ချိုအိဆိမ့်မွှေးတဲ့ အုန်းနို့သာကူပြင်ကို အိမ်မှာပဲတဝကြီးလုပ်စားရအောင်

အခုတလောပေါ်ပင်အဖြစ်ဆုံးက အုန်းနို့သာကူပြင်လို့ပြောရင်မှားမယ်မထင်ပါဘူးနော်။ ဟိုလူကလည်းအုန်းနို့သာကူပြင် ၊ ဒီလူကလည်းအုန်းနို့သာကူပြင်ဆိုပြီး သာကူပြင်ခေတ်ထနေချိန်မှာ သာကူပြင်စားချင်စိတ်တွေလည်း ထိန်းသိမ်းမရနိုင်အောင် ဗလောင်ဆူနေမှာပဲနော်။ ဒီတော့ တစ်ခါတည်းမုန်းထွက်သွားအောင် ဝယ်စားမနေတော့ဘဲ တစ်မိသားစုလုံးအဝစားနိုင်ဖို့ အုန်းနို့သာကူပြင်လုပ်နည်းလေး ဝေမျှပေးမယ်နော်။

အုန်းနို့သာကူပြင်ပြုလုပ်ဖို့အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့-

  • -သာကူ(၁၀)သား
  • -အုန်းနို့ဘူးကြီး(၁)ဘူး/ဘူးသေး(၁)ဘူး
  • -သကြား(၁၀)သား
  • -ဂျုံမှုန့် ထမင်းစားဇွန်း(၄)ဇွန်း
  • -ဆားအနည်းငယ်
  • -နို့မှုန့်(၃)ထုပ်

ပြုလုပ်ပုံကတော့-

၁-သာကူကိုရေဆေးပြီး ရေစစ်ထားပါ။ ရေစစ်သွားရင်တော့ အိုးတစ်အိုးထဲထည့်ထားပါ။

၂-သာကူထည့်ထားတဲ့အိုးထဲကို အုန်းနို့ဘူးသေးဖောက်ထည့်ပါ။ ဘူးခွံပမာဏအတိုင်းရေ(၂)ခွက်ထည့်ပါ။ သကြား(၅)ကျပ်သား ၊ ဂျုံမှုန့်ထမင်းစားဇွန်းတစ်ဇွန်းရောထည့်ပြီး မီးဖိုပေါ်တင်မွှေပေးပါ။

၃-သာကူစိမပျောက်တပျောက်ဖြစ်သွားရင်တော့ မီးဖိုပေါ်ကချပြီး ဗန်းတစ်ခုထဲကိုညီညီလေးလောင်းထည့်ပါ။

၄-အိုးတစ်အိုးထဲမှာ သကြား(၅)ကျပ်သား ၊ ဂျုံမှုန့်ထမင်းစားဇွန်း(၃)ဇွန်း ၊ အုန်းနို့ဘူးကြီး(၁)ဘူး ၊ နို့မှုန့်(၃)ထုပ် ၊ ရေနို့ဆီခွက်တဝက် ၊ ဆားအနည်းငယ်တို့ကိုရောထည့်ပြီး ပါဝင်ပစ္စည်းတွေအရည်ပျော်တဲ့အထိမွှေပေးပါ။ အကုန်ပျော်ပြီးပျစ်ပျစ်လေးဖြစ်သွားရင်တော့ သာကူထည့်ထားတဲ့ဗန်းထဲကို သာကူအပေါ်ယံကနေလောင်းထည့်ပေးပါ။

၅- Oven အပူချိန် (၂၀၀)လောက်မှာ မိနစ်(၂၀)လောက်ထားလိုက်ရင်တော့ တကယ့်ကိုအရသာရှိတဲ့ အုန်းနို့သာကူပြင်ပူပူနွေးနွေးလေးစားလို့ရပါပြီနော်။

Leave A Comment

Your email address will not be published. Required fields are marked *