အံ့မခန်းတဲ့တီထွင်ဖန်ဆင်းမှုလက်ရာတွေကြောင့် ? ? ? အံ့သြပျော်ရွှင်သွားရစေမယ့် ………………

ချစ်မြတ်နိုးသူတွေအကြား  ? ? ? ? ?    Suprise တွေအပြိုင်အဆိုင်လုပ်နေကြတဲ့ခေတ်ကြီးထဲမှာ  ? ? ?   ခြေတစ်လှမ်းနောက်ကျမကျန်ခဲ့စေဖို့အတွက် Foodies Navi ကနေမိတ်ဆွေတို့ကို Bake with Feel ,Feel Bakery ဆိုတဲ့ဆိုင်လေးတစ်ဆိုင်အကြောင်းကို ပြောပြပေးချင်ပါတယ်။  ? ? ?    Feel with Bake ဆိုတဲ့အတိုင်း ခံစားချက်အပြည့်ထည့်သွင်းကာ ဖန်ဆင်းပြုလုပ်ထားတဲ့ အံ့သြဖွယ်ရာလက်ရာတွေကို  ? ? ?    ခံစားရရှိနိုင်မယ့် Bakery လေးတစ်ခုပါ။ မသိသူမရှိလောက်အောင် ရေပန်းစားနေတဲ့ Bakery လေးရဲ့တည်နေရာကတော့  ? ? ? ? ?   အမှတ်(၁၆၄၁၆၈) ၊အထက်ဝါးတန်းလမ်း၊လမ်းမတော်မြို့နယ်၊ရန်ကုန်ဖြစ်ပါတယ်။

ဒီ Bakery လေးရဲ့ထူးခြားချက်ကတော့  ? ? ?   အံ့သြဖွယ်ကောင်းလောက်အောင်တူတဲ့ ပုံတူပန်းချီကားလေးတွေကိုကိတ်မုန့်ပေါ်မှာ  ? ? ?    ပုံဖော်ပေးနိုင်တာကြောင့် လက်ခံရရှိသူအတွက် ပျော်ရွှင်မှုတွေကိုအပြည့်အဝ ဆောင်ကျဉ်းပေးနိုင်မှာပါ။  ? ? ?   အမှတ်တရပုံရိပ်တွေကိုရိုက်ကူးထားတဲ့ ဓာတ်ပုံလေးတစ်ပုံရှိရုံနဲ့ ကိတ်မုန့်ပေါ်မှာပုံတူပန်းချီကားလေးပမာ  ? ? ?   ဖန်ဆင်းပေးနိုင်တာကြောင့် အထိမ်းအမှတ်နေ့တွေမှာတစ်သက်မမေ့နိုင်တဲ့ အမှတ်တရတွေ ထင်ကျန်ရစ်နေစေမှာပါ။  ? ? ? ?   အံ့အားသင့်ဖွယ် 3D အနုပညာတွေပေါင်းစပ်ပြီး အလိုရှိရာကိုစိတ်ကြိုက်ဖန်တီးပေးနိုင်တဲ့ Bakery လေးဖြစ်တာကြောင့် မိတ်ဆွေတို့လုံးဝစိတ်တိုင်းကျသွားမှာပါ။  ? ? ?

ပုံတူပန်းချီကားအမှတ်တရကိတ်လေးတွေကိုသာမက  ? ? ?   အလှအပကြိုက်တတ်တဲ့မမတွေအတွက်   ? ?   အလှကုန်ပစ္စည်းပုံစံ ၊ ရွှေငွေရတနာပစ္စည်းပုံစံ ၊   ? ? ?   ???   ဘီယာကြိုက်တဲ့ကိုကိုတွေအတွက်လည်း ဘီယာပုလင်းပုံစံ ၊ ကစားစရာလေးတွေစိတ်ဝင်စားတတ်တဲ့ သားသားမီးမီးတို့အတွက် ကားပုံစံ  ?  ၊ အရုပ်ပုံစံ ၊ ချစ်စရာကာတွန်းဇာတ်ကောင်ပုံစံလေးတွေ စတဲ့စိတ်ကူးထဲကတောင့်တလိုက်တဲ့ ပုံသဏ္ဍာန်တွေကို 3D အနုပညာနဲ့ပေါင်းစပ်ပြီး ရုပ်လုံးပေါ်အောင်ဖန်ဆင်းနိုင်မှုတွေက  ? ? ?   လုံးဝအံ့မခန်းပါပဲ ။  Cup Cake လေးတွေကိုလည်းဒီဇီုင်းအမျိုးမျိုးနဲ့ရရှိနိုင်တာကြောင့် Cup Cake ကိုမှကြိုက်နှစ်သက်တဲ့သူတွေအတွက်လည်း ကွက်တိပဲနော်။  ? ? ?   ဒီဇိုင်းဆန်းပြီးလှပသလို အရသာကလည်းနူးညံ့လတ်ဆတ်တာကြောင့် ကိတ်သားအိအိလေးတွေမစားရက်လောက်အောင် ? ? ?    ဖြစ်နေတော့မှာအသေအချာပါပဲနော်။

 

 

Image Source : www.facebook.com/bakewithfeelfeelbakery

Leave A Comment

Your email address will not be published. Required fields are marked *