ရှယ်တန်ပြီးရှယ်ကောင်းတယ်ဆိုတဲ့ဆိုင်တွေကိုပါ ကျော်တက်သွားဦးမယ့် ဂျပန်တုတ်ထိုးဆိုင်အသစ်လေး

ဂျပန်အစားအစာတော်တော်များများက စားလို့ကောင်းသလို ဈေးနှုန်းတွေကလည်းခပ်ကြီးကြီးရယ် ။ ရာမန်တစ်ပွဲဆိုရင်ပဲ (၄၀၀၀)ကျပ်လောက်ကမဆင်းဘူးဆိုတော့ နေ့စဉ်သွားစားဖို့အတွက်ဆို ဂျပန်စားသောက်ဆိုင်တွေကသိပ်တွက်ချေမကိုက်တော့ ဂျပန်အစားအစာဆိုကြိုက်ပေမယ့် တော်ရုံသွားမစားဖြစ်ဘူးရယ်။ အခုတော့ ဈေးကြီးတဲ့ဒဏ်တွေပွေ့ပိုက်ထားစရာမလိုဘဲ တကယ်တန်တဲ့ဈေးနှုန်းနဲ့ ဂျပန်စာကောင်းကောင်းလေးတွေရှယ်စားခွင့်ရခဲ့ပါပြီကွယ်။ သတင်းကောင်းဆို ရင်ဘတ်တူအစားတစ်လိုင်းဘော်ဒါဘော်ကျွတ်တွေကို လက်မတို့ရမနေနိုင်လို့ မင်မင်ရှာဖွေ့တွေ့ရှိသွားတဲ့ ရှယ်ဈေးတန်တဲ့ဂျပန်စားသောက်ဆိုင်လေးအကြောင်း ပြောပြပေးမယ်နော်။

ဆိုင်နာမည်လေးက ” Don Don Oden ” ဖွင့်ထားတာ(၂)လနီးပါးလောက်ပဲရှိသေးပေမယ့် ပန်းသတင်းလေညှင်းဆောင်သလိုပဲ အစားတစ်လိုင်းတို့ကြားမှာ သတင်းကောင်းတွေတော်တော်မွှေးပျံ့နေတဲ့ဆိုင်လေးပါ။ Foreigner တွေကိုယ်တိုင်ဖွင့်ထားတဲ့ဆိုင်လေးမို့ ဂျပန်ရိုးရာလက်ရာအစစ်ကို ထိထိမိမိခံစားရရှိစေပါတယ်။ အရသာပဲကောင်းတာလားဆိုတော့ ဈေးနှုန်းကလည်းလန်ပြန်ထွက်နေအောင်တန်တယ်နော်။ ကိုရီးယားခေါက်ဆွဲအေးတစ်ပွဲကို (၁)ထောင် ၊ Japanese Spicy Noddle တစ်ပွဲကိုမှ (၁၅၀၀) ၊ ဟော့ပေါ့တစ်ယောက်စားစာလေးတွေကို (၂၅၀၀)ကျပ် ၊ ဂျပန်တုတ်ထိုးတွေဆိုလည်း (၂၀၀~၅၀၀)ပဲဆိုတော့ အမုန်းဗိုက်ကားသွားအောင်စားမှ (၅)ထောင်ထက်ပိုကျမယ့်ကိန်းမမြင် ။ အရသာကလည်း လတ်လတ်ဆတ်ဆတ်နဲ့အတော်ကြီးထူးခြားတယ်။

ဆိုင်အပြင်အဆင်လေးက သပ်ရပ်သန့်ရှင်းနေသလို အပိုဆောင်းကျေနပ်စရာကတော့ Wifi Free ပါတဲ့ ။ ဝန်ဆောင်မှုကလည်း လိုလေသေးမရှိအောင်ပါပဲ။ ဒီလောက်တန်တဲ့ဈေးနှုန်းတွေနဲ့ ဒီလောက်စိတ်ကျေနပ်မှုရဖို့ဆိုတာ ရန်ကုန်မှာတော်တော်ရှားတာမို့ သွားစားကြည့်လိုက်ကြပါဦးအစားတစ်လိုင်းတို့ရေ။ သွားဖြစ်ရင်တော့ ဂျပန်တုတ်ထိုးလေးကို ကျိန်းသေစားကြည့်ခဲ့ပါနော်။  Don Don Oden ကတော့ စားသောက်ဆိုင်တွေပလူပျံအောင်ပေါများတဲ့ စမ်းချောင်းမှာပါ။ လိပ်စာအပြည့်အစုံကတော့ အမှတ်(၄/A) ၊ ပဒေသာလမ်း ၊ မြေနီကုန်း ၊ စမ်းချောင်းမြို့နယ်ဖြစ်ပါတယ်။

Leave A Comment

Your email address will not be published. Required fields are marked *