောင်ရမှာနော်။

ဆိုင်လေးကတော့ အစားအသောက်တွေပေါများလှတဲ့ ဒဂုံမြို့နယ် ၊ ဗိုလ်ရာညွန့်လမ်းမပေါ်မှာပါ။ Mr.Wok နဲ့ဘေးချင်းကပ်ရပ် ၊ အောင်မင်္ဂလာရှမ်းခေါက်ဆွဲဆိုင်ရဲ့မျက်စောင်းထိုးလောက်မှာပါ။ ဆိုင်က မနက်(၇)နာရီခွဲကတည်းစဖွင့်တာမို့ မနက်စာကို Sandwich ကောင်းကောင်းလေးကြိတ်မယ်ဆိုလည်း လုံးဝကွက်တိပဲ ? အဟင်းဟင်းပြောရင်းတောင် ပြန်သွားရည်ကျမိတယ် ? ဈေးနှုန်းတွေကလည်း အနေတော်လေးပဲ ။ Sandwich တွေက ၁၉၀၀ ကျပ်ကနေစပြီးတော့ ၂၇၀၀ထိရှိတယ်။ Juice တွေကတော့ ၁၅၀၀ကနေ ၂၇၀၀ထိရှိတယ်။ ပေးရတဲ့ဈေးနဲ့တူညီတဲ့ အရသာထူးခြားမှုရမှာ အသေအချာပဲ ။ မဖြစ်မနေသွားစားကြည့်သင့်တဲ့ ဆိုင်လေးလို့အကြံပြုချင်ပါတယ်နော်။

Leave A Comment

Your email address will not be published. Required fields are marked *