တစ်မူထူးခြားတဲ့ စပ်စပ်ထုံထုံအရသာလေးကြောင့် ရေပန်းစားနေတဲ့ Chilli Pot……………

အထုံအရသာလေးတွေကြောင့်  ? ? ?   အခုတလော အစားတစ်လိုင်းတို့လျှာဖျားစွဲနေတာကတော့  ? ? ?   မာလာရှမ်းကောဖြစ်ပါတယ်။ မာလာရှမ်းကောဆိုတာ တရုတ်နိုင်ငံဆီချွမ်းဒေသရဲ့ ရိုးရာအစားအစာတစ်ခုဖြစ်ပါတယ်။  ✌? ✌? ✌?   ထုံထုံရှိန်ရှိန်လေးနဲ့အရသာက အစားတစ်လိုင်းတို့ကို မစားရမနေနိုင်အောင် အပြတ်စွဲဆောင်ထားနိုင်ပါတယ်။  ? ? ?   ဒါကြောင့်ဒီတစ်ခါမှာတော့ Foodies Navi ကနေမာလာရှမ်းကောမှာ အရသာထူးပြီးနာမည်ကျော်နေတဲ့ Chilli Pot ဆိုတဲ့ဆိုင်လေးအကြောင်းကိုပြောပြပေးချင်ပါတယ်။  ? ? ?   Chilli Pot ကိုတော့ ဒဂုံမြို့နယ် ၊ ယောမင်းကြီးရပ်ကွက် ၊ နဝဒေးလမ်းမှာသွားရောက်သုံးဆောင်နိုင်သလို Junction Square တတိယထပ်မှာလည်း သွားရောက်သုံးဆောင်နိုင်ပါတယ်နော်။ ? ? ? ? ?

 

Chilli Pot မှာတော့ မာလာရှမ်းကောကိုအဓိကထားရနိုင်သလို  ? ? ? ? ?    ဆီချွမ်းစတိုင်ဟင်းလျာတွေကိုလည်း ရရှိနိုင်ပါတယ်။  ? ? ?   မာလာရှမ်းကောသုံးဆောင်မယ်ဆိုရင် ကောင်တာမှာရှိတဲ့  ? ? ? ??   ပင်လယ်စာ၊ အသားလုံး ၊  ? ? ? ? ?   ဟင်းသီးဟင်းရွက် ၊ မာလာခေါက်ဆွဲ ၊  မှို စတဲ့ပါဝင်ပစ္စည်းတွေကို စိတ်ကြိုက်ရွေးချယ်နိုင်မှာဖြစ်ပါတယ်။  ? ? ? ကိုယ်ရွေးချယ်တဲ့ Gram အတိုင်းစျေးနှုန်းကျသင့်မှာဖြစ်ပါတယ်။ ?? ?? ??  အရသာအနေနဲ့လည်း Normal , Medium , Extra ဆိုပြီးကိုယ်စားနိုင်တဲ့ အစပ် level ကိုရွေးချယ်နိုင်မှာပဲဖြစ်ပါတယ်။ ? ? ?

Chilli Pot မှာရရှိနိုင်တာတွေကတော့  ? ? ? ? ? ? ?   ဆီချွမ်းစတိုင်မာလာရှမ်းကော ၊ ဆီချွမ်းစတိုင်ငါးကင် ၊ ပင်လယ်စာမာလာချက် ၊ ဆီချွမ်းကြံမဆိုင်ဟင်းရည်တွေကိုရရှိနိုင်မှာဖြစ်ပါတယ်။  ? ? ?  အရသာထူးခြားကောင်းမွန်ပြီး ဒီဇိုင်းလန်းတဲ့ သစ်သီးဖျော်ရည်တွေကိုလည်းရရှိနိုင်မှာဖြစ်ပါတယ်။  ? ? ? ? ?   နူးအိတဲ့အသားငါးနဲ့  ? ? ? ? ? ?   ဟင်းသီးဟင်းရွက်တွေကို လတ်လတ်ဆတ်ဆတ်ကြီး သုံးဆောင်နိုင်မှာပဲဖြစ်ပါတယ်။  ? ? ?   အစပ်အထုံကိုမှကြိုက်ပါတယ်ဆိုတဲ့ အစားတစ်လိုင်းတွေအတွက် တစ်ခါစားဖူးရုံနဲ့ တစ်သက်စွဲလမ်းသွားစေမှာပါနော်။  ? ? ?  အကြာကြီးစောင့်စရာမလိုဘဲပြေပြစ်ကောင်းမွန်တဲ့ဝန်ဆောင်မှုတွေကြောင့်စိတ်ကျေနပ်မှုအပြည့်အဝရရှိစေနိုင်မှာအသေအချာပါပဲနော်။

Image Source : www.facebook.com/chillipot

Leave A Comment

Your email address will not be published. Required fields are marked *