စင်ကာပူမှာနာမည်ကျော်လူကြိုက်များပြီးသား Chong Qing Grilled Fish ကိုရန်ကုန်မှာတင်စားလို့ရပြီနော်

စင်ကာပူနိုင်ငံမှာ နာမည်ရလူကြိုက်များပြီးသား ငါးကင်လက်ရာတွေကို ရန်ကုန်မှာတင်သုံးဆောင်နိုင်စေဖို့အတွက် Chong Qing Grilled Fish ဆိုတဲ့ဆိုင်လေးအကြောင်းကို ပြောပြပေးချင်ပါတယ်။ တရုတ်နိုင်ငံ စီချွမ်းပြည်နယ်ရဲ့ ဓလေ့ရိုးရာစီမံပြုလုပ်မှုတွေကိုအခြေခံကာ မီးသွေးကိုအသုံးပြုပြီး စိတ်ရှည်လက်ရှည်ကင်ပေးထားတာကြောင့် ငါးကင်ရဲ့အတွင်းသားအလွှာထဲအထိ မွမွကျက်ကျက်လေးဖြစ်နေပြီး ဟင်းပွဲအနေနဲ့ချက်ပြုတ်ပြင်ဆင်ထားရာမှာ ဟင်းရည်ရဲ့အစပ်အဟပ်တည့်လှတဲ့ ရှူးရှဲအရသာတွေကြောင့်  ကျော်ကြားနေတဲ့ Grilled Fish အစပ်နဲ့အတူ စီချွမ်းစတိုင်ဟင်းလျာ(၄၀)နီးပါးကို ခံတွင်းတွေ့စွာစားသုံးနိုင်ဦးမယ့်ဆိုင်လေးပါ။

 

Chong Qing Grilled Fish ကိုမှာစားမယ်ဆိုရင်တော့ ပထမဦးဆုံးကြိုက်နှစ်သက်ရာ ငါးအမျိုးအစားကိုရွေးချယ်ရမှာပါ။ ရောင်းအားအကောင်းဆုံးနဲ့လူကြိုက်အများဆုံးဖြစ်ပြီး အရိုးနည်းပြီးအသားများတဲ့ ကက္ကတစ်ငါး ၊ ကော်လဂျင်ဓာတ်များပြီး ချိုသောအရသာရှိတဲ့ ငါးပါးနီ ၊ အရိုးနည်းအသားများတဲ့ ငါးအကောင်ကြီးလိုချင်ရင်တော့ ငါးကြင်း ၊ အဆီနည်းပြီး အသားဓာတ်ကြွယ်ဝကာ အသက်အရွယ်မရွေးစားသုံးနိုင်တဲ့ တီလားဗီးယားငါးဆိုပြီး ကြိုက်နှစ်သက်တဲ့ငါးကိုရွေးချယ်ပါ။ ဒုတိယအနေနဲ့ကတော့ ထုံသောအရသာ ၊ ချဉ်စပ်အရသာ ၊  ကြံမဆိုင်အရသာ ၊ ချဉ်သောအရသာ ၊ ပဲစေ့နက်အရသာ ၊ ချိုသောအရသာဆိုပြီး ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ Spicy  Level ကိုတော့ Mild ၊ Medium ၊ Extreme ဆိုပြီး ၃ဆင့်ရွေးချယ်နိုင်မှာပါ။ ချက်ပြုတ်ရမှာပါဝင်မယ့် မုန်ညင်းဖြူ ၊ ဆန်မှုန့် ၊ ကြာစွယ် ၊ ပင်လယ်မှော် ၊ တရုတ်နံနံ ၊ အာလူးချောင်း ၊ မှိုမဲခြောက် ၊ ပဲလိပ်ခေါက် ၊ ဂျုံခေါက်ဆွဲ စတဲ့အရံဟင်းတွေကိုလည်း စိတ်တိုင်းကျရွေးချယ်ပေးနိုင်ပြီး Customer ရွေးချယ်ထားတဲ့ငါး ၊ အရသာ ၊ ပါဝင်ပစ္စည်းတွေကိုသာ အသုံးပြုပြီးအကောင်းဆုံး ပြင်ဆင်ချက်ပြုတ်ပေးမှာဆိုတော့ လျှာနဲ့ကွက်တိကျစေမယ့်အရသာခံစားရင်း တဝကြီးစားသုံးနိုင်မှာဖြစ်ပါတယ်။

Chong Qing Grilled Fish ဆိုင်ကိုတော့ ပြည်လမ်းနဲ့မင်းရဲကျော်စွာလမ်းထောင့်မှာရှိတဲ့ City Mall St.John မှာသွားရောက်သုံးဆောင်နိုင်မှာဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ မနက်(၁၀)နာရီခွဲကနေ ည(၁၀)နာရီအထိပဲဖြစ်ပါတယ်။

 

Image Source: www.facebook.com/chongqinggrilledfish

 

Leave A Comment

Your email address will not be published. Required fields are marked *