ငါးရဲ့ချိုမြမှုတွေကို ချဉ်ငံစပ်အရသာနဲ့ တွဲဖက်ခံစားရမယ့် ထားဝယ်မုန့်လက်သုပ်လုပ်နည်း

“တစ်ကြောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်းဆိုသလိုပါပဲ” ဒေသတစ်ခုစီမှာလည်း အရသာထူးခြားဆန်းကြယ်ပြီး လူကြိုက်များတဲ့ အစားအသောက်တွေရှိစမြဲပါ။ နာမည်ကြီးဒေသစားစရာတွေက အစားတစ်လိုင်းတို့ရင်ထဲကို ဖောက်ခွင်းဝင်ရောက်နိုင်ပေမယ့် အဲ့ဒေသကလက်ရာတွေကို သွားရောက်စားသောက်ဖို့ကျပြန်တော့ မလွယ်ဘူးရယ်။ ဒီတော့ ကိုယ်တိုင်လုပ်စားပြီး စားချင်သောက်ချင်စိတ်တွေကို ဖြေသိမ့်ပေးလိုက်တာက အကောင်းဆုံးနည်းလမ်းပဲလေ။ ? နာမည်ကြီးအစားအစာတွေတစ်ပုံတစ်ပင်ရှိပေမယ့် မင်မင်ကတော့ ထားဝယ်မုန့်တီ(ထားဝယ်မုန့်လက်သုပ်)ချက်နည်းလေးကို ဝေမျှပေးသွားမယ်နော် ? ။ စွဲလမ်းပြီးသားလူတွေလည်း ထပ်ကာတလဲလဲချက်စားနိုင်သလို အသစ်အဆန်းလေးတွေ စမ်းသပ်ချက်ပြုတ်လိုသူတွေအတွက်လည်း အရသာဆန်းလေး မြည်းစမ်းခံစားနိုင်မှာ အသေအချာပါပဲနော်။ ?

ထားဝယ်မုန့်တီပြုလုပ်ဖို့အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့-

  • -မုန့်ဟင်းခါးဖတ်(၅၀)သား
  • -ငါးကြင်း(၁၀)သား
  • -စပါးလင်(၂)ပင်
  • -နံနံပင်(စိတ်ကြိုက်)
  • -ငရုတ်သီးစိမ်း(စိတ်ကြိုက်)
  • -သံပုရာသီး(စိတ်ကြိုက်)
  • -ငရုတ်သီးအကျက်မှုန့်
  • -ကြက်သွန်ဖြူ (၃)ဥ
  • -ကြက်သွန်နီ (၁၀)လုံး
  • -ငါးငံပြာရည်(ထမင်းစားဇွန်း(၃)ဇွန်း)
  • -ပအုန်းရည်(ဓနိရည်ကို အချဉ်ဖောက်ထားတဲ့အရည်) ထမင်းစားဇွန်း(၃ဇွန်း)

ပြုလုပ်ပုံကတော့-

၁-ငါးကိုဆားနနွင်းနယ်ပြီး စပါးလင် ၊ ပအုန်းရည်တွေနဲ့ရောပြီး ပြုတ်ပေးပါ။(ပအုန်းရည်မရနိုင်ရင် ရှာလကာရည်နဲ့ချက်လို့ရပါတယ်နော်)

၂-ငါးကို အဖတ်သေးသေးလေးတွေဖြစ်အောင် အရိုးနွှင်ပြီး ငါးပြုတ်ရည်အိုးထဲပြန်ထည့်ပါ။

၃-ကြက်သွန်ဖြူကိုထောင်း ၊ ကြက်သွန်နီကို လေးစိတ်စိပ် ၊ တလွှာချင်းစီခွာပြီး ဟင်းရည်အိုးထဲထည့်ပါ။

၄-နံနံပင် ၊ ငရုတ်သီးစိမ်းညှပ်ထည့်ပြီး ငံပြာရည်ထည့်ပါ။

၅-အပေါ့အငံစိတ်တိုင်းကျပြီဆိုရင်တော့ မုန့်ဖတ်ထည့်ထားတဲ့ ပန်းကန်ထဲမှာ ဟင်းရည်လောင်းထည့် သံပုရာသီးလေးညှစ်ပြီး စားသုံးလို့ရပါပြီနော်။

Leave A Comment

Your email address will not be published. Required fields are marked *