ကြွေလောက်တဲ့ Promotion တွေနဲ့ မာလာရှမ်းကောဆိုင်အသစ်လေး ဖွင့်တော့မယ်နော်…….

မာလာရှမ်းကောကိုအသည်းခိုက်လွန်းလို့ ဆိုင်ပေါင်းစုံလှည့်ပြီး အရသာမျိုးစုံကို စမ်းသပ်မြည်းစမ်းတတ်တဲ့ အစားတစ်လိုင်းတို့အတွက် ဇူလိုင်လ(၅)ရက်နေ့မှာဖွင့်တော့မယ့် မာလာရှမ်းကောဆိုင်အသစ်လေးအကြောင်း သတင်းကောင်းပါးလိုက်မယ်နော်။ ဆိုင်နာမည်လေးကတော့ ” Fresh & Spicy ” ပါ။ ခုထိမဖွင့်ရသေးတော့ အရသာကို မပြောနိုင်သေးပေမယ့်  ဆိုင်ဖွင့်တဲ့နေ့ကနေ ဇူလိုင်(၁၁)ရက်နေ့အထိရနိုင်မယ့် Promotion တွေကတော့ ကြော်ငြာတွေ့ရုံနဲ့တင် တော်တော်လေးကိုကြွေတယ်။ ဆိုင်စဖွင့်တဲ့နေ့မှာတော့ မာလာရှမ်းကော(၂)ယောက်စားပုံမှန် Set (၁)ပွဲကို (၃၀၀၀)ကျပ်ပဲပေးရမှာဆိုတော့ ဒီ set လေးသွားစားကြည့်ပြီး အရသာမြည်းစမ်းကြည့်မယ်ဆိုရင်တောင် တော်တော်လေးတန်တယ်နော်။

ပုံမှန် set မစားချင်လို့ စိတ်ကြိုက်ရွေးစားမယ်ဆိုရင်လည်း (၁၅%) တောင် Discount ရဦးမှာနော်။ မာလာရှမ်းကောအပြင် အနံ့အရသာအစုံနဲ့နှပ်ထားတဲ့ BBQ လည်းရနိုင်ဦးမှာပါ။ Promotion ကာလအတွင်းဆို BBQ လည်း (၁၅%) Discount ရမှာနော်။  ဒါတင်မကသေးဘူးနော် အအေးဝယ်သောက်နေစရာမလိုအောင် Coca Cola Free Drink လည်းပါသေးတယ်ဆိုတော့ စွန်းဖိုင်းတယ်နော်။

ဆိုင်အသစ်သစ်တွေကိုမှ မျှော်လင့်တောင့်တနေတတ်တဲ့ အစားတစ်လိုင်းတို့အတွက် နောက်ကောက်မကျစေဖို့  ဆိုင်ဖွင့်တဲ့ရက်ကို မြန်မြန်လေးဒိုးလိုက်တော့နော်။ Fresh & Spicy ရဲ့လိပ်စာကတော့ လှည်းတန်းဘူတာရှေ့ ၊ ဂုံးကျော်တံတားအောက်နား ၊ ဗဟိုလမ်းမပေါ်က လှည်းတန်းမှတ်တိုင်နား ၊ ပန်းနုဝေအထည်ဆိုင်ကပ်ရပ်မှာပါ။ ဆိုင်ဖွင့်ချိန်ကတော့ မနက်(၉)နာရီကနေ ည(၉)နာရီအထိပဲဖြစ်ပါတယ်။

Image Source: www.facebook.com/fresh&spicy

Leave A Comment

Your email address will not be published. Required fields are marked *