စားသောက်မှုပုံစံပြောင်းလဲပြီး ဝိတ်ချချင်သူများအတွက် တစ်နေ့တစ်မျိုး ဟင်းအမယ်တိုးစေဖို့….

အလှအပရေးရာကို အလေးထားလာကြတဲ့ခေတ်ကာလကြီးထဲမှာ အစားအသောက်တွေကို ထင်တိုင်းစားသောက်ဖို့ အတော်ဆင်ခြင်လာကြပါပြီ။ ဓာတုပစ္စည်းတွေရောနှောနေတဲ့ အစားအသောက်တွေကြောင့် လိုအပ်တာထက်ကျော်လွန်နေတဲ့ အဆီပိုကဲနေမှုတွေက အလှအပကိုအနှောင့်အယှက်ဖြစ်စေသလို ကျန်းမာရေးအတွက်လည်း ထိခိုက်လာစေနိုင်ပါတယ်။ ဒီတော့ အဆီပိုလွန်ကဲနေတယ်လို့ ခံစားနေရတဲ့ ချိမတို့အတွက် နေ့စဉ်အစားအသောက်ပုံစံတွေကို ပြောင်းလဲပစ်နိုင်ဖို့ လိုက်ဖက်တဲ့ ဟင်းအမယ်လေးတွေတွဲပေးမယ်နော်။ Diet Plan တွေအတွက် Lunh Box တွေကိုဈေးကြီးကြီးပေးဝယ်မယ့်အစား ကိုယ်တိုင်ကိုယ်ကျတွဲစပ်မယ်ဆိုရင်တော့ အကုန်အကျသက်သာပြီး ဝိတ်ကျစေနိုင်မှာဖြစ်ပါတယ်။

အဓိကအနေနဲ့တော့ ကယ်လိုရီပမာဏလျော့နည်းတဲ့ အသားတစ်မျိုးမျိုးနဲ့ အသီးအရွက် (၃)မျိုးလောက်ကို ရွေးစားပေးရတာပါ။ ဘယ်ဟင်းအမယ်ကိုပဲ ဖန်တီးပါစေ။ ဆီကြော်တွေ ၊ အချိုမှုန့် ၊ ကြက်သားမှုန့်တွေကိုလုံးဝရှောင်ကျဉ်ပြီး ဆားအနည်းကိုသာ ဟင်းခတ်မှုန့်အဖြစ်အသုံးပြုပေးပါ။ အသီးအရွက်တွေအနေနဲ့ကတော့  ဗီတာမင်စီကြွယ်ဝပြီး အချဉ်အရသာဆောင်တဲ့ အသီးတစ်မျိုးမျိုးကိုထည့်စားပေးဖို့တော့ လိုအပ်ပါတယ်။

၁-ပုဇွန်ကင် ၊ ပြောင်းဖူး ၊ သံပုရာချဉ်နဲ့ ပန်းဂေါ်ဖီစိမ်း

၂-ကြက်ဥပြုတ် ၊ ဂျပန်ပဲသီး ၊ ငါးပြုတ် ၊ သစ်တော်သီး

၃-ဆလပ်ရွက် ၊ ပြည်ကြီးငါးသုပ် ၊ ရွှေပဲသီး ၊ ဆန်းကစ်သီး

၄-မုန်ညှင်းထုပ်နဲ့ ကြက်သားပြုတ်အရော ၊ ပန်းသီး

၅-ခရမ်းချဉ်သီး ၊ ကြက်သားပြုတ် ၊ မုန်လာထုပ်

၆-ကန်စွန်းဥ ၊ ပုဇွန်ပြုတ် ၊ စပျစ်သီး

၇-မုန်လာဥနီ ၊ သံပုရာချဉ် ၊ ကင်းမွန်ကင် ၊ ဘေဘီကွန်း

၈-ရုံးပတီသီး ၊ ကြက်ဥ ၊ သခွားသီး ၊ ပုဇွန် ၊ သရက်ချဉ်သုပ်

၉-ကြက်သားပြုတ် ၊ ဆလပ်ရွက် ၊ ကြက်ဥပြုတ် ၊ ပန်းသီး

၁၀-ပဲပင်ပေါက်ချဉ် ၊ ပုဇွန်ကင် ၊ ပန်းသစ်တော်သီး ၊ ပဲပြား

ကဲဒီလောက်ဆိုရင်တော့ ဝိတ်ချဖို့အတွက် အစားအသောက်ပုံစံကို ဘယ်လိုပြုပြင်တွဲစပ်လို့ရနိုင်တယ်ဆိုတာကို ရိပ်စားမိလောက်ကြမယ်ထင်ပါတယ်။ အားလုံးပဲ အဆီကျလှပတဲ့ ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်နိုင်ကြပါစေနော်။

 

 

 

Leave A Comment

Your email address will not be published. Required fields are marked *