ထမင်းမြိန်စေမယ့် မြန်မာထမင်းဟင်းလက်ရာသန့်သန့်လေးစားချင်ရင်တော့….

ဘယ်လောက်ပဲဗိုက်ဝတဲ့စားစရာတွေစားစား ထမင်းဟင်းတွေလောက်မတင်းတိမ်တဲ့အစားတစ်လိုင်းတို့အတွက် မြန်မာထမင်းဟင်းလက်ရာကောင်းလေးတွေ သွားစားနိုင်မယ့် ” အိမ်သူ့လက်ရာ ” ဆိုတဲ့ဆိုင်လေးအကြောင်းပြောပြပေးမယ်နော်။ မြန်မာထမင်းဟင်းဆိုရင် တော်တော်များများက စားအုန်းဆီတွေ ၊ အချိုမှုန့်တွေထည့်သုံးကြတော့ စားနေတုန်းအရသာကောင်းပေမယ့် စားပြီးနောက်ပိုင်းဆိုးကျိုးတွေအနေနဲ့ ရေငတ်တာမျိုးတွေဖြစ်တတ်တယ်။ ဒီဆိုင်လေးကတော့ ဆီသန့်ပြီးအချိုမှုန့်မပါလို့လားမသိ အိမ်မှာကိုယ်တိုင်ချက်စားတဲ့လက်ရာအတိုင်း သန့်နေရောပဲ။

အိမ်သူ့လက်ရာမှာတော့ ဟင်းအမျိုးအမည်တွေကိုလိုက်ပြီး အဝစား(၁၅၀၀) ၊ (၂၀၀၀) ၊ (၂၅၀၀)ဆိုပြီးအစားစားရှိတယ်။ ဘဲဥချဉ်ဟင်း ၊ ကြက်ပဲမဆလာ ၊ ပုဇွန်ငရုပ်ပွကြော်တွေနဲ့ဆို (၁၅၀၀) ၊ ဝက်ပုန်းရည် ၊ ဝက်နံရိုးကြော် ၊ ကြက်ပင်စိမ်းချက် ၊ ဝက်ကလီစာ ၊ ကြက်အူ ၊ အချင်းတိုင်တွေတဲ့ဆို (၂၀၀၀) ၊ ဆိတ်သားနှပ် ၊ ဆိတ်သားခြောက်မွ ၊ ပုဇွန်ထုပ်ဆီပြန်တွေဆို (၂၅၀၀)ကျပ်ပေးရတယ်။ ဆိုင်စားဟင်းပွဲတွေတိုင်းမှာ အရံဟင်းတစ်မျိုး ၊ ပုသိမ်ပေါ်ဆန်းအဝစား ၊ အရည်သောက်နဲ့ ငါးပိရည်တို့စရာအစုံအလင်ပါပြီးသားဆိုတော့ လုံးဝရှယ်ပဲ။

ထမင်းမြိန်စေတဲ့ မြန်မာဟင်းလက်ရာသန့်သန့်လေးတွေကို ဒီလောက်ဈေးလေးတွေနဲ့စားရတာဆိုတော့ တော်တော်တန်တယ်ပြောရမယ်။ အရသာကလည်း တစ်ခါစားပြီး တစ်သက်ကျေနပ်နှစ်ခြိုက်နိုင်မယ့် အရသာမျိုးဆိုတော့ ဘာလိုသေးလဲနော်။ ရုံးခန်းတွေ ၊ ကျောင်းတွေမှာ မှာစားချင်တယ်ဆိုရင်လည်း Lunch Box တွေမှာယူလို့ရသေးတယ်နော်။ ဆိုင်လိပ်စာကတော့ အမှတ်(၁၂၉၉) ၊ ပင်လုံလမ်း ၊ (၃၇)ရပ်ကွက် ၊ မြောက်ဒဂုံဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ မနက်(၆)နာရီကနေ ည(၁၀)နာရီအထိပဲဖြစ်ပါတယ်။

 

Image Source: www.facebook.com/အိမ်သူ့လက်ရာ

Leave A Comment

Your email address will not be published. Required fields are marked *