ပူပူနွေးနွေးမနက်စာကို သန့်ရှင်းလတ်ဆတ်စွာစားသုံးနိုင်မယ့် Four Tomatoes

မနက်စာစားချိန်ရောက်တိုင်း ထပ်ကာတလဲလဲစားနေရတဲ့ အစားအစာတွေကိုကြည့်ပြီး စိတ်ပျက်နေပြီလား?? ခန္ဓာကိုယ်အတွက်ခွန်အားအဖြစ်ဆုံး မနက်စာကကျန်းမာရေးနဲ့ညီညွတ်ဖို့လိုအပ်သလို စိတ်တိုင်းကျတဲ့အရသာတွေဖြစ်မှသာ တစ်နေ့တာလုံးပျော်ရွှင်လန်းဆန်းနိုင်မှာနော်။ ဒါကြောင့် Foodies Navi ကနေ သန့်ရှင်းလတ်ဆတ်ပြီး အရသာထူးခြားကောင်းမွန်တဲ့ မြန်မာ့ရိုးရာမနက်စာကောင်းကောင်းလေးတွေရနိုင်မယ့်  Four Tomatoes (ဖိုးတီ)ဆိုတဲ့ဆိုင်လေးအကြောင်းကို ပြောပြပေးချင်ပါတယ်။ ဒီဆိုင်လေးကတော့ မဟာဗန္ဓုလလမ်းနဲ့(၄၈)လမ်းထိပ်မှာတည်ရှိတာဖြစ်ပါတယ်။

ဒီဆိုင်လေးကတော့ မြန်မာ့ရိုးရာမနက်စာလေးတွေကို အဆင့်အတန်းမြင့်မြင့်ခင်းကျင်းပြီး ကျန်းမာရေးနဲ့ညီညွတ်စွာ ပြင်ဆင်ချက်ပြုတ်ပေးတာဖြစ်ပါတယ်။ အိမ်မှာကိုယ်တိုင်ပေါင်းစားသလို ကောက်ညင်းနံ့သင်းသင်းလေးနဲ့ ပူပူနွေးနွေးကောက်ညင်းပေါင်း ၊ ငချိပ်ပေါင်း ၊ မန္တလေးကနေ မြီးရှည်ဖတ်တွေကို တိုက်ရိုက်မှာယူပြီး မန္တလေးဒေသရဲ့လက်ရာအတိုင်း စားသုံးနိုင်မယ့်မန္တလေးမြီးရှည် ၊ အကောင်းစားထောပတ်တွေကိုသာ အသုံးပြုထားပြီး အဆီပါဝင်မှုနည်းတာကြောင့် မအီမစိမ့်ဘဲအဝစားနိုင်မယ့် ဒံပေါက် ၊ နူးညံ့တဲ့ဂျုံသားကိုအသုံးပြုထားပြီး အရသာဆိမ့်ဆိမ့်လေးကြောင့် လက်ဖက်ရည်/ကော်ဖီတွေနဲ့ တွဲဖက်စားရင်ပိုပြီး ခံတွင်းတွေ့တဲ့ ကြက်သွန်မြိတ်ထပ်တစ်ရာ စတဲ့လတ်ဆတ်ကောင်းမွန်တဲ့ မနက်စာတွေကို ရရှိနိုင်မှာဖြစ်ပါတယ်။

Four Tomatoes မှာချက်ပြုတ်တဲ့အစားအစာတွေကို အချိုမှုန့်လုံးဝ ဟင်းသီးဟင်းရွက်ရဲ့အချိုဓာတ်တွေကို အဓိကအသုံးပြုထားပြီး အရောင်တင်ကိုလည်း Organic သာအသုံးပြုထားတာဖြစ်ပါတယ်။ ဟင်းချက်ရာမှာအသုံးပြုတဲ့ဆီကိုလည်း မြေပဲဆုံဆီသာအသုံးပြုထားပြီး ပြန်ကြော်ဆီတွေကိုလည်း အသုံးမပြုတာကြောင့် ကျန်းမာရေးအတွက်လုံးဝစိတ်ချရပါတယ်နော်။

 

Image Source: www.facebook.com/fourtomatoes

 

Leave A Comment

Your email address will not be published. Required fields are marked *