ထိုင်းစာစစ်စစ်လေးတွေစားနိုင်ဖို့ ထိုင်းနိုင်ငံထိသွားစရာမလိုတော့ဘူးနော် ?

ထိုင်းနိုင်ငံကိုသွားရောက်လည်ပတ်ဖူးသူတွေတိုင်း မမေ့နိုင်အောင်အသည်းစွဲပါလာတာကတော့ ထိုင်း Street Foods တွေပဲဖြစ်ပါတယ်။ စားဖူးသူတွေကထပ်တလဲလဲစားချင်နေသလို မစားဖူးသေးတွေကလည်း သတင်းစကားတွေတဆင့် အရသာရဲ့ထူးခြားမှုတွေကို မြည်းစမ်းချင်ကြမှာ အသေအချာပါပဲနော်။ ထိုင်း Street Food တွေရောင်းတဲ့ဆိုင်တော်တော်များများ ပေါ်ထွက်လာနေပေမယ့် ထိုင်းမှာသွားစားတဲ့အရသာအတိုင်းမှ စားချင်တာပါဆိုတဲ့ ထိုင်းစာကြိုက်သူတွေအတွက် ထိုင်းမလေးတွေကိုယ်တိုင်ရောင်းချပေးနေပြီး ထိုင်းအစားအစာစစ်စစ်လေးတွေရနိုင်မယ့် Godeng & Hodeng Thai Noodle ဆိုတဲ့ထိုင်းဆိုင်လေးအကြောင်းကို  Foodies Navi ကနေ ပြောပြပေးချင်ပါတယ်။

ဒီဆိုင်လေးမှာတော့ ထိုင်းစာဆိုရင် ထိပ်ဆုံးကပါစမြဲဖြစ်တဲ့ ကွေ့သယိုတွေကို ဝက်သား ၊ ကြက်သား ၊ ဆိတ်သားကြိုက်နှစ်သက်တဲ့ အသား၊အရည်တွေနဲ့  တစ်ပွဲ(၂၀၀၀)ကျပ်တည်းပေးပြီး တဝကြီး မြည်းစမ်းနိုင်မှာဖြစ်ပါတယ်။ နူးညံ့တဲ့ကွေ့သယိုဖတ်လေးတွေထဲထိ အသားအရသာတွေ စိမ့်ဝင်နေလောက်အောင် စီမံချက်ပြုတ်ပေးထားပြီး အသားတွေကနူးအိနေသလို လတ်ဆတ်တဲ့အရွက်လေးတွေပါပေါင်းစပ်ထားတော့ စားလေအားမရနိုင်လေပါပဲ။ လူကြိုက်များပြီး ထိုင်းစာအထောင်းလေးတွေဖြစ်တဲ့ ပင်လယ်စာထောင်း ၊ ပြောင်းဖူးထောင်း ၊ ဝက်ခေါက်ထောင်း တွေကိုထိုင်းအရသာစစ်စစ်လေးတွေနဲ့ရနိုင်သလို အသားလုံး(ဝက် ၊ ဆိတ် ၊ ပင်လယ်စာ) ၊ မာမားသုပ် ၊ ဝက်နံရိုးဟင်းရည် ၊ ပုဇွန်အစိမ်းသုပ် ၊ ထမင်းကြော်(ဝက် ၊ ကြက် ၊ ပင်လယ်စာ)တွေကို ထိုင်းလက်ရာနဲ့သုံးဆောင်နိုင်ဦးမှာဖြစ်ပါတယ်။

ထိုင်းမှာသွားစားနေရသလို ထိုင်းအရသာစစ်စစ်တွေကို ပြည့်ပြည့်ဝဝခံစားရရှိနိုင်မှာဖြစ်လို့ ထိုင်းအစားအစာတွေစားနိုင်ဖို့ ထိုင်းထိသွားနေစရာမလိုတော့ဘူးနော် ။ ဆိုင်လိပ်စာကတော့ ပုလဲကွန်ဒို ၊  Asia Light အနီး ၊ တိုက်နံပါတ် B ၊မြေညီထပ်မှာဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ မနက်(၁၀)နာရီကနေ ည(၁၀)နာရီအထိပဲဖြစ်ပါတယ်။

 

Image Source : www.facebook.com/godeng&hodengthainoodle

 

Leave A Comment

Your email address will not be published. Required fields are marked *