ထိရှတဲ့အရသာကို တမြေ့မြေ့ခံစားပြီး Hot Pot နဲ့ BBQ ကိုအဝတီးနိုင်ဖို့ ….

Hot Pot နဲ့ BBQ ကို အဝကြိတ်ဖို့အတွက် ဆိုင်ကောင်းတွေအများကြီးရှိနေပေမယ့် Hot Pot ရော BBQ ပါနှစ်မျိုးစလုံးကောင်းတဲ့ဆိုင်ကတော့ အတော်ကိုရှားပါတယ်။ အခု Foodies Navi ကနေမိတ်ဆက်ပေးချင်တဲ့ဆိုင်လေးကတော့ Hot Pot ရော BBQ ပါ အရသာလေးလေးပင်ပင်လေးနဲ့ ထိထိမိမိလေးရှိလှတာကြောင့် Foodies တို့လျှာဖျားမှာ တားမရစီးမရဘဲ ထပ်ထပ်စားချင်စိတ်တွေဖြစ်ပေါ်လာနိုင်အောင် ဖမ်းစားနိုင်မယ့် Gandamar Garden ဆိုတဲ့ဆိုင်လေးဖြစ်ပါတယ်။ ဒီဆိုင်လေးမှာတော့ Hot Pot နဲ့ BBQ အပြင် Side dish တွေကိုပါရွေးချယ်မှာယူနိုင်ပါတယ်။

 

BBQ ကတော့ လတ်ဆတ်တဲ့အသားတွေကို အရသာစိမ့်ဝင်ကောင်းမွန်အောင်နှပ်ထားပြီး ကိုယ်တိုင်ကင်ကာစိတ်ကြိုက်သုံးဆောင်နိုင်မှာဖြစ်ပါတယ်။ အရသာရဲ့ထူးခြားမှုကတော့ လျှာပေါ်တင်ကြည့်ရုံနဲ့ ပျော်ဝင်ကျသွားလောက်အောင် အာခံတွင်းထဲမှာ ဝဲပျံလွင့်မျောသွားပြီး ထပ်ထပ်စားချင်အောင် အပြတ်ဆွဲဆောင်ထားနိုင်ပါတယ်။ အကင်လေးတွေကိုမှ ခရမ်းချဉ်သီး ၊ ငရုတ်ပွသီးလေးတွေနဲ့ တွဲဖက်စားကြည့်မယ်ဆိုရင်တော့ မအီနိုင်တော့လောက်အောင် စားပြီးရင်းစားနေမိမှာအသေအချာပါပဲ။ Hot Pot ဟင်းရည်ကလည်း ချိုချဉ်ငံစပ်ဖန်တီးမှုလက်ရာတွေကြောင့် ထိထိမိမိရှိလှပါတယ်။ Hot Pot ဟင်းရည်ထဲက အသီးအရွက်၊အသား၊ပုဇွန်တွေကလည်း အရသာစိမ့်ဝင်မှုတွေပြည့်နှက်နေတာကြောင့်လေးလေးပင်ပင်လေးနဲ့ တကယ့်ကိုခံတွင်းတွေ့စေပါတယ်။ ရာသီစာအသီးလေးတွေ၊ ရေခဲမုန့်နဲ့ဒိန်ချဉ်တွေလည်း အချိုတည်းလို့ရသေးတယ်ဆိုတော့ လုံးဝပြီးပြည့်စုံစေမယ့်ဆိုင်လေးပါပဲနော်။

စျေးနှုန်းအနေနဲ့ကလည်း အဝစားတစ်ယောက်ကိုမှ ၁၁၈၀၀ကျပ်ဆိုတော့ ပိုးစိုးပက်စက်တန်ပြီလေ။ ကလေးတွေဆိုရင် ၅၀၀၀ကျပ်ပဲကျမှာဆိုတော့ မိသားစုလိုက်ပျော်ပျော်ပါးပါး သွားသုံးဆောင်မယ်ဆိုရင် တကယ့်ကိုတန်တဲ့ဆိုင်လေးပါ။ မွေးနေ့မှာ သူငယ်ချင်းတွေကို Treat ရင်း  Chit Chat မယ်ဆိုရင်လည်း မွေးနေ့ရှင်ကို Free ပေးမယ့်အပြင် ()ယောက်လာ()ယောက် Free ဆိုတော့ တကယ်ကိုကြွေပြီလေ။  ဆိုင်ရဲ့လိပ်စာကတော့ အမှတ်(၁၃၂) ၊ ဂန္ဓမာလမ်း ၊ Gandamar Wholesale အနီး၊မရမ်းကုန်းမြို့နယ်၊ရန်ကုန်ဖြစ်ပါတယ်။

 

 

Image Source : www.facebook.com/gandamargarden

Leave A Comment

Your email address will not be published. Required fields are marked *