စာအုပ်လေးဖတ်ရင်း ဓလေ့ရိုးရာ သွားရည်စာမုန့်မျိုးစုံကိုအပီစားပြီး ငြိမ့်နိုင်စေဖို့

စာအုပ်ဖတ်ရတာလည်းဝါသနာပါတယ်။ ဗမာဆန်ဆန်အစားအစာတွေလည်း နှစ်ခြိုက်တယ်ဆိုရင်တော့ မင်မင်အခုမိတ်ဆက်ပေးမယ့်ဆိုင်လေးနဲ့ အံဝင်ဂွင်ကျဖြစ်မှာအသေအချာပါပဲ။ ဒီဆိုင်လေးကတော့ သန့်ရှင်းသပ်ရပ်တဲ့အပြင်အဆင်လေးတွေနဲ့ လတ်ဆတ်ကောင်းမွန်တဲ့အစားအစာလေးတွေကြောင့် အစားတစ်လိုင်းတို့ကို အပြည့်အဝဆွဲဆောင်ထားနိုင်တဲ့ သင်္ဃန်းကျွန်းမြို့နယ်ထဲက ” ဓလေ့ “ဆိုတဲ့ဆိုင်လေးပါ။ စားနေကျမြန်မာ့ဓလေ့စားစရာလေးတွေကိုမှ တမူထူးခြားအောင်ချက်ပြုတ်ပေးထားတာမို့ ဆန်းပြားတဲ့အရသာကိုခံစားနိုင်မယ့်ဆိုင်လေးပါ။

ဓလေ့မှာအထူးခြားဆုံးကတော့ စာအုပ်စင်လေးတွေထားပေးထားတာပါ။ ကြိုက်နှစ်သက်ရာစာအုပ်လေးရွေးဖတ်ရင်း ဓလေ့ရဲ့နံနက်စာတွေဖြစ်တဲ့  ကောက်ညှင်းပေါင်း ၊ ဆီထမင်း ၊ ထမင်းသုပ် ၊ ထမင်းဆီဆမ်း၊ ဘူးသီးကြော် ၊ အာလူးကြော် ၊ မြင်းခွာရွက်ကြော် လေးစားပြီးပြည့်စုံတဲ့မနက်ခင်းလေးကို အစပြုလို့ရတယ်နော်။ နေ့ခင်းနေ့လည်ဗိုက်ဆာလာချိန် သွားရည်စာစားချင်ရင်တော့ မုန့်လုံးရေပေါ် ၊ မုန့်ပစ်သလက် ၊ မုန့်ဖက်ထုပ် ၊ မုန့်ဗိုင်းတောင့် ၊ ပြာရည်ထုပ် ၊ ကောက်လှိုင်းတီမုန့် ၊ မုန့်ကျွဲသဲ စတဲ့ဓလေ့ရိုးရာမုန့်ပဲသွားရည်စာတွေကို စုံစုံလင်လင်ရရှိနိုင်မှာပဲဖြစ်ပါတယ်။

စာအုပ်လေးကို ဇိမ်ကျကျဖတ်ရင်း ဓလေ့အစားအသောက်တွေကို ဇိမ်ကျကျစားချင်ရင်တယ်ဆိုရင်တော့ ဒီဆိုင်လေးကတော်တော်လေးအဆင်ပြေတယ်။ ဖွင့်ထားတဲ့နေရာလေးကလည်း အေးအေးဆေးဆေးထိုင်လို့ကောင်းတဲ့နေရာလေးဆိုတော့ လုံးဝပါဖက်ပဲ။ ဆိုင်လိပ်စာကတော့ အမှတ်(၃၄၅) ၊ ပြည်သာယာလမ်း ၊ အထက(၂)သင်္ဃန်းကျောင်းရှေ့ ၊ သင်္ဃန်းကျွန်းမြို့နယ်ဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ မနက်(၆)နာရီကနေ ည(၆)နာရီဖြစ်ပါတယ်။

 

Image Source: www.facebook.com/dalae

 

 

Leave A Comment

Your email address will not be published. Required fields are marked *