အရသာရှိလှတဲ့ Home Cooking Style လေးစားချင်ရင်……

သန့်ရှင်းလတ်ဆတ်ပြီး အိမ်ထမင်း၊ အိမ်ဟင်းပုံစံလေးစားချင်ရင်တော့ Home Cooking Style လေးဖြစ်တဲ့ EZ Kitchen Restaurant လေးရှိတယ်နော်။ ဒီဆိုင်လေးက ၂၀၁၅ ခုနှစ်ကတည်းကဖွင့်လှစ်ထားတဲ့ဆိုင်လေးဖြစ်ပါတယ်။ သန့်ရှင်းလတ်ဆတ်ပြီးအရသာရှိလှတဲ့မြန်မာ့အစားအစာမျိုးစုံရရှိနိုင်တဲ့ဆိုင်လေးဖြစ်ပါတယ်။ အခြားတစ်နယ်တစ်ကျေးကနေအလုပ်လုပ်ဖို့အဆောင်၊အိမ်ဌားနေသူတွေ၊ ရုံးနဲ့အိမ်အချိန်ကုန်နေသူတွေစတဲ့ ချက်ပြုတ်ဖို့အချိန်မပေးနိုင်သူတွေ အိမ်ထမင်း၊ အိမ်ဟင်းပုံစံလေးဖြစ်တဲ့အတွက် တစ်ကိုယ်ရည်ရုံးကန်နေသူတွေအတွက်အဆင်ပြေစေနိုင်တဲ့ဆိုင်လေးဖြစ်ပါတယ်။ ဒီဆိုင်လေးကတော့ No.868/869, Room (2), Let Were Min Din Street, Mittar Nyunt, Tarmwe Township မှာဖွင့်ထားတာပဲဖြစ်ပါတယ်။  မနက်၉နာရီကတည်းကဆိုင်ဖွင့်တဲ့အတွက်အရသာရှိလှတဲ့မနက်စာကိုဝင်ရောက်စားသုံးလို့ရပါတယ်။

            

အရသာပိုင်းမှာလည်းစိတ်ချရပြီး စားသုံးသူတွေကြိုက်နှစ်သက်တဲ့ Menu အစုံအလင်ရရှိနိုင်တဲ့အတွက်ကြောင့် စားသုံးသူအရမ်းကိုများပြီးကျောက်မြောင်းတစ်ခွင်မှာနာမည်ရနေတဲ့ဆိုင်လေးတစ်ဆိုင်ဖြစ်ပါတယ်။ ဆိုင်လေးကသန့်ရှင်းပြီး လတ်ဆတ်အရသာရှိလှတဲ့မြန်မာ့ထမင်း၊ဟင်းမျိုးစုံကိုရရှိနိုင်တဲ့အပြင်ဒီ EZ Kitchen Restaurant ကနေအခုလိုဝန်ဆောင်မှုတွေလည်းရရှိနိုင်ပါတယ်။ ဒါကတော့ Lunch  Box Order ဖြစ်ပါတယ်။ သန့်ရှင်းလတ်ဆတ်ပြီး အရသာရှိလှတဲ့ ထမင်း၊ဟင်းအစုံအလင်ကို လူကြီးမင်းတို့၏ အိမ်၊ ရုံးတံခါးဝအထိပို့ဆောင်ပေးပါတယ်။ နေ့စဉ်မရိုးလှတဲ့ဟင်းလျာအမျိုးမျိုးကို ဝန်ဆောင်မှုကောင်းမွန်စွာနဲ့ လူကြီးမင်းတို့အရသာရှိရှိမှာယူသုံးဆောင်လို့ရပါပြီ။ ဒါ့အပြင် Business Dining, Family Dining, Group Party or Birthday Party ဒါမှမဟုတ်အခြား Social Events တွေပြုလုပ်ချင်ရင် EZ Kitchen Restaurant ကိုလာခဲ့ပါလို့ဖိတ်ခေါ်ပါရစေ။ သန့်ရှင်းလတ်ဆတ်ပြီးအရသာရှိလှတဲ့မြန်မာ့အစားအစာတွေကိုကိုယ်ချစ်ခင်ရသူတွေနဲ့ပျော်ရွှင်ဖွယ်၊ကြည်နူးဖွယ်စားသောက်ချိန်လေးတစ်ခုဖန်တီးလို့ရနိုင်တဲ့ဆိုင်လေးတစ်ဆိုင်ဖြစ်ပါတယ်။

 

 

ရောက်ဖူးတဲ့သူတွေကတော့ EZ Kitchen Restaurant ဆိုင်လေးရဲ့ ဝန်ဆောင်မှု၊ သန့်ရှင်းလတ်ဆတ်တဲ့အစားအစာတွေနဲ့ပက်သတ်ပြီးသိပြီးပြီလို့ထင်ပါတယ်။ ဒီဆိုင်လေးကိုမသိသေးဘူး မရောက်ဖူးသေးဘူးဆိုရင် ကျောက်မြောင်းဘက်ရောက်ရှိတဲ့အခါဝင်ရောက်စားသောက်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။ သန့်ရှင်းလတ်ဆတ်ပြီးအရသာရှိလှတဲ့အစားအစာတွေစားသုံးရင် ပျော်ရွှင်သောဘဝလေးပိုင်ဆိုင်နိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

EZ Kitchen Restaurant Facebook Page : www.facebook.com/EZ-Kitchen/

 

 

 

Leave A Comment

Your email address will not be published. Required fields are marked *