ငါးကင်ဟော့ပေါ့ရှယ်ကောင်းတဲ့ ရွှေဇလုံ…..

ဟော့ပေါ့စားတိုင်း အသားလုံးတွေ ၊ အသားပြားတွေနဲ့ချည်းစားနေရလို့ ငြီးငွေ့နေပြီလား အစားတစ်လိုင်းတို့ရေ ။ ငါးထဲမှာဆိုအရသာအကောင်းဆုံးလို့ပြောလို့ရတဲ့ ကက္တတစ်ငါးချိုချိုမြမြလေးကို ဟော့ပေါ့အနေနဲ့ပြောင်းစားကြည့်ဖို့အတွက် ငါးကင်ဟော့ပေါ့နာမည်ကြီးတဲ့ ရွှေဇလုံဆိုတဲ့ဆိုင်လေးအကြောင်းကို Foodies Navi ကနေပြောပြပေးချင်ပါတယ်။

ငါးကင်ဟော့ပေါ့ကတော့ မာလာအရသာနဲ့ကြံမဆိုင်အရသာဆိုပြီး ရနိုင်မှာဖြစ်ပါတယ်။ အရသာရှူးရှူးရှဲရှဲလေးနဲ့  ဟော့ပေါ့အရည်လေးကိုတရွှတ်ရွှတ်သောက်နိုင်ပြီး လတ်ဆတ်တဲ့ငါးအသားလွှာလေးတွေကို ဖဲ့ဖဲ့စားရတာအိအိဖတ်ဖတ်လေးနဲ့ တော်တော်လေးစားလို့ကောင်းတယ်။ အရည်တွေနဲ့မကြိုက်ရင်လည်း အနှစ်များများလေးနဲ့ စိုစိုအိအိလေးစားလို့ရသေးတယ်။ အစပ်အဟပ်တည့်ပြီး ငါးအသားလွှာလေးတွေရဲ့ လတ်ဆတ်ပြီးနူးညံ့ချိုမြတဲ့အရသာကို ပြည့်ပြည့်ဝဝခံစားရရှိနိုင်မှာဖြစ်ပါတယ်။ တစ်ပွဲမှာစားရင်လည်း အပ်မှိုတစ်ပွဲ ၊ ကြက်ဥခေါက်ဆွဲတစ်ပွဲ Free ရသေးတယ်ဆိုတော့ (၃)ယောက်လောက်ဗိုက်ကားအောင်စားလို့ရတယ်။

ရွှေဇလုံမှာတော့ ဝက်သားပြားမာလာကင် ၊ ကြက်တောင်မာလာကင် ၊ ဝက်စတူးမုန်ညင်းချဉ် ၊ ပုဇွန်လန်ပါး ၊ နံရိုးပဲငပိ ၊ ကန်တုန်နံရီုးပေါင်း ၊ တုန်ကွမ်းကြက်တောင်ပံ ၊ ဝက်သားလိပ်စတဲ့ရှယ်ဟင်းလျာတွေကို ရရှိနိုင်တဲ့အပြင် မန္တလေးမုန့်တီ ၊ ခိုတောင်မုန့်တီ ၊ မန္တလေးမြီးရှည် ၊ ရှမ်းခေါက်ဆွဲ ၊ ဆီချက်ခေါက်ဆွဲ ၊ မုန့်ဟင်းခါး ၊ ခေါပုတ်ကြော် ၊ တောင်ကြီးဝက်သားချဉ်စတဲ့ ခံတွင်းတွေ့မယ့် မနက်စာတွေကိုလည်း ရနိုင်ဦးမှာဖြစ်ပါတယ်။ ဆိုင်လိပ်စာကတော့ ဝေဇယန္တာလမ်းမပေါ် ၊ ဝေဇယန္တာလမ်းနှင့်ကျော်သူလမ်းထောင့် ၊ တောင်ဥက္ကလာပမြို့နယ်ဖြစ်ပါတယ်။

Image Source :  www.facebook.com/goldenpothotpot

Leave A Comment

Your email address will not be published. Required fields are marked *