ဂျပန်စတိုင် Sushi စားနိုင်ဖို့ ဂျပန်ထိသွားစရာမလိုပါဘူး

ဂျပန်စတိုင် sushi ကို မြည်းစမ်းခံစားကြည့်ချင်ရင်တော့ ဂျပန်နိုင်ငံအထိ သွားစရာမလိုတော့ပါဘူး။ ရန်ကုန်မြို့ထဲမှာတင်ပဲ ဂျပန်ရိုးရာ အရသာ စစ်စစ် sushi ကို စားသုံးနိုင်ပါပြီ။ ဂျပန် Sushi ကောင်းကောင်းကိုမှ စျေးသင့်တင့်မျှတစွာ အရသာရှိရှိနဲ့ အေးအေးဆေးဆေး သုံးဆောင်လို့ရမယ့် Fuji Sushi Japanese Food ဆိုင်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဆိုင်လေးဟာ ရန်ကုန်မြို့ရဲ့ စားသောက်ဆိုင်ကောင်းကောင်းတွေရှိနေတဲ့ ရွှေတောင်တန်းလမ်းမှာတည်ရှိတယ်ဆိုတော့ အထွေအထူးလိုက်ရှာနေစရာမလိုဘူးနော်။ ဆိုင်ရဲ့လိပ်စာ အပြည့်အစုံလေးကတော့

No 117, ရွှေတောင်တန်းလမ်း, လမ်းမတော်မြို့နယ်, ရန်ကုန် ဖြစ်ပါတယ်။

 

   Fuji Sushi Japanese Food ဆိုင်လေးကိုဝင်ထိုင်လိုက်ပြီဆိုတာနဲ့ ဂျပန်ရိုးရာလက်ဖက်ရည်အေးကို သောက်သုံးရမှာဖြစ်ပါတယ်။ မှာယူနိုင်မှာကတော့ ငါးဖယ်ရေညှိလိပ်ကြော်၊ ဝက်ဂုတ်သားကင် ၊ ဝက်ဂုတ်သားကင်သုတ် ၊ ပုဇွန်ကြော် ၊ ပုဇွန်ဥ ၊ ပေါင်မုန့်ခြောက် ၊ ဝက်ပေါင်ခြောက် sushi ၊ ဂဏန်းလက်မကြော် sushi ၊ အမဲသား ၊ ကြက်သား စတာတွေနဲ့ ပြုလုပ်ထားတဲ့  sushi တွေအပြင် Juice Italian Soda Milk Shake Yougurt  Tea စတဲ့ Menu ပေါင်း၂၂၀တောင်ရရှိနိုင်တာကြောင့်စိတ်တိုင်းကျရွေးချယ်မှာယူနိုင်မှာဖြစ်ပါတယ်။

လတ်ဆတ်တဲ့အသားလတ်ဆတ်တဲ့အသီးအရွက်တွေနဲ့ပြုလုပ်ထားတာကြောင့်သန့်ရှင်းလတ်ဆတ်မှုတွေရေပြွမ်းနေတဲ့အရသာကောင်းကောင်းကိုကျိန်းသေခံစားရရှိစေမှာပါ။  ဂျပန်စတိုင်အတိုင်း ချက်ပြုတ်ပြင်ဆင်ထားတဲ့ဟင်းလျာတွေကြောင့် ဂျပန်ရိုးရာ အရသာစစ်စစ်ကို စားနေရသလို လျှာပေါ်မှာထင်ကျန်ရစ်နေစေမှာပါ။ စျေးနှုန်းကလည်း အထူးသင့်တင့်တာကြောင့် အဆာပြပဲစားစား အဝပဲစားစား အရမ်းတန်တဲ့ဆိုင်လေးပါ။ ပေးရတဲ့ တန်ဖိုးနဲ့ မမျှလောက်အောင် လတ်ဆတ်ကောင်းမွန်တဲ့ ဂျပန်စတိုင် sushi အရသာကိုခံစားရမှာအသေအချာပါပဲ။

Image Source : www.facebook.com/fujisushijapanesefood

Leave A Comment

Your email address will not be published. Required fields are marked *