တမူထူးခြားတဲ့အရသာကို မြည်းစမ်းကြည့်နိုင်ဖို့ ဗီယက်နမ်အစားအစာသွားစားကြည့်ရအောင်

တစ်နေ့တစ်မျိုးမရိုးရလေအောင် အစားအသောက်ကောင်းတွေ ရှာဖွေနေတတ်သူတွေအတွက် ပုံမှန်စားနေကြအရသာနဲ့မတူကွဲထွက်တဲ့ ဗီယက်နမ်ရိုးရာအစားအစာတွေရရှိနိုင်မယ့် Cyclo Restaurant ဆိုတဲ့ဆိုင်လေးကို လမ်းညွှန်ပေးချင်ပါတယ်။ ဆိုင်အခင်းအကျင်းလေးတွေကအစ ဗီယက်နမ်နိုင်ငံရဲ့ အထင်ကရရုပ်ပုံတွေနဲ့ ပုံဖော်ထားတာကြောင့် သပ်ရပ်ခန့်ညားလွန်းပြီး ထိုင်ချင်စရာကောင်းတဲ့ဆိုင်လေးဖြစ်ပါတယ်။

ဒီဆိုင်လေးမှာတော့ အရသာနှပ်ပြီးကင်ထားတဲ့ အမဲသားအလွှာလေးတွေထဲမှာ အပ်မှိုလေးတွေကိုရောလိပ်ပြီး လတ်ဆတ်တဲ့ဆလပ်ရွက်လေးတွေနဲ့ တွဲဖက်စားရမယ့် အပ်မှိုနဲ့အမဲသားကင် ၊ ကြက်သားအရသာဆိမ့်ဆိမ့်ချိုချိုလေးပျော်ဝင်နေတဲ့ ဟင်းရည်နဲ့အတူ နူးညံ့တဲ့ဗီယက်နမ်ခေါက်ဆွဲ အရွက်အသီးအစုံနဲ့ တွဲဖက်စားသုံးရမယ့် ဗီယက်နမ်ကြက်သားခေါက်ဆွဲ ၊ အမဲသားရဲ့ချိုမြတဲ့အရသာကို နူးအိတဲ့ဝက်ခြေထောက်ရဲ့ အရသာဆိမ့်ဆိမ့်လေးပါ ရောပြွမ်းပြီးသူမတူတဲ့အရသာကို မြည်းစမ်းခံစားနိုင်မယ့် ဟနွိုင်းစတိုင် အမဲသားဝက်ခြေထောက်ခေါက်ဆွဲ ၊ ပုဇွန်ရဲ့လတ်ဆတ်တဲ့ အရသာကျစ်ကျစ်လေးတွေကို ဝက်သားရဲ့နူးအိဆိမ့်သက်တဲ့အရသာ ၊ နူးညံ့တဲ့ငှက်ပျောဖူးသားလေးတို့နဲ့ပေါင်းစပ်ပြီး အစာပလာစုံလင်စွာနဲ့ အစပ်အဟပ်တည့်စွာသုပ်ထားတဲ့ ပုဇွန်နဲ့ဝက်သားငှက်ပျောဖူးသုပ် ၊ အိစက်တဲ့ငါးဖယ်လုံးတွေကို မုန့်ဆန်းဖတ်လေးတွေကပ်ပြီး မကြွပ်မရွလေးကြော်ထားတဲ့ ငါးဖယ်လုံးမုန့်ဆန်းကပ်ကြော်စတဲ့ ဗီယက်နမ်ရိုးရာ ဟင်းလျာအစုံကို တမူထူးခြားစွာသုံးဆောင်နိုင်မှာဖြစ်ပါတယ်။

Cyclo Restaurant ရဲ့လိပ်စာကတော့ ရွှေတိဂုံဘုရားအနောက်ဘက်မုခ် (မျက်နှာချင်းဆိုင်ဘက်) ၊ ဦးဝိစာရလမ်းပေါ်မှာတည်ရှိတာဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ မနက်(၈)နာရီကနေ ည(၁၁)နာရီအထိပဲဖြစ်ပါတယ်။

 

Image Source: www.facebook.com/cyclorestaurant

Leave A Comment

Your email address will not be published. Required fields are marked *