ရင်ကိုအေးမြသွားစေမယ့် ချိုချိုအီအီမွှေးမွှေးဒိုမီနိုလေးလုပ်စားကြရအောင်

ဒီလိုမျိုးပူလောင်အိုက်စက်နေတဲ့ ရာသီဥတုမျိုးမှာ ရာသီစာသစ်သီးလေးတွေကို စားပေးခြင်းဟာ ဝမ်းအေးစေပြီး အပူဒဏ်ကြောင့်ဖြစ်တတ်တဲ့ မိတ်ဖုနဲ့အပူဖုတွေကို တားဆီးပေးနိုင်ပါတယ်။ ဒီရာသီမှာလည်း ရာသီပေါ်သစ်သီးတွေ တော်တော်များပေမယ့် အရည်ရွှမ်းရွှမ်းနဲ့သစ်သီးလေးတွေ ဒီတိုင်းစားရတာတော့ ရိုးအီနေလောက်ပြီထင်ပါတယ်နော်။ ဒီတော့ သစ်သီးအစုံလေးတွေထည့်ပြီး ချိုချိုအီအီမွှေးမွှေးလေးစားရမယ့် ဒိုမီနိုလေးလုပ်စားကြရအောင် ။

ဒိုမီနိုပြုလုပ်ဖို့အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့-

  • -သစ်သီးများ (သင်္ဘောသီး ၊ စပျစ်သီး ၊ ပန်းသီး ၊ နာနတ်သီး ၊ စတော်ဘယ်ရီသီး ၊ ငှက်ပျောသီး)
  • -နို့စိမ်း
  • -သကြားရည်
  • -စတော်ဘယ်ရီယို
  • -J-cup ဂျယ်လီ
  • -နို့ရေခဲမုန့်
  • -စတော်ဘယ်ရီယို
  • -စပျစ်သီးခြောက်
  • -သီဟိုစေ့
  • -ရောင်စုံယို

ပြုလုပ်ပုံကတော့ သစ်သီးလေးတွေကို အခွံခွာပြီး တစ်ခါစားအရွယ်လေးတွေ တုံးပေးထားပြီး ဂျယ်လီလေးတွေကိုလည်း အနေတော်လေးတွေလှီးထားပေးပါ။ သကြားရည်ဖျော်ထားပြီး ဖန်ခွက်တစ်ခွက်အသင့်ပြင်ဆင်ထားပါ။ ဖန်ခွက်အောက်ခြေထဲမှာ သကြားထမင်းစားဇွန်း(၁)ဇွန်းခွဲခန့်ထည့်ပြီး နို့စိမ်း(၁)ဇွန်းနဲ့ စတော်ဘယ်ရီယိုကိုဂျယ်လီတစ်ထပ် အသီးတစ်ထပ်စီထည့်ပြီး အပေါ်ယံကနေ နိုစိမ်း(၁)ဇွန်းဆမ်းပေးပါ။ သီဟိုစေ့နဲ့စပျစ်ခြောက်တွေထပ်ထည့်ပြီး နို့ရေခံမုန့်တစ်ခွက်စာလေးကိုတင်ပေးပါ။ ဒါဆိုရင်တော့ ချိုချိုချဉ်ချဉ်မွှေးမွှေးဆိမ့်ဆိမ့် ဒိုမီနိုလေးကိုရရှိပါပြီနော်။ ခံတွင်းလည်းရှင်းသလို ဝမ်းလည်းအေးတာကြောင့် ကျန်းမာရေးနဲ့ညီညွတ်သလို ပူလောင်အိုက်စက်တဲ့ ရာသီဥတုနဲ့လည်းလိုက်ဖက်တဲ့ အချိုပွဲလေးပါပဲနော်။

Leave A Comment

Your email address will not be published. Required fields are marked *