ထူးကဲတဲ့အရသာကို လျှာထိပ်ဖျားကနေစပြီး လည်ချောင်းထဲစီးဝင်တဲ့အချိန်အထိ တမြေ့မြေ့ခံစားရရှိနိုင်စေဖို့…..

အဆင့်အတန်းမြင့်တဲ့ရှယ်ဟင်းလျာတွေကို  ? ? ?  ကိုယ်တိုင်သုံးဆောင်ချင်လို့ပဲဖြစ်ဖြစ် VIP တွေကိုဧည့်ခံချင်လို့ပဲဖြစ်ဖြစ်  ? ?  ဆိုင်ရွေးချယ်ဖို့ခေါင်းစားနေရသူတွေအတွက် Foodies Navi ကနေဟင်းလျာအစုံအလင်ကို  ? ? ?  တစ်နေရာတည်းမှာရရှိနိုင်တဲ့ Crystal Jade Kitchen ဆိုတဲ့ဆိုင်လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။  ? ?  ဒီဆိုင်လေးကိုတော့ ပန်းဘဲတန်းမြို့နယ် ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့်ရွှေတိဂုံဘုရားလမ်းထောင့်မှာရှိတဲ့ Junction City နဲ့   ? ? ?  ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ဝင်ပေါက်အမှတ်()တို့မှာ ဖွင့်လှစ်ထားတာပဲဖြစ်ပါတယ်။ ? ?

 

 

Crystal Jade Kitchen မှာဆိုရင်တော့  ?  ပါးလွှာတဲ့ဆယ်လ်လမွန်ငါးအသားလွှာ ၊  ? ?  အသင့်ပြင်ထားတဲ့ဟင်းသီးဟင်းရွက်နဲ့   ? ?  ထူးခြားတဲ့အချဉ်ပွဲတွေ ပေါင်းစပ်ဖန်တီးထားတဲ့ Cantonese စတိုင်ငါးပါဝင်တဲ့ ကံကောင်းခြင်းဆလပ်ဟင်းပွဲ  ? ?  ၊ ပါဝင်ပစ္စည်း ၊ အရသာ ၊ ပုံသဏ္ဍာန်မျိုးစုံနဲ့အရောင်အသွေးစုံလင်မှုတွေကြောင့်  ? ?  ကမ္ဘာတစ်ဝှမ်းမှာ အကောင်းဆုံးဟင်းလျာတွေအဖြစ်ရပ်တည်နေတဲ့ ဟောင်ကောင်စတိုင်ဟင်းလျာတွေ ၊  ? ?  အရည်အသွေးမြင့်ဆန်ကို လတ်ဆတ်တဲ့အသားနဲ့  ? ?  ဆေးဘဲဥတို့ကိုပေါင်းစပ်ချက်ပြုတ်ထားတဲ့  ? ?  ဝက်ဆေးဘဲဥပြုတ် ၊ လတ်ဆတ်ချိုမြနေတဲ့ပုဇွန်စစ်စစ်နဲ့  ? ?  နူးညံ့တဲ့ကြက်ဥခေါက်ဆွဲတို့ရဲ့ လိုက်ဖက်တဲ့အတွဲအစပ်တွေကြောင့်  ? ?  ဟင်းရည်နဲ့ပဲစားစား ၊ ဟင်းရည်မပါဘဲစားစား အရသာထူးခြားကောင်းမွန်တဲ့  ? ?  ပုဇွန်ဝမ်တန်ခေါက်ဆွဲ ၊ အရည်ရွှမ်းတဲ့ဝက်နံရိုးကို  ?  ဆေးဖက်ဝင်ရေမုန်ညင်းနဲ့  ?  ပေါင်းစပ်ချက်ပြုတ်ထားတဲ့ ရေမုန်ညင်းဝက်နံရိုးဟင်းရည် ၊ ဘေကျင်းမှာဘဲကင်စားနေရသလို  ? ?  ခံစားသွားစေမယ့် ပီကင်းပဲကင် စတဲ့ဟင်းလျာပေါင်းမြောက်မြားစွာကို မှာယူသုံးဆောင်နိုင်မှာပဲဖြစ်ပါတယ်။ ? ?

Crystal Jade ရဲ့ဝါရင့်စားဖိုမှူးကြီးများကိုယ်တိုင်  ??‍? ??‍?  ကျွမ်းကျင်ပိုင်နိုင်စွာချက်ပြုတ်ပြင်ဆင်ပေးတာကြောင့် အရသာကတော့တုနှိုင်းဖွယ်ရာမရှိအောင်  ? ?  ထူးခြားကောင်းမွန်လွန်းလှပါတယ်။ အရသာရဲ့အရည်အသွေး ၊ အနံ့ရဲ့အရည်အသွေး ၊ ပုံသဏ္ဍာန်ရဲ့အရည်အသွေးတွေ အပြည့်အဝပါဝင်ပေါင်းစပ်ထားတာကြောင့်  ? ?  စားသုံးသူတွေကိုစိတ်တိုင်းကျစေနိုင်မှာပါ။ နူးအိလတ်ဆတ်တဲ့အသားငါး ဟင်းသီးဟင်းရွက်ကြားထဲတိုးဝှေ့နေတဲ့ အရသာစိမ့်ဝင်မှုတွေဟာလည်း  ? ?  လျှာထိပ်ဖျားကနေစပြီး လည်ချောင်းထဲစီးဝင်တဲ့အချိန်အထိ တမြေ့မြေ့ခံစားရရှိနိုင်မှာပဲဖြစ်ပါတယ်။ ? ? ဆိုင်ဖွင့်ချိန်ကတော့    မနက်()နာရီကနေ ည()နာရီအထိပဲဖြစ်ပါတယ်။

 

 

Image Source : www.facebook.com/crystaljademyanmar

Leave A Comment

Your email address will not be published. Required fields are marked *