ကိုလာနံ့သင်းသင်းလေးမွှေးတဲ့ ကိုလာကြက်တောင်ပံကြော်လေး လုပ်စားရအောင်

တစ်နေ့တစ်နေ့ ဟင်းချက်နည်းတွေထပ်လာလို့ ဟင်းလျာအဆန်းလေးတွေချက်ပြီး လက်စွမ်းပြချင်တဲ့ အိမ်ရှင်မတို့အတွက် Foodies Navi ကနေ ကိုလာကြက်တောင်ပံကြော်ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။ စားနေကျကြက်သားအရသာကို မေ့သွားရလောက်အောင် ကိုလာနံ့သင်းသင်းလေးနဲ့ ကြက်သားလွှာမွမွလေးတွေရဲ့ အရသာကို တမြေ့မြေ့ခံစားနိုင်ဖို့အတွက် ပြုလုပ်ရမယ့်နည်းလမ်းလေးကတော့ တအားကိုလွယ်ကူပါတယ်နော်။

ကိုလာကြက်တောင်ပံကြော်ပြုလုပ်ဖို့အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့-

  • -ကြက်တောင်ပံ (၃၀)ကျပ်သား
  • -Cocacola (၁)ဘူး
  • -ငရုတ်ကောင်း ထမင်းစားဇွန်း(၁)ဇွန်း
  • -ကြက်သားမှုန့် ထမင်းစားဇွန်း(၁)ဇွန်း
  • -ဆားအနည်းငယ်
  • -ဆီ (၅)ကျပ်သား

ပြုလုပ်ပုံကတော့ ကြက်တောင်ပံလေးတွေကို သန့်စင်ပြီး ကြက်သားမှုန့် ၊ ဆား ၊ ငရုတ်ကောင်းတို့နဲ့ရောပြီး အသားထဲစိမ့်ဝင်အောင်နယ်ကာ (၁၅)မိနစ်လောက်နှပ်ထားပေးပါ။ (၁၅)မိနစ်ပြည့်သွားရင်တော့ ကိုလာကိုကြက်တောင်ပ့မမြုပ်တမြုပ်ထည့်ပြီး (၃၀)မိနစ်ခန့်စိမ်ထားပေးပါ။ (၃၀)မိနစ်ပြည့်သွားရင်တော့  မီးဖိုပေါ်တင်ပြီး ကိုလာခမ်းလောက်ထိပြုတ်ပေးပြီး ကိုလာခမ်းသွားရင်တော့ဆီထည့်ပြီးပြန်ကြော်ပေးပါ။ ကြက်တောင်ပံလေးတွေ ရဲရဲလေးဖြစ်သွားပြီဆိုရင်တော့ အရသာရှိလှတဲ့ ကိုလာကြက်ပံကြော်လေးကိုရရှိပါပြီနော်။ ကိုလာနံ့သင်းသင်းလေးက စားပြီးရင်းထပ်စားချင်လာအောင် ဆွဲဆောင်ထားနိုင်တာကြောင့် စားဖူးသူတိုင်း အကြိုက်တွေ့ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်နော်။

Leave A Comment

Your email address will not be published. Required fields are marked *