ဘာပဲဝယ်ဝယ် Bill စာရွက်လေးကို ပြန်စစ်ကြည့်စေချင်…..

ခေတ်စနစ်တွေတိုးတက်လာတာနဲ့အမျှ စားသောက်ဆိုင်တွေမှာသွားစားရင် ကျသင့်ငွေကို ငွေသားတွေကိုင်မရှင်းတော့ဘဲ ကတ်တွေကိုသာအသုံးပြုပြီး ငွေပေးချေကြတဲ့စနစ်က တော်တော်လေးကိုကျယ်ပြန့်လာခဲ့ပါပြီ။ နောက်ပိုင်းအသစ်ဖွင့်လာတဲ့ စားသောက်ဆိုင်တော်တော်များများမှာလည်း ဒီလိုငွေရှင်းတဲ့စနစ်ကို တော်တော်လေးအသုံးပြုလာကြပါပြီ။ ကိုယ်တိုင်ကတော့ ကတ်နဲ့ရှင်းပြီးရင်စာရင်းတိကျတယ်ထင်ပြီး ပြန်မစစ်တတ်တာသဘာဝပါပဲ။ ဒါပေမယ့် Cashier ကနေ ကျသင့်ငွေစာရင်းရိုက်ထည့်ရာမှာ ချွတ်ချော်မှုရှိလာနိုင်ပါတယ်။

အချိန်တိုင်းမှားနေတာမျိုးမဟုတ်ပေမယ့် လူတိုင်းအမှားနဲ့မကင်းနိုင်ဘူးဆိုတော့ နှစ်ဉီးနှစ်ဖက်လုံးအဆင်ပြေအောင် ကိုယ်တိုင်ပိုက်ဆံရှင်းပြီးတိုင်း Bill စာရွက်ကိုစစ်ကြည့်ဖို့လုံးဝမမေ့ပါနဲ့နော်။ ငယ်ငယ်ကသင်္ချာပုစ္ဆာတွေတွက်ခဲ့တုန်းကလိုပေါ့ သုညတစ်လုံးလေးပိုသွားတာက အဖြေတစ်ခုလုံးကိုလုံးဝလွဲသွားစေသလိုမျိုးပါပဲ။ သုညကရှေ့မှာသွားပေါင်းရင် တန်ဖိုးမရှိပေမယ့် နောက်မှာသွားပေါင်းလိုက်ရင်တော့ ထောင်ဂဏန်းကနေ သောင်းဂဏန်း ၊ သောင်းဂဏန်းကနေ သိန်းဂဏန်းထိပြောင်းသွားနိုင်တာမို့ သုညတွေကို အဓိကရေတွက်ကြည့်ဖို့ လိုအပ်ပါတယ်။ တချို့တွေကျ ကျသင့်ငွေကိုတော့ပြန်စစ်ပါရဲ့ ရှေ့ဂဏန်းတွေအတိအကျမှန်နေတာနဲ့ မှန်ပြီထင်ပြီးစာရွက်ကိုလွှင့်ပစ်တတ်သူတွေလည်းရှိပါသေးတယ်။

အခုတလော Facebook မှာဂယက်ထနေတဲ့ Post တစ်ခုလိုပါပဲ။ စားသောက်ဆိုင်တစ်ခုမှာသွားစားရင်း ကျသင့်ငွေ(၃)သောင်းကျော်ကို ကတ်နဲ့ရှင်းလိုက်တာ ဂဏန်း(၂)လုံးပိုထည့်မိသွားလို့ bill မှာသိန်း(၃၀)ကျော်ဖြတ်သွားခဲ့တာက တကယ်နမူနာယူဖို့ကောင်းတဲ့ ဥပမာတစ်ခုပါပဲ။ တကယ်လို့သတိမထားမိခဲ့ဘဲ Bill စာရွက်လည်းလွှင့်ပစ်ခဲ့မိမယ်ဆိုရင် အလုပ်တော်တော်ရှုပ်ဦးမှာပါ။ အက်မင်ကိုယ်တိုင်လည်း Super Market တစ်ခုမှာဈေးသွားဝယ်ရင်း ငွေသားနဲ့လက်ငင်းရှင်းတာတောင် item ၂ခုကို ၃ခုဆိုပြီးတွက်ထားလို့ ပြန်ရှင်းခဲ့ရဖူးပါတယ်။ ဒီတော့ ဘယ်နေရာမှာ ဘယ်လိုပဲဝယ်ဝယ် Bill ကိုသေချာစစ်ကြဖို့ စေတနာနဲ့အကြံဉာဏ်ကောင်းလေးပေးချင်ပါတယ်နော် ။

Leave A Comment

Your email address will not be published. Required fields are marked *