ညစ်နွမ်းတာတွေပြေပျောက်ပြီး ပေါ့ပါးလန်းဆန်းသွားစေမယ့် Cheerspub…

တစ်နေ့တာရဲ့ညစ်နွမ်းမှုတွေကို ဖြေဖျောက်ရင်း သံစဉ်လေးတွေကိုလွင့်မျောခံစားကာ လွတ်လွတ်လပ်လပ် ပျော်ပျော်ပါးပါးစားသောက်နိုင်မယ့် နေရာကောင်းတစ်ခုကို Foodies Navi ကနေ လမ်းညွှန်ပေးချင်ပါတယ်။ အဆောက်အဦးရဲ့အပေါ်ဆုံးထပ်မှာ လေတဖြူးဖြူးလေးနဲ့ unplugged Music လေးတွေကိုခံစားနားဆင်ကာ ဘီယာ/ကော့တေးလေးကို သောက်သုံးပြီး BBQ လေးကိုငြိမ့်ငြိမ့်ညောင်းညောင်း ဇိမ်ကျကျသုံးဆောင်နိုင်မယ့် Cheerspub ဆိုတဲ့ဆိုင်လေးဖြစ်ပါတယ်။ ဒီဆိုင်လေးကိုတော့ (၆၃)လမ်း ၊ လမ်း(၄၀)နှင့်(၄၁)လမ်းကြား ၊ မန္တလေးမှာဖွင့်လှစ်ထားတာဖြစ်ပါတယ်။

လျှာပေါ်မှာအရသာပျော်ကျသွားတယ်လို့ထင်မှတ်ရလောက်အောင်အသားနှပ်ထားတဲ့အရသာကအပိုအလိုမရှိကွက်တိဖြစ်နေပြီးအမဲလျှာရဲ့သိပ်သည်းတဲ့အရသာကိုထိထိမိမိလေးခံစားရစေမယ့်အမဲလျှာကင်၊  ငါးရဲ့လတ်ဆတ်တဲ့အရသာတွေပျောက်မသွားဘဲ ငါးအသားလွှာချိုချိုစိမ့်စိမ့်လေးကို အရသာစိမ့်ဝင်နေအောင်ကင်ထာပြီး ရနံ့မွှေးမွှေးလေးရရှိနေစေမယ့် ငါးကင် ၊ နူးညံ့တဲ့တောကြက်လေးကို နူးနူးအိအိလေးဖြစ်သွားအောင် အရွက်အသီးအစုံ  ချိုချဉ်ငံစပ်အရသာအစုံနဲ့ မြေအိုးလေးထဲမှာ ထည့်ပေါင်းထားတာကြောင့် လုံးဝလျှာလည်သွားစေမယ့် တောကြက်မြေအိုး စတဲ့စားသောက်ဖွယ်ရာတွေကို ဘီယာ/ကော့တေးတွေနဲ့အတူ ရှယ်မြည်းနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Cheerspub ကနေအမဲမျှစ်ချဉ်ဟင်းရည်လေးကိုပါလက်ဆောင်ပေးသေးတယ်ဆိုတော့ဘယ်လောက်ပြီးပြည့်စုံစွာသုံးဆောင်နိုင်မလဲဆိုတာကိုအထွေအထူးမိတ်ဆက်နေစရာမလိုတော့ပါဘူးနော်။

တခြားဆိုင်ကြီးတွေလိုမျိုး Tables chargers တွေ Service Charges တွေလုံးဝပေးစရာမလိုဘူးပါဘူး။ ကဲဒီတော့….. စိတ်ညစ်နွမ်းမှုတွေကို တစ်ခဏတာပေါ့ပါးလန်းဆန်းမှုတွေနဲ့ ဖြေဖျောက်အပန်းဖြေစေနိုင်ဖို့အတွက် Cheerspub ကိုသွားရောက်သုံးဆောင်ကြည့်ကြဖို့ အကြံကောင်းလေးပေးလိုက်ပါတယ်နော်။

Image Source: www.facebook.com/cheerspub

Leave A Comment

Your email address will not be published. Required fields are marked *