မိုးကုတ်ဒေသအစားအစာတွေကို မိုးကုတ်လက်ရာစစ်စစ်နဲ့သုံးဆောင်နိုင်မယ့် D & D

ပတ္တမြားမြေလို့တင်စားခေါ်ဝေါ်ကြတဲ့ မိုးကုတ်မြို့ဟာ တွင်းထွက်ရတနာတွေကြောင့် နာမည်ကျော်ကြားရသလို အစားအသောက်ကောင်းတွေပေါများမှုကြောင့်လည်း နာမည်ကြီးလှပါတယ်။ မိုးကုတ်မြို့ကအစားအစာတွေဆို စားဖူးသူတိုင်းနှစ်သက်စွဲမက်ရသလို မိုးကုတ်ဒေသအစားအစာရောင်းချတဲ့ နေရာအသီးသီးက စားသောက်ဆိုင်တွေကိုလည်း အစားတစ်လိုင်းတို့မက်မက်မောမောသွားစားတတ်ကြပါတယ်။ မိုးကုတ်အစားအစာဆိုင်လို့ နာမည်ပေးထားရုံနဲ့မိုးကုတ်မြို့ကလက်ရာကိုတော့ မှီမမှီမခန့်မှန်းနိုင်ဘူးလေ။ ဒီတော့အစားတစ်လိုင်းတို့အကြိုက်နဲ့ထပ်တူကျစေပြီး မိုးကုတ်မြို့ကလက်ရာအတိုင်း စားသုံးနိုင်မယ့် ” D & D ” ဆိုတဲ့ဆိုင်လေးကို အက်မင်ကလက်တို့ပေးမယ်နော်။

D & D မှာတော့မိုးကုတ်မြို့မှာ နာမည်ကြီးပြီးလူကြိုက်များတဲ့ ငါးကျည်းခြောက်ရဲ့ ချိုမြတဲ့အရသာဓာတ်တွေကို မျှစ်ချဉ်အရသာနဲ့ပေါင်းစပ်ပြီး ခေါက်ဆွဲချောင်းလေးတွေကြား အရသာစိမ့်ဝင်သွားအောင်ချက်ပေးထားတဲ့ ငါးကျည်းခြောက်မျှစ်ချဉ်ခေါက်ဆွဲ ၊ အသားမွမွလေးဖြစ်အောင်ကင်ပေးထားတဲ့ ဝက်သားကင်လေးတွေကို ပြန်ကြော်ပေးထားတဲ့ ဝက်ကင်ပေါင်းကြော် ၊ ဖတ်နံ့သင်းသင်းလေးနဲ့ထုပ်ပြီးပေါင်းထားလို့ ပူပူနွေးနွေးနူးနူးအိအိလေးနဲ့ စားလို့အရမ်းကောင်းတဲ့ မိုးသုတ်ဝက်သားပေါင်း ၊ မိုးကုတ်မှိုပေါင်းနဲ့ ရဲယိုရွက်ငါးပေါင်းထုပ် ၊ ရှားပါးတဲ့ဝက်ဦးနှောက်ကို အူမကြီးနဲ့ရောနှောပြီးချက်ပေးထားတဲ့ ဝက်ဦးနှောက်အူမကြီးခေါက်ဆွဲ ၊ ရှမ်းစတိုင်ဘက်ကိုဦးတည်ချက်ပြုတ်ထားတဲ့ ကွေ့တီရိုသုပ်၊ စားပြီးရငိးထပ်ထပ်စားချင်နေတဲ့ ဝက်စအုကြော် ၊ ပဲကြာဆံအိအိလေးနဲ့ လတ်လတ်ဆတ်ဆတ်ငါးဖယ်လေးကို ရောသုပ်ပေးထားတဲ့ ပဲကြာဆံငါးဖယ်သုပ်စတဲ့ မိုးကုတ်ဒေသအစားအစာတွေကို မိုးကုန်လက်ရာစစ်စစ်နဲ့စားသုံးနိုင်မှာပါ။

Pre-Order Menu အနေနဲ့တစ်ရက်ကြိုမှာပြီးရရှိနိုင်တာတွေကတော့ ဝက်သားဒုတ်ထိုး ၊ ပုဇွန်ခဝဲသီးချက် ၊ ပုဇွန်ခရမ်းချဉ်သီးချက် ၊ ဝက်သားမျှစ်ချဉ် ၊ အမဲအာလူးချက် ၊ ကြက်ခြေထောက်အစပ်ချက် ၊ ဝက်သားတောချက် ၊ ပုဇွန်အာလူးအစပ်ကြော် ၊ အမဲသားစပါးလင်ချက် ၊ ဝက်သားဆားဘဲဥပေါင်း ၊ ဝက်ခြေထောက်စွပ်ပြုတ် ၊ ကြက်သားလုံး ၊ ကြက်ပင်စိမ်း ၊ အမဲသားနဲ့မှိုစတူး ၊ ဝက်ခေါက်ကင် ၊ ဝက်သားပုန်းရည်ကြီးချက် ၊ သုံးထပ်သားကင်ကြံမဆိုင်ကြော်ချက် ၊ အမဲထောင်းအစပ်ကြော် ၊ အာလူးကတ်သလိပ်ကြော်စတာတွေကို တစ်မျိုး (၅)ပွဲအနည်းဆုံးမှာယူနိုင်မှာဖြစ်ပါတယ်။ ဆိုင်လိပ်စာကတော့ Building -(၂၂) ၊ အခန်း(၄) ၊ သစ္စာလမ်း ၊ ရန်ကင်းမြို့နယ်ဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ မနက်(၇)နာရီကနေ ည(၇)နာရီအထိပဲဖြစ်ပါတယ်။

 

Image Source: www.facebook.com/D&D

Leave A Comment

Your email address will not be published. Required fields are marked *