သဘာဝအသီးစစ်စစ်နဲ့ပြုလုပ်ထားတဲ့ ရေခဲချောင်းလေးတွေရနိုင်မယ့်ဆိုင်

ရာသီဥတုတအားပူပြင်းလာတော့ ဆောင်းနေစပ်ဖျင်းဖျင်းထဲ အေးအေးဆိမ့်ဆိမ့်ရေခဲချောင်းလေးကိုက်ရင်း အပူတွေဖြေဖျောက်ရရင် ဘယ်လောက်တောင်ကောင်းလိုက်မလဲနော်။ ရေခဲချောင်းတော်တော်များများက ဆိုးဆေးမကင်းတော့ချောင်းဆိုးမှာလည်း စိုးရိမ်ရပြန်ရော။ ဒီတော့မင်မင်ကနေ သဘာဝအသီးစစ်စစ်တွေနဲ့စီမံပြုလုပ်ထားတဲ့ ရေခဲချောင်းဆိုင်လေးကိုညွှန်းပေးမယ်။ ဆိုင်နာမည်လေးက ” Fun Fruit Time Tutu Popsicle”ပါ။ အသီးတွေချည်းလည်းမစားချင် ဆိုးဆေးပါတဲ့ရေခဲချောင်းတွေလည်းရှောင်ချင်တယ်ဆိုရင်တော့ အသီးတွေကို ခွဲစိတ်နေစရာမလိုဘဲ လတ်လတ်ဆတ်ဆတ်နဲ့ ရေခဲချောင်းအသွင်ပြောင်းစားလိုက်ရင် လုံးဝကွက်တိပဲ။

သဘာဝအသီးအရသာဆိုလို့ အသီးအနံ့အရသာရရုံလောက် ပုံဖမ်းထားတာမျိုးမဟုတ်ဘဲ အသီးတစ်ခုလုံးကို ကိုက်စားလိုက်ရသလို အသီးအရသာပြည့်ပြည့်ဝဝကို ထိထိမိမိကြီးခံစားရမှာဖြစ်ပါတယ်။ အသီးအနံ့မွှေးမွှေးလေးနဲ့  အသီးဖတ်လေးတွေပါထည့်ပြီး အသီးအရသာကွက်တိရအောင်ဖန်တီးပေးထားတာပါ။ ချိုချိုကြီးဖြစ်မနေဘဲ ဆိမ့်ဆိမ့်လေးနဲ့ဆိုတော့ ရေလုံးဝမငတ်ဘဲ ရေငတ်တောင်ပြေသေးတယ်။ ရေခဲချောင်းအသားကလည်း ရေခဲအမာတုံးလိုမျိုးမဟုတ်ဘဲ ရေခဲမုန့်အသားလိုမျိုးဆိုတော့  ကိုက်ရတာပိုအဆင်ပြေပြီး မကုန်ခင်ထိအရသာမပြယ်ဘဲ ဒီဆိုင်လေးမှာအကြိုက်ဆုံးကတော့ ဒူးရင်းအရသာလေးပဲ။ ဒူးရင်းသီးအဖတ်လေးတွေနဲ့ ဖန်တီးပေးထားပြီး စားလိုက်တိုင်းဒူးရင်းသီးအရသာတွေ လျှာပေါ်စိမ့်ထွက်နေလို့ ဒူးရင်းသီးကြိုက်တဲ့သူတွေအတွက် လျှာလည်ထွက်သွားစေမယ့် အရသာမျိုးပါ။

ရေခဲချောင်းပုံစံလေးတွေမြင်ရုံနဲ့ကို ကိုက်စားချင်စရာကောင်းလောက်အောင် အမြင်နဲ့တင်ဆွဲဆောင်မှုရှိလွန်းတယ်။ စားကြည့်လိုက်ရင်တော့ ပိုပြီးခိုက်သွားမှာ အသေအချာပဲ။ တစ်ချောင်းကို(၁၅၀၀)/(၂၀၀၀)ကျပ်ပဲဆိုတော့ ဈေးနှုန်းလေးလည်းသင့်တင့်တယ်။ ပေးရတာနဲ့တန်တဲ့အရသာမျိုးရတော့ စမ်းစားကြည့်စေချင်တယ်။ ဒီလိုသဘာဝအသီးရေခဲချောင်းလေးတွေ ရနိုင်မယ့်နေရာကတော့ အမှတ်(၃၆) ၊ မြေညီထပ် ၊ (၁၆၅)လမ်း ၊ ဦးချစ်မောင်လမ်းမပေါ် ၊ တာမွေ Ocean နားလေးမှာပါ။ မနက်(၁၀)နာရီကနေ ည(၈)နာရီအထိဆိုင်ဖွင့်တယ်ဆိုတော့ ရင်ပူလာတဲ့အချိန်ရေခဲချောင်းနဲ့ရင်အေးအောင်လုပ်ဖို့ လုံးဝကွက်တိပဲနော်။

 

Image Source: www.facebook.com

Leave A Comment

Your email address will not be published. Required fields are marked *